>>>>>>> ကျွန်ုပ် တို့ ၏ ယုံကြည်ကိုးကွယ်ရာ ဖြစ်တော်မူသော အလုံးစုံသောတရားအပေါင်းကို ကိုယ်တော်တိုင်ကျင့်၍အကြွင်းမကျန်အကုန်သိမြင်တော်မူသော ဗုဒ္ဓမြတ်စွာဘုရား..။ <<<<<<

Friday, October 12, 2012

ဆီးချို ( diabetes ) ရောဂါအကြောင်း .....



ဆီးချိုရောဂါ ကို အင်္ဂလိပ် ဆေးပညာ စကားလုံးနှင့် Diabetes mellitus ( ဒိုင်အာဘိတိစ် မလိုက်တပ်စ်) ဟု ခေါ်သည်။ ဆီးချိုရောဂါ သည် ခန္ဓာကိုယ်အတွင်းရှိ ဂလူးကိုစ့်ဓာတ်(Glucose) များနှင့် ပတ်သက်သော ဇီဝဓာတုမက်တာဘိုးလစ်ဖြစ်စဉ် (metabolism) တစ်ခု ကမောက်ကမ ဖြစ်သည့်အတွက် ဖြစ်ပေါ်ရသော ဝေဒနာစု တစ်ခု ဖြစ်ပါသည်။ ဆီးချို ရောဂါ ဖြစ်လေ့ရှိသော အကြောင်းရင်းနှစ်ချက်မှာ (၁)မျိုးရိုးဗီဇ

(Genetic )/မျိုးရိုးလိုက်ခြင်း (hereditary) နှင့် (၂)အနေအထိုင်ဘ၀ ပတ်ဝန်းကျင် တို့ ဖြစ်ပါသည်။ (ဤနေရာတွင် အနေအထိုင် ဘ၀ ပတ်ဝန်းကျင် ဆိုသည်မှာ အထိုင်များခြင်း၊ အ၀လွန် အစားအစာ များ စားသောက်ခြင်းတို့ကဲ့သို့ အလွန်အမင်း ဇိမ်ကျကျ နေထိုင်မှုမျိုးကို ဆိုလိုသည်။ မျိုးရိုးဗီဇ၏ အပြစ် မဟုတ်ပါဘဲ မိမိ၏ နေပုံထိုင်ပုံ အဆင်မပြေ အချိုးမကျ၍ ဆီးချို ဖြစ်ရခြင်းကို ဆိုလိုပါသည်။)

ယင်းအထက်ပါ အချက်များ ပုံစံတကျ မဖြစ်သောအခါ ခန္ဓာကိုယ်၏ ဂလူးကိုစ့်ဓာတ် (သကြားဓာတ်)နှင့် ပတ်သက်သည့် ဇီဝကမ္မဖြစ်စဉ် ချို့ယွင်း ဖောက်ပြန် သွားသည်။ ထိုအခါ လူ့ကိုယ်ခန္ဓာ၏ သွေးထဲမှာ သကြားဓာတ် ပမာဏအဆင့် မြင့်တက် လာပါသည်။ ထိုကဲ့သို့ မြင့်တက်လာခြင်းကို အင်္ဂလိပ် ဆေးပညာ စကားလုံးနှင့် (hyperglycemia ဟိုက်ပါဂလိုက်ဆီးမီးယား) ဟု ခေါ်သည်။

သွေးထဲတွင်ရှိသော သကြားဓာတ် ပမာဏကို ထိန်းချုပ်သည့် ပစ္စည်းများမှာ လူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဓာတုပစ္စည်း များနှင့် ဟိုမုန်းများ ဖြစ်သည်။ ဟိုမုန်းများအနက် အစာအိမ်၏ အောက်တွင် ကပ်လျက် တည်ရှိနေသော ပန်ကရိယ (pancreas )၏ ဘီတာဆဲလ်( beta-cell)မှ ထုတ်လုပ်သော အင်ဆူလင်(INSULIN) ဟိုမုန်း သည် အရေးကြီး၏။

ဆီးချိုဟူသော အဓိပ္ပါယ်ကို ပြန်ကောက်ရလျှင် ဆီးချိုဆိုသည်မှာ ခန္ဓာကိုယ်တွင်ရှိသော အင်ဆူလင်ဟိုမုန်း ထုတ်လုပ်မှု ချို့ယွင်းနည်းပါးသွားခြင်း သို့မဟုတ် အင်ဆူလင်ဟိုမုန်း၏ အစွမ်းသတ္တိ ချို့ယွင်း နည်းပါးသွားခြင်းကို ခေါ်ဝေါ်ခြင်း ဖြစ်သည်။

လူတစ်ဦး၏ ဆီးချိုရောဂါသည် အင်ဆူလင်ဟိုမုန်း ထုတ်လုပ်မှု ချို့ယွင်းနည်းပါးမှုကြောင့် ဖြစ်ခဲ့လျှင် ယင်းဆီးချိုကို ဆီးချိုအမျိုးအစား-၁ ဟု ခေါ်ဝေါ်သည်။ အကယ်၍ အင်ဆူလင် ဟိုမုန်း ပုံမှန်ထုတ်ပါလျက် အင်ဆူလင် ဟိုမုန်း၏ အစွမ်းသတ္တိ ထိရောက်စွာ မပြနိုင်ခြင်းကြောင့် ဆီးချိုဖြစ်ရတာမျိုးဆိုရင် ဆီးချိုအမျိုးအစား-၂ ဟုခေါ်သည်။ နောက်တစ်ချက်မှာ ကိုယ်ဝန်ကြောင့်ဖြစ်သော ဆီးချို (Gestational DM)ဖြစ်သည်။ အင်ဆူလင် ထုတ်လုပ်မှုနည်းပါးခြင်းပဲဖြစ်ဖြစ် အင်ဆူလင် အစွမ်းသတ္တိမပြနိုင်ခြင်းပဲဖြစ်ဖြစ် နှစ်မျိုးစလုံးသည် သွေးထဲ က သကြားဓာတ် ပမာဏကို တက်စေသည်။ သွေးထဲက သကြားဓာတ် ပမာဏကို တက်စေရင်းနှင့် အဓိကရောဂါ လက္ခဏာတွေ ဖြစ်ပေါ်စေပါသည်။

့ ၄င်းတို့ကား

(၁) ဆီးသွားတာများခြင်း၊
(၂) ဆီးသွားများလို့ ရေငတ်ခြင်း ရေအများအပြားသောက်ခြင်း၊
(၃) အမြင်အာရုံ ကျဆင်းေ၀၀ါးခြင်း၊
(၄) အကြောင်းမဲ့ ပိန်ခြင်း၊
(၅) မအီမသာဖြစ်ခြင်း နဲ့
အခြားလက္ခဏာတွေ ပဲဖြစ်ပါတယ်။

မည်သည့် ဆီးချိုအမျိုးအစားကိုမဆို ဝေဒနာ မခံစားရအောင် ထိန်းချုပ်ကုသ နိုင်သည်။ ၁၉၂၁ တွင် အင်ဆူလင် ပေါ်လာကတည်းက ကြပ်မတ်စွာ ကုသနေနိုင်ခဲ့ပါသည်။ သို့သော် လုံးဝ ပျောက်ကင်းအောင် ကုသဖို့တော့ မဖြစ်နိုင်သေးပေ။ ဆီးချိုအမျိုးအစား -၁ တွင် အင်ဆူလင် ထိုးခြင်း၊ အင်ဆူလင်ပမ့် (pump) နဲ့ကုသခြင်း စသည့် ကုထုံးများဖြင့် ရောဂါ ဝေဒနာတွေ မခံစားရဘဲ နေ့စဉ် လုပ်ငန်းဆောင်တာ တွေကို အများနည်းတူ ဆောင်ရွက်နိုင်အောင် ထိန်းသိမ်းကုသနိုင် ပါသည်။ အမျိုးအစား၂ တွင်မူ အစားအသောက် ထိန်းသိမ်းမှုပိုင်း၊ လေ့ကျင့်ခန်း ပြုလုပ်ခြင်း အပိုင်းများနှင့် သောက်ဆေးဖြင့် ကုသခြင်း (Oral hypoglycaemic drugs) အပိုင်း၊ အင်ဆူလင် ဖြင့်ကုသခြင်း အပိုင်းများနဲ့ ထိန်းချုပ် ကုသနိုင်ပါတယ်။

ဆီးချိုရောဂါနှင့်အတူ ယင်းကိုကုသသည့် ကုထုံးများကြောင့် ရောဂါ နောက်ဆက်တွဲများ ရှိလာတတ်သည်။ ဥပမာအားဖြင့် အချိန်တို အတွင်း( မိနစ်ပိုင်းမှ နာရီပိုင်း ရက်ပိုင်းအတွင်း) ဖြစ်တတ်သော နောက်ဆက်တွဲ ရောဂါ အဆစ်ကလေးများ အနေနှင့်- သွေးထဲက သကြားပမာဏ ရုတ်တရက် အလွန်အမင်း ကျဆင်းသွားခြင်း (Hypoglycaemia) ကီတုန်း လို့ခေါ်တဲ့ ဓာတုပစ္စည်းတွေ ထွက်ပြီး ခန္ဓာကိုယ် မှာ အက်ဆစ် ဓာတ်တွေ များလာခြင်း (Diabetic Ketoacidosis)၊ အက်ဆစ်ဓာတ်မများပဲ ကိုယ်ခန္ဓာရေဆွဲအား တက်လာလို့ ကိုမာဟု ခေါ်သော သတိမေ့မြောရောဂါ ဖြစ်ခြင်း (Non-ketotic hyperosmolar coma) တို့ ဖြစ်တတ်သည်။

အက်ဆစ်မများဘဲ သကြားဓာတ်အလွန်အမင်းများက သကြားဓာတ်က ရေဆွဲအားများ၍ ကိုမာ ဖြစ်ခြင်းမျိုး (Non-ketotic hyperosmolar coma) နှင့် သကြားဓာတ်များကာ ကီတုန်းဆက်စပ် အက်ဆစ်ဓာတ်များခြင်း (ketoacidosis) မျိုးမှာ သေသေချာချာ ထိရောက်သော ကုသမှုမျိုးကို မယူရသေး၍ ဖြစ်နိုင်ပါသည်။

ရောဂါကြောင့် ဖြစ်ပေါ်သည့် အချိန်ကြာမှ ဖြစ်ပေါ်တတ်သည့် နောက်ဆက်တွဲ ရောဂါများမှာ နှလုံးနဲ့ သွေးကြော ဆိုင်ရာရောဂါများ (cardiovascular) ကျောက်ကပ် ပျက်ဆီးခြင်းမျာ (nephropathy)၊ ကျောက်ကပ် လုံးဝ အလုပ်မလုပ်နိုင် ကျဆုံးခြင်းများ (renal failure) မျက်လုံး အတွင်းပိုင်း ရက်တီနာ ဟု ခေါ်တဲ့ အမြင်လွှာစုစည်းသည့် အာရုံခံ ပစ္စည်း ပျက်စီးခြင်းများ (retinopathy) ခန္ဓာကိုယ် အနှံ့က ပူအေးထိတွေ့ စသည်တို့ကို သိသည့် အာရုံကြောနှင့် ကိုယ်လက် လှုပ်ရှားမှုကို ထိန်းတဲ့ အာရုံကြောတွေ ပျက်စီးတာတွေ ဖြစ်နိုင်ပါသည်။

ထို့နောက် အနာကျက်တာနှေး ခြင်း အမျိုးသားများတွင် ပန်းသေပန်းညှိုးခြင်း စသည့် ရောဂါဝေဒနာများ ဖြစ်ပေါ်နိုင်ပါသည်။

ခြေထောက်များမှာ အနာကျက်နှေးသည့်အတွက် နောက်ပိုင်း အသားများပုပ်ဆွေးခြင်းများ မှသည် ခြေထောက် ဖြတ်ပစ်ရခြင်း မျိုးများလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ သို့သော် လုံလောက်သည့် ဆီးချို ကုသမှုနှင့် သွေးတိုးရောဂါကိုလည်း ထိန်းသိမ်း၊ အနေအထိုင် ဘ၀၀န်းကျင်ကိုလည်း ကောင်းအောင်မွန်အောင် ပြောင်းလိုက်နိုင်လျှင် (ဥပမာ ဆေးလိပ် ဖြတ်တာတို့ ခန္ဓာကိုယ် အလေးချိန်ကို ထိန်းသိမ်း နိုင်တာတို့ လုပ်နိုင်လျှင်) ယခင်က ပြောခဲ့သော အချိန်ကြာမြင့်မှ ပေါ်ပေါက်မည့် ရောဂါ နောက်ဆက်တွဲ များကို အထိုက်အလျောက် တားဆီးနိုင်ပါ၏။

ဖွံ့ဖြိုးပြီး နိုင်ငံများတွင်မူ ဆီးချိုသည် လူလတ်ပိုင်း အရွယ်တွေ မျက်စိကွယ်ရခြင်း၏ အဓိက အကြောင်းအရင်း ဖြစ်နေပြီးတော့ ထိခိုက် ဒဏ်ရာ တစ်စုံတစ်ရာ မဖြစ်ဘဲ ခြေထောက်ဖြတ်ပစ်လိုက် ရခြင်း၏ အဓိက အကြောင်း အရင်းတစ်ရပ်လည်း ဖြစ်နေပြန်ပါသည်။

ဆီးချို ရောဂါဖြစ်နေ သူ၏ နောက်ဆက်တွဲ ဆိုးကျိုးများ .........




မေး- ဒီရောဂါကို မကုသခဲ့ရင် နောက်ဆက်တွဲ ဆိုးကျိုးဘာတွေဖြစ် တတ်ပါသလဲ။
ဖြေ-ဆီးချိုရောဂါ ကောင်းကောင်း ထိန်းထားနိုင်ရန် ဆီးချို ဆိပ်တက်ခြင်းနဲ့ ရောဂါပိုးဝင်ခြင်းအဖြစ်နည်း တတ်ပါ တယ်။ မျက်စိထိခိုက်ခြင်း၊ ကျောက် ကပ်ထိခိုက်ခြင်း၊ အာရုံကြောထိခိုက် ခြင်း၊ နှလုံးထိခိုက်ခြင်း၊ ဦးနှောက်ထိ ခိုက်ခြင်းစတာတွေကိုဖြစ်စေတတ်ပါ တယ်။ သိပ်ကြောက်ပြီး အချိုဓာတ်ကိ
ု ထိန်းလွန်းပြန်ရင်လည်းသွေးအချိုဓာတ် ကျတာတွေဖြစ်တတ်ပါတယ်။

မေး-အချိုဓာတ်ထိမ်းတဲ့နေရာမှာ အကျိုးသက်ရောက်စေတဲ့ အချက်တွေ ရှိလျှင် သိလိုပါတယ်။
ဖြေ-
၁။ ရောဂါကုနေစဉ်မှာနေထိုင် မကောင်းဖြစ်ရင် လူနာရဲ့ ဇီဝလိုအပ် ချက်တွေပြောင်းလဲသွားစေနိုင်ပါတယ်။ အဲဒီနေထိုင်မကောင်းတာ သိပ်ဆိုးရွား ရင် ဥပမာ နှလုံးသွေးကြောကျဉ်းထိ ခိုက်မှုဖြစ်ရင် ဆီးချိုသောက်ဆေးအစား အင်ဆူလင်ကို အစားထိုးသုံးရပါတယ်။ ပိုးဝင်တဲ့အတွက်ကြောင့် ခါတိုင်းထိုးနေ ကျ အင်ဆူလင်ဟာ ၂ဝ-၅ဝ ရာခိုင်နှုန်း ပိုလိုလာပါတယ်။

၂။ ခွဲစိတ်ကုသခြင်း

၃။ ဓမ္မတာနဲ့ သန္ဓေတားဆေး ကြောင့် အင်ဆူလင်လိုအပ်ချက် အနည်းငယ်ပိုလိုပါတယ်။

၎။ စတီးရွိက် PREONISOLONE ဆေးတွေသောက် ရင် အင်ဆူလင်ပိုလိုအပ်ပါတယ်။

၅။ ကိုယ်ဝနဆောင်စဉ် ကိုယ်ဝန် စတင်တည်တဲ့ ပထမ (၃)လမှာ မွေး ရာ အင်္ဂါချွတ်ယွင်းခြင်းဖြစ်တဲ့အတွက် အချိုဓာတ်ကို ကောင်းကောင်းထိန်းရပါ မယ်။ ၃ လကျော်ပြီးရင် အင်ဆူလင် နည်းနည်းချင်းစီပိုပိုတိုးရပါတယ်။ နို့တိုက်စဉ် ပထမ (၆) ပတ်မှာ အင်ဆူ လင်လိုအပ်ချက်နည်းသွားပါတယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ ဆီးကိုချက်ပြီး ဆီးချိုစစ်ဆေးခြင်းထက် သွေးအချို ဓာတ်ကိုစက်နဲ့ဘဲစစ်သင့်ပါတယ်။

၆။ ဆေးဝါးများ ဖြစ်ကြတဲ့ သွေးပေါင်ကျဆေး $ ဘီတာ Blocker သောက်ထားရင် အင်ဆူလင်ထိုးဆေး ကြောင့် သွေးအချိုဓာတ်ကျတာကို ကြာ စေနိုင်ခြင်းနှင့် သတိပြုမှုနည်းစေနိုင်တဲ့ အတွက် blsoprolol ဆေးကိုသုံးကြပါ တယ်။

Thiazide ဆီးဆေးသောက်တာ များရင် ဆီးချိုရောဂါကို ပိုဆိုးစေပါ တယ်။ အစာအိမ်လေဆေးဖြစ်တဲ့ Cimetidine သောက်ထားရင် ဆီးချိုကျ ဆေး (Metformin) ရဲ့ အာနိသင်ပို တက်စေပါတယ်။

အရက်ကလည်း ဆီး ချိုသောက်ဆေးရဲ့ စွမ်းအားကိုပိုတက်စေ လို့ သွေးအချိုဓာတ်ကိုနည်းစေပါတယ်။ Salicylate အကိုက်အခဲပျောက်ဆေးက အင်ဆူလင်ရဲ့ စွမ်းရည်ကို ပိုတက်စေ ပါတယ်။

မေး-ကိုယ်ဝန်ဆောင်မိခင်မှာ သွေး
အချိုဓာတ်တက်ရင်ကလေးကိုဘယ်လို ထိခိုက်စေတတ်ပါသလဲ ဖြေ-မိခင်ရဲ့သွေးအချိုဓာတ်ထက် တဲ့အတွက်ကလေးရဲ့ မုန့်ချိုအိတ်ထိခိုက် ခြင်း၊ ကြီးထွားလွန်းသောကလေးဖြစ် ခြင်း မီးတွင်းမှာ ကလေးကသွေးအချို ဓာတ်လျော့နည်းခြင်းဖြစ်တတ်ပါတယ်။

မေး-နေ့မစေ့/လမစေ့ ကလေးများ နဲ့ ဆီးချိုအကြောင်းသိလိုပါတယ်။
ဖြေ- လမစေ့ကလေးကိုမွေးရင်သုံး တတ်တဲ့ ဘီတာ ၂ ကို လုံ့ဆော်တဲ့ ဆေးနဲ့ Dexamethazone က နေ့မစေ့ လမစေ့ ကလေးတွေမှာဖြစ်တတ်တဲ့ အသက်ရှူမှုခက်ခဲတဲ့ ရောဂါကို ကုသ ပေးနိုင်ပါတယ်။ အဲဒီဆေးတွေကို သုံးတဲ့ အတွက်ကလေးမှာ သွေးအချိုဓာတ်တွေ ထက်မယ်။ အင်ဆူလင်လိုအပ်ချက်တွေ ပိုလာပါလိမ့်မယ်။

မေး- ဆီးချိုရောဂါရှိတဲ့သူဟာ ခွဲ စိပ်ကုသမှုခံယူလို့ရပါသလား။
ဖြေ- Type I ဆီးချိုရောဂါရှိပြီး အမြန်ခွဲဖို့မလိုတဲ့ Major ခွဲစိတ်တာ ဆိုရင် မခွဲခင်ကြိုတင်ဆေးရုံတက်၊ ပေးနေကျ အင်ဆူလင်ပေးမယ်၊ သွေး စစ်မယ်၊ ခွဲမဲ့နေ့ကျရင် အရေပြား အောက် အင်ဆူလင်ထိုးတာရပ်ပြီး ပိုက် တန်းလန်းနဲ့ ဆက်လွှတ်နေမယ်ခွဲပြီး အရေပြားအောက်ထိုးတဲ့ အင်ဆူလင်ပေး ပြီး ၁ နာရီကြာမှ ပိုက်တန်းလန်းနဲ့ လွှတ်တဲ့ အင်ဆူလင်ရပ်ရပါမယ်။ ရော ဂါပိုးပြင်းထန်စွာဝင်မယ်၊ 'ဝ'မယ်၊ အသည်းရောဂါလူနာ၊ စတီးရွိက်သုံးထား တဲ့သူဆိုရင် အင်ဆူလင်ပိုလိုအပ်ပါ တယ်။ Type II ဆီးချိုရောဂါမှာ အသေး စားခွဲစိတ်တာဆိုရင် ဆီးချိုကိုကောင်း ကောင်းထိမ်းနိုင်ရင်မခွဲခင် မနက်မှာ ဆေးသောက်တာရပ်ရပါမယ်။

မေး-အသက်ကြီးမှဖြစ်တဲ့ 'ဝ'တဲ့ သူတွေမှာတွေ့ရတတ်တဲ့ Type II အမျိုး အစားဆီးချိုကို အင်ဆူလင်ထိုးကြပါသ လား။
ဖြေ-အဲဒီလူတွေဟာ ဆီးချိုကျဆေးစား ဆေးတွေနဲ့ မတိုးရင်တော့ အင်ဆူလင် ထိုးရပါလိမ့်မယ်။ ပိန်တဲ့လူမှာဆိုရင်စစ ချင်း Gliclazide, Glipizioe မေးတွေ ကို အရင်သုံးပြီးမရရင် Pioglitazone လိုဆေးတွေသုံးပါတယ်။ 'ဝ'တဲ့ လူကျ တော့ ပထမဆုံး Metformin သုံးမယ် မရရင် Piogli Tazone လိုဆေးတွေသုံး ပါတယ်။
HEALTH CARE
— with Yin Nwe Soe.

ဆီးချိုရောဂါ ရှိသူများအတွက် ဆောင်ရန် ရှောင်ရန် စားသုံးရန် ………




*အုပ်စု ( ၁ ) လုံးဝရှောင်ရမည့် အစားအစာများ ။
သကြားနှင့် သကြားပါဝင်သော အစားအသောက်များ အားလုံးကို လုံးဝ (လုံးဝ )ရှောင်ရပါမည်။
သကြား ၊ ဂလူးကို့ စ် ၊ ကြံသကာ ၊ ထန်းလျက် ၊ ယိုအမျိုးမျိုး ၊ ချိုချဉ် ၊ ချောကလက် ၊ အိုက်စ် ကရင် ၊ လမုန့်  ၊ ထိုးမုန့် ၊ မလိုင်မုန့်  ၊ အဖျော်ယမကာ အမျိုးမျိုး ၊ စည်သွပ်အမျိုးမျိုး


*အုပ်စု ( ၂ ) ကြုက်သလောက် စားသုံးနိုင်သော အစားအစာများ ။

ဤ အစားအသောက်များကို မိမိနှစ်သက်ပါက စိတ်တိုင်းကျ စားသုံးနိုင်သည့်အပြင် ဗိုက်ဝ အောင်လည်း စားနိုင်ပါသည် ။

(၁) စိမ်းစိုသော ဟင်းရွက် အမျိုးမျိုး ။
ဗူးရွက် ၊ ကန့် စွန်းရွက် ၊ မန်ကျည်းရွက် ၊ ချဉ်ပေါင်ရွက် ၊ ဆူးပုတ်ရွက် ၊ မြင်းခွါရွက် ၊ ဂေါ်ဖီထုပ် ၊ ဂေါ်ဖီပွင့် ၊ ပန်းမုံလာ ၊ ကိုက်လန်ရွက် ၊ မုန်ညင်းရွက် များ ။

(၂ ) မချိုသော အသီးအမြစ်များ ။
ခရမ်းချဉ်သီး ၊ သံပုရာသီး ၊ ရှောက်သီး ၊ ဆီးဖြူသီး ၊ မျှစ် ၊ မုန်လာဥဖြူ ၊ ဗူးသီး ၊ ဂေါ်ရခါးသီး ၊ ခရမ်းသီး ၊ ကင်းပုံသီး ၊ ခဝဲသီး ၊ ရုံးပတီသီး ၊ ဂွေးချိုသီး ၊ သလဲသီး ။

( ၃ ) သား / ငါး များ ။
ကြက် ၊ ဘဲ ၊ ဆိတ် ၊ အမဲ ၊ ဝက် ၊ ငါး ၊ ပုဇွန် ၊ ကြက်ဥ ၊ ငုံးဥ ။

( ၄ ) ကော်ဖီ / လက်ဖက်ရည် ။
သကြား ၊ နို့ ဆီ ၊ နို့ မှုန့်  မသုံးရ ။ ဆက်ကရင် နှင့် အခြားအချိုတုများ သုံးနိုင်ပါသည် ။ နို့ ကိုလည်း အသင့်အတင်း သုံးနိုင်ပါသည် ။


*အုပ်စု ( ၃ ) သင့်တင့်သော အတိုင်းအတာထိသာ စားသင့်သော အစားအစာများ ။

ဤအစားအသောက်များသည် ကစီဓါတ်အများဆုံး ပါရှိပါသည် ။မိမိနှင့် သင့်တော်သော တစ်နေ့ အတွက် ကစီဓါတ် ယူနစ် ပမာဏကို ဆရာဝန်နှင့် တိုင်ပင်ရန် လိုအပ်ပါသည် ။ ( မိမိဖြစ်နေသော အခြေအနေအလုံးစုံသိသောမြင်သော ဆရာဝန်များကို ပြောကြားခြင်းဖြင့် အကုအညီယူပါ )

(၁) ဆန်နှင့်ပြုလုပ်သော အစားအစာများ -
ထမင်း ၊ ဆန်ပြုတ် ၊ မုန့် တီ ၊ မုန့် ဟင်းခါး ၊ ဆန်ခေါက်ဆွဲ ၊ ကောက်ညှင်း ။

(၂ ) ဂျုံ နှင့်ပြု့ လုပ်ထားသော အစားအစာများ -
ခေါက်ဆွဲ ၊ ပေါင်မုန့်  ၊ နံပြား ၊ ဂျပါတီ ၊ ပူတီ ၊ ဘီစကစ် ၊ အီကြာကွေး ၊ ထပ်တရာ ၊ ပလာတာ ၊ စမူဆာ ၊ ပေါက်စီ ။

( ၃ ) ကစီဓါတ်များသော အသီးနှင့်ဥများ -
အားလူး ၊ ရွှေဖရုံ ၊ ကန်စွန်းဥ ၊ ပိန်းဥ ၊ ခါကြက်ဥ ၊ ပဲအမျိုးမျိုး ၊ နာနတ်သီး ၊ လိမ္မော်သီး ၊ သရက်သီး ၊ဌက်ပျောသီး ၊ ပိန္နဲသီး ၊ မာလကာသီး ၊ သြဇာသီး ၊ ဒူးရင်သီး ၊ စိမ်းစားဥ ။


လက်နာနာဖြင့် ရေးသားမျှဝေပါသည် Mg Mandalay
— with Min Aung and KoAung Aung.

ကော်ဖီတစ်ခွက် ............




အမေရိကန်သုတေသနအရ ကော်ဖီတစ်ခွက် မနက်မှာသောက်တာဟာ လေ့ကျင့်ခန်း လုပ်ပြီး ကြွက်သားများ ရောင်ရမ်းခြင်းကို သက်သာစေပါတယ်တဲ့။

အမျိုးသမီး ကောလိပ်ကျောင်းသူတွေကို ဂျော်ဂျီယာ (Georgia) တက္ကသိုလ်က သုတေသန သမားတွေ လေ့လာချက်အရ ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်ဟာ တစ်နေ့တာအလုပ်လုပ်ပြီး ပင်ပန်းလာတဲ့ ကြွက်သားတွေကို ပြေလျော့စေပါတယ်၊ နေလို့ ကောင်းစေပါတယ်တဲ့။
Mg Mandalay

နားအူခြင်း မဖြစ်ရအောင် ......




အလယ်နားမှာ အရည်ရှိနေခြင်း ဒါမှမဟုတ် ပိုးဝင်ခြင်းကြောင့် နားအူနိုင်ပါတယ်။

ဒါပေမယ့် ပိုပြီးအဖြစ်များတဲ့ အကြောင်းကတော့ သင်ရဲ့ အကြားအာရုံကြော အဆုံးကို ထိခိုက်မှုကြောင့်ဖြစ်ပြီး အများအားဖြင့် အလွန်ကျယ်လောင်တဲ့ ဆူညံသံကြောင့် ဖြစ်ပါတယ်။

အမြဲတမ်း နားလေး သွားတာမျိုးမဖြစ်အောင် စင်မြင့်ဂီတ ဖျော်ဖြေပွဲတွေနဲ့ ဘောလုံးပွဲတွေကို သွားတဲ့အခါ နားဆို့တပ်ထားပါ။
— with Ko Min.

ကြယ်မြင်ခြင်း ဖြစ်နေခဲ့ရင် ........


သင်ဟာအိပ်နေရာကနေ အလွန်မြန်မြန်မတ်တတ်ရပ်လိုက်တဲ့အခါ သင့်ခေါင်းကို အထိုးခံလိုက်ရသလို ဒါမှမဟုတ် ခေါင်းတစ်ခြမ်းကိုက်ရောဂါက ဒုက္ခပေးသလိုမျိုး ခံစားရပြီး မျက်စိထဲမှာ ကြယ်တွေမြင်သွားရနိုင်ပါတယ်

ဒါဟာ သင့်ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးဆီကို သွေးတွေ အရှိန်အဟုန်နဲ့ တိုးထွက်သွားတာကြောင့်ပါ။ ယေဘုယျအားဖြင့် ဒီလိုမျက်စိထဲအလင်းပွင့်တွေမြင်ရတာဟာ စက္ကန့်အနည်းငယ်သာ ကြာပါတယ်။

သင်ဟာ အချိန်ခဏထက်ပိုပြီး ကြယ်တွေမြင်နေရရင်တော့ သင်ရဲ့ မျက်စိအာရုံခံလွှာမှာ စုတ်ပြဲနေတာ ဒါမှမဟုတ် သွေးခဲလေးသေးလေး ရှိနေတာ ဖြစ်နိုင်တဲ့အတွက် ဆရာဝန်ဆီ ချက်ချင်းသွားပါ။

သင့်နှလုံးကို ကြင်နာဖို့ ဘယ်တော့မှ နောက်မကျပါ ...........



တစ်သက်လုံး အကျင့်ဆိုးတွေနဲ့နေလာပြီးမှ အခုမှ အကျင့်ကောင်းတွေ ပြောင်းလို့ ဘာမှမထူးပါဘူးလို့ မထင်လိုက်ပါနဲ့။ သင့်အသက်ဘယ်လောက်ဖြစ်ဖြစ် ခုချိန်မှ စပြီး ကျန်းမာရေးအတွက် အမူအကျင့်ကောင်းတွေ ပြောင်းလဲပြုပြင်နိုင်ရင် သင့်နှလုံးကို ကာကွယ်နိုင်ပါတယ်။ သင့်နှလုံးဟာ ထိခိုက်စဖြစ်နေ ရင်တောင် ပြန်လည်ပြုပြင်နိုင်ပါတယ်လို့ Harvard Medical School မှ Dr.Harvey
က ပြောပါတယ်။

ဘဝနေထိုင်မှုပုံစံကို အဓိကပြောင်းလဲသင့်သည့် အချက်လေးချက်

အောက်ပါအတိုင်း ဘဝနေထိုင်မှုပုံစံပြောင်းလဲတာကြောင့် နှလုံးရောဂါကာကွယ်ရေးမှာ သိသိသာသာ ကောင်းမွန်လာနိုင်ပါတယ်။

၁။ ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်သောက်တာဟာ နှလုံးသွေးကြောရောဂါအတွက် ဖြစ်နိုင်ခြေအများဆုံးအချက်ပါ။ ဆေးလိပ်သောက်တာကြောင့် နှလုံးတိုက်ခိုက်ခံရနိုင်ခြေ ၂၅၀ ရာခိုင်နှုန်း ပိုမြင့်မားလာပါတယ်။

သင်ဟာ နှစ်ပေါင်းများစွာ ဆေးလိပ်သောက်နေသူဖြစ်ရင်တောင် ဆေးလိပ်ဖြတ်တာကြောင့် သင့်ကျန်းမာရေးပိုကောင်းမွန်လာနိုင်ပါတယ်။ နှလုံးခုန်နှုန်းနဲ့ သွေးဖိအား ပုံမှန်အနေအထားပြန်ရောက်သွားပြီး နှလုံးတိုက်ခိုက်ခံရနိုင်ခြေဟာလည်း ပြန်လည်ကျဆင်းသွားပြီး အချိန်ကြာလာတာနဲ့အမျှ ဆေးလိပ် မသောက်သူတွေအတိုင်း ပြန်ဖြစ်သွားနိုင်ပါတယ်။

၂။ သွေးတွင်းကိုယ်လက်စထရောအဆင့် လျှော့ချပါ
သွေးတွင်းကိုယ်လက်စထရောအဆင့်ကို လျှော့ချနိုင်တဲ့ အကောင်းဆုံးနည်းလမ်းဟာ အစားအသောက်ဆင်ခြင်ဖို့ပါ။ အစားအစာမှာ ပါဝင်တဲ့ ကိုလက်စထရော တစ်မျိုးတည်းကသာ သွေးတွင်းကိုယ်လက်စထရောအဆင့်ကို မြင့်တက်စေတာ မဟုတ်ပါဘူး။ ပြည့်ဝဆီတွေဟာလည်း ခန္ဓာကိုယ် အတွက် အန္တရာယ်ရှိတဲ့ ကိုလက်စထရော ထုတ်လုပ်ဖို့ နှိုးဆွနိုင်ပါတယ်။

ကိုလက်စထရော လျှော့ချနိုင်သော အစားအစာ

ကြက်ဥ၊ အသား၊ ဒိန်ခဲနဲ့ မလိုင်အပြည့်ပါတဲ့ နွားနို့တွေကို ရှောင်ပါ။ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုးနဲ့ ကောက်နှံတစ်ခုလုံးအစားအစာတွေ ပိုစားပါ။ ဟင်းချက်ရာမှာ ထောပတ် ဒါမှမဟုတ် မာဂျရင်းကို အသုံးပြုမယ့်အစား သံလွင်ဆီကို အသုံးပြုပါ။ မကောင်းတဲ့ ကိုလက်စထရောအဆင့် လျော့သွား နိုင်ပါတယ်။

၃။ လေ့ကျင့်ခန်းပြုလုပ်ပါ
လေ့ကျင့်ခန်း ပြုလုပ်တာကြောင့် နှလုံးကြွက်သား သန်မာစေတာ၊ သွေးလှည့်ပတ်မှု ကောင်းစေတာ၊ ကောင်းတဲ့ ကိုလက်စထရော (HDL) ကို မြင့်တက် စေပြီး မကောင်းတဲ့ ကိုလက်စထရော (LDL) အဆင့်ကို လျော့နည်းစေတာ၊ သွေးကြောတွင်း ဖိစီးမှုနည်းစေတာနဲ့ သွေးခဲမှုမဖြစ်အောင် ကာကွယ်တာတွေနဲ့ နှလုံးသွေးကြောစနစ်အပေါ် အကျိုးရှိစေပါတယ်။

နှလုံးအတွက် အကောင်းဆုံးလေ့ကျင့်ခန်းဟာ အေရိုးဗစ်လေ့ကျင့်ခန်းပါ။ အေရိုးဗစ်လေ့ကျင့်ခန်းဆိုတာဟာ ကြွက်သားအုပ်စုကြီးတွေကို အချိန်ကြာကြာ အသုံးပြုရတဲ့လေ့ကျင့်ခန်းလိုမျိုးပါ။ ဥပမာ - စက်ဘီးစီးတာ၊ ရေကူးတာ၊ လမ်းမြန်မြန်လျှောက်တာ၊ ပြေးတာ၊ လှေကားတက်တာ၊ လှေလှော်တာနဲ့ ကြက်တောင်ရိုက်တာတွေပါ။

လေ့ကျင့်ခန်းပမာဏ ဘယ်လောက်လုပ်လုပ် သင့်အတွက် အသုံးဝင်ပါတယ်။ တစ်ပတ်ကို တစ်နာရီပဲ လေ့ကျင့်ခန်းလုပ်ရင်တောင် နှလုံးအတွက် အကျိုး ရှိပါတယ်။ ဒါပေမယ့် တစ်ပတ်ကို အနည်းဆုံး ၃ နာရီ- ၄နာရီ လောက် လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ အသက်ရှုရခက်ခဲလာတဲ့အထိတော့ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်မလုပ်ပါနဲ့

၎။ သွေးဖိအား လျှော့ချပါ
အသက် ၆၀ ကျော်သူ ထက်ဝက်ကျော်မှာ သွေးတိုးရောဂါလို့ခေါ်တဲ့ သွေးဖိအားမြင့်တက်နေတတ်ပါတယ်။ သွေးဖိအားမြင့်တက်တာကြောင့် နှလုံးကြွက်သားတွေ ဒဏ်ပိကာ သွေးလွှတ်ကြောနံရံတွေ ပျက်စီးစေနိုင်တာကြောင့် သွေးတိုးရောဂါရှိသူတွေဟာ သာမန်သူတွေထက် နှလုံးတိုက်ခိုက်ခံရနိုင်ခြေ နှစ်ဆပိုမြင့်မားပါတယ်။

သွေးဖိအားပုံမှန်ဖြစ်ဖို့ အကောင်းဆုံးနည်းလမ်းဟာ သင်စားတဲ့ အစားအသောက်ထဲမှာ မှန်ကန်တဲ့ သတ္တုဓာတ်တွေ ပါဝင်ဖို့ လိုအပ်ပါတယ်။

အငန်ဓာတ် (ဆိုဒီယမ်) လျှော့စားပါ
တစ်နေ့ကို ဆိုဒီယမ် ၁၅၀၀ မီလီဂရမ်ထက် လျော့နည်းပြီးစားပါ။ အိမ်သုံးဆား၊ ငံပြာရည်၊ ငါးပိ၊ ငါးခြောက်၊ အချိုမှုန့်၊ မုန့်ပွဆော်ဒါ၊ ပဲငံပြာရည် အစရှိတာ တွေမှာ ဆိုဒီယမ် ပါဝင်ပါတယ်။ အဆင်သင့်စားလို့ရတဲ့ အစာနဲ့ အဆာပြေအစာတွေမှာလည်း ဆိုဒီယမ်များစွာ ပါဝင်တတ်ပါတယ်။

ပိုတက်စီယမ်နဲ့ ကယ်လ်စီယမ် ပိုစားပါ
ငှက်ပျောသီး၊ လိမ္မော်သီး၊ သခွားမသီး၊ ပန်းသီး၊ အာလူး၊ စပျစ်သီးခြောက်၊ အစိမ်းရောင် ပန်းဂေါ်ဖီအစရှိတဲ့ လတ်ဆတ်တဲ့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက် အများစုမှာ ပိုတက်စီယမ် ပါဝင်ပါတယ်။ ကယ်လ်စီယမ်များစွာပါဝင်တဲ့ အစာတွေအဖြစ် အဆီထုတ်ထားတဲ့ နို့၊ ဟင်းနုနွယ်၊ ငါး၊ တိုဟူးနဲ့ အစိမ်းရောင် ပန်းဂေါ်ဖီများ စားသုံးနိုင်ပါတယ်။ Health
— with Swe Swe Than and Yu Kiko.

အဖွားရဲ့ အစားအသောက်စရိုက်သည် မြေးများ၏ ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေပေါ် အကျိုးသက်ရောက်မှုရှိ ...........


သင်၏ အစာစားသော အကြိုက်စရိုက်အတိုင်း သင်၏ ခန္ဓာကိုယ် ဖြစ်လာမယ်ဆိုတာကိုတော့ သင်သိမှာ ဖြစ်ပါသည်။ သို့သော်လည်း သင့်အဘွား၏ အစားအသောက် စရိုက်ကလည်း သင့်ခန္ဓာကိုယ်နှင့် ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှု ရှိနိုင်သည်ဟု သုတေသီများက ဆိုကြပါသည်။

ဂျော့ရှ်ကောင်းန်လော်မ်ဗာဒီ ကွန်ပဇရီဟဲန်စစ်ဗ် ကင်ဆာဌာန (Georget
own Lombardi Comprehensive Cancer Center) မှ သိပ္ပံပညာရှင်များ ပြောကြားရာတွင် ကိုယ်ဝန်ဆောင်နေစဉ် စားသုံးလိုက်သောအစားအစာများတွင် ဆိုးကျိုးရှိသော အဆီဓာတ်များပါဝင်နေပါက နောက်မျိုးဆက်များ၏ ကျန်းမာရေးအပေါ်အကျိုးသက်ရောက်မှု ရှိသည်ဟု ပြောကြားခဲ့ပါသည်။

ထိုလေ့လာစမ်းသပ်ချက်အရ သန္ဓေဆောင်ထားသော ကြွက်များကို အဆီဓာတ်များသော အစာများကျွေးပါက နောက်မျိုးဆက်နှစ်ဆက်တွင် ကင်ဆာဖြစ်နိုင်ခြေအား ၈၀ % တိုးစေနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။ ထိုသိပ္ပံပညာရှင်များ၏ ယူဆချက်များအရဆိုပါက အဖွားတစ်ယောက်သည် ကိုယ်ဝန်ရှိစဉ်က အဆီအစားများပါက ၎င်း၏ သားသမီးများကို ပါမက မြေးများပါ ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေ ပိုမိုတိုးစေပါသည်။

ထိုသုတေသီများက ကင်ဆာဖြစ်နိုင်နှုန်းသည် နောက်မျိုးဆက်နှစ်ဆက်အထိ မြင့်တက်နေရခြင်းကို အကြောင်းအရင်း မသိသော်လည်း မည်ကဲ့သို့ ကာကွယ်ရမည်ကို သိသည်ဟု ဆိုပါသည်။ ၎င်းမှာ ကိုယ်ဝန်ရှိနေစဉ် ကောင်းကျိုးပေးနိုင်သော အဆီများနှင့် လတ်ဆတ်သော အစားအစာများကိုသာ စားရန်ဖြစ်သည်။
News

နှလုံးအဆို့ရှင်ကျဉ်းသည့် ရောဂါ ..............



နှလုံးရဲ့ ဘယ်ဘက်အခြမ်းသွေးပြန်ခန်းနဲ့ သွေးလွှတ်ခန်းကြားမှာရှိတဲ့ အဆို့ရှင် (Mitral Valve) ဟာ ပုံမှန်အားဖြင့် လုံအောင် ပိတ်နိုင်ရပေမယ့် မပိတ်နိုင်တော့တဲ့ အခြေအနေဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုတော့ ပထမဦးစွာရူမက်တစ်အဖျား (Rheumatic Fever) လို့ခေါ်တဲ့ ရောဂါတစ်မျိုးဟာ စထရက်တိုကောကယ်(လ်) ဘက်တီးရီးယားပိုးတစ်မျိုးကြောင့် ဖြစ်ပွားပါတယ်။ အဲဒီ ပိုးကို တိုက်ထ
ုတ်ဖို့ ခန္တာကိုယ်ကထုတ်လုပ်တဲ့ ခုခံပဋိပစ္စည်းတွေဟာ မှားယွင်းပြီး နှလုံးအဆို့ရှင်တွေကို လာရောက်တိုက်ခိုက်ပါတယ်။ ကြာတော့ နှလုံးအဆို့ရှင်မှာ အမာရွတ်တွေဖြစ်လာပြီး ပုံမှန်အလုပ်မလုပ်နိုင်တော့ဘဲ ဖွင့်တဲ့အခါလည်း လုံလောက်အောင် မဖွင့်နိုင်ဘဲ ကျဉ်းသွားရပါတယ်။ ဒါကြောင့် လူနာမှာ မောတဲ့ဝေဒနာခံစားရတယ်။ ဒါကို နှလုံးအဆို့ရှင် ကျဉ်းတဲ့ရောဂါလို့ ခေါ်ဆိုခြင်းဖြစ်ပါတယ်။

ရူမက်တစ်အဖျားလို့ခေါ်တဲ့ ရောဂါက ၅ နှစ်မှ ၁၅ နှစ်အတွင်း အရွယ်တွေမှာ အဖြစ်များပါတယ်။ အဲဒီအချိန်မှာ အာသီးရောင် တယ်။ အဆစ်အမျက်တွေကိုက်မယ်။ ဖျားလည်းဖျားမယ်။ အဲဒီအချိန်မှာ ထိထိရောက်ရောက် မကုသခဲ့ရင် ရောဂါရဲ့ နောက်ဆက်တွဲ အဖြစ် ခန္တာကိုယ်က ထုတ်လုပ်တဲ့ ခုခံပစ္စည်းတွေက စောစောကပြောခဲ့သလိုပဲ နှလုံးအဆို့ရှင်တွေကို တိုက်ခိုက်တယ်။ ဒီရောဂါက အဆစ်တွေကိုတော့ လျှာနဲ့လျက်ရုံပဲ လျက်သွားတယ်။ နှလုံးကိုကျတော့ ကိုက်ထည့်လိုက်တယ်။ ဒါကြောင့် ရူမက်တစ်အဖျားကို ထိထိ ရောက်ရောက် သေချာစွာမကုခဲ့တဲ့ လူတွေမှာကြာရင် နှလုံးအဆို့ရှင် ကျဉ်းတဲ့ ရောဂါကို ခံစားရနိုင်ပါတယ်။ အငယ်ဆုံး ၁၀ နှစ်၊ ၁၂ နှစ်က နေ၊ အသက် ၄၀ လောက်ကြား အဖြစ်များပါတယ်။ ယောက်ျားနဲ့ မိန်းမ ဖြစ်ပွားနှုန်းအတူတူလောက်ပါပဲ။

လူနာက မောတဲ့ဝေဒနာနဲ့လာမယ်။ ရူမက်တစ်အဖျား ဖျားဖူးတဲ့ရာဇ၀င်လည်း ပေးမယ်ဆိုရင် ဓါတ်မှန်ရိုက်တဲ့အခါ ဘယ်ဘက်နှလုံးတစ်ခြမ်းဟာ ပြောင်းလဲမှုဖြစ်နေတာကို တွေ့ရမယ်။ ECG ရိုက်ကြည့်ရင်လည်း ပြောင်းလဲမှုတွေ တွေ့ရမယ်။ ASO Titre လို့ခေါ်တဲ့ ဓါတ်တစ်မျိုး၊ သွေးစစ်ကြည့်ရင် သွေးထဲမှာများနေတာတွေ့ရမယ်။ နားကြပ်နဲ့ နှလုံးခုန်သံကို နားထောင်ရင်လည်း နှလုံးအဆို့ရှင် ကျဉ်းတဲ့အခါမှာ ကြားရနိုင်တဲ့ အသံမျိုးကို ကြားမယ်။

ကုသမှုအနေနဲ့ကတော့ မခွဲဘဲနဲ့ ကုသတဲ့နည်းလည်းရှိတယ်။ ခွဲစိတ်ကုသတဲ့နည်းရှိပါတယ်။ မခွဲစိတ်ဘဲနဲ့ ချဲ့ပေးတဲ့ နည်းလည်းရှိပါတယ်။ ကျဉ်းနေတဲ့ နှလုံးအဆို့ရှင်ရှိတဲ့အပေါက်ကို ချဲ့ပေးတဲ့နည်းဖြစ်ပါတယ်။ နှလုံးခုန်တာကို ရပ်ပြီးမှဖြစ်စေ၊ နှလုံးခုန် လျက်နဲ့ဖြစ်စေ ပြုလုပ်ပေးနိုင်တယ်။ နောက်တစ်နည်းကတော့ နှလုံးအဆို့ရှင်တွေက လုံးဝပျက်စီးသွားပြီးရင်တော့ အဆို့ရှင်အတုနဲ့ လဲပေးနည်းရှိပါတယ်။ အဆို့ရှင်အတုကတော့ သေပြီးတဲ့ အခြားလူတစ်ယောက်ရဲ့ နှလုံးအဆို့ရှင်ကို ခွဲစိတ်ဖြတ်ယူပြီး လဲပေးတာမျိုး လည်း ရှိပါတယ်။ (ကျွန်တော်တို့နိုင်ငံမှာတော့ မလုပ်နိုင်သေးပါဘူး) သိပ္ပံပညာနဲ့ ဖန်တီးပြုလုပ်ထားတဲ့ နှလုံးအဆို့ရှင်ကို လဲပေးတာလည်း ရှိပါတယ်။ ဒီနည်းကတော့ ငွေကုန်ကြေးကျတော်တော်များပါတယ်။

နှလုံးအဆို့ရှင် ကျဉ်းတဲ့ ရောဂါဖြစ်နေတယ်ဆိုတာ သိပြီဆိုရင် လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေ လုပ်ရပါမယ်။ အဆို့ရှင်ကျဉ်းတဲ့အတိုင်းအတာပေါ်မူတည်ပြီး ခွဲစိတ်ကုသမှုပြုလုပ်ဖို့လိုရင် ခွဲစိတ်ကုသရပါမယ်။ အမြန်ဆုံးကုသမှုခံယူရပါမယ်။ စောစောကပြောခဲ့တဲ့ ကုသနည်းတွေ မြန်မာနိုင်ငံမှာ ပြုလုပ်ပေးနေပါတယ်။ ကျွန်တော်တို့ဌာနမှာ နှလုံးအဆို့ရှင်ကျဉ်းတာရော၊ ခွဲစိတ် ကုသမှုရော စုစုပေါင်း ၉၀၀၀ နီးပါးရှိသွားပါပြီ။ ကုန်ကျစရိတ်အနည်းဆုံးဖြစ်တဲ့ အဆို့ရှင်ကို ချဲ့ပေးတဲ့နည်းနဲ့လည်း ကုသပေးနေပါတယ်။ အဆို့ရှင်အတုသုံးမယ်ဆိုရင်တော့ ဆေးကုမ္ပဏီတွေက တင်သွင်းထားကြပြီမို့ ပြည်တွင်းမှာပဲ ၀ယ်လို့ရပါတယ်။ နှလုံးအဆို့ရှင် အတုအမျိုး မျိုးကွဲပြားပေမယ့် အမေရိကန်ဒေါ်လာ ၁၀၀၀ ပတ်ဝန်းကျင်မှာပဲ ရှိပါတယ်။

အကောင်းဆုံးကတော့ နှလုံးအဆို့ရှင်ကျဉ်းရောဂါမဖြစ်အောင် ကာကွယ်ခြင်းပါပဲ။ ရူမက်တစ်အဖျားလို့ခေါ်တဲ့ ရောဂါ ဖြစ်လာရင် ထိထိရောက်ကုသမှုခံယူဖို့လိုပါတယ်။ ရောဂါဖြစ်သွားပြီဆိုရင်လည်း အစောဆုံးနဲ့ အမြန်ဆုံးခွဲစိတ်ကုသမှုခံယူလိုပါတယ်။ မကုသခဲ့ရင် အချိန်မရွေး လေဖြတ်သွားနိုင်ပါတယ်။ ခွဲနေရင်းတောင်မှာ လေဖြတ်သွားနိုင်ပါတယ်။
Health
— with ဘဝ အလွမ်း.

ပဲပြားစားသုံးခြင်းဖြင့် အမျိုးသမီးများ အရိုးပွခြင်းကို များစွာ ကာကွယ်နိုင်ခြင်းမရှိဟုဆို……..



သိပ္ပံပညာရှင်များ၏ လေ့လာတွေ့ ရှိချက်အရ ပဲပြားသည် အမျိုးသမီးများ အရိုးပွခြင်းကို များစွာ ကာကွယ်နိုင်ခြင်းမရှိဟု လေ့ လောတွေ့ ရှိရသည် ။

ယခင်က ပဲပြားသည် ယင်းသို့  အာနိသင်ရှိသည်ဟု သုတေသီများက

ယူဆခဲ့ကြသည် ။

အမျိုးသမီးများ အသက်အရွယ်ကြီးလာချိန်တွင် ဖြစ်ပေါ်လေ့ရှိသော အရိုးပွခြင်းကြောင့် အရိုးကျိုးပဲ့လွယ်စေသည် ။

ယင်းဖြစ်စဉ်အား ကာကွယ်နိုင်ရန် ကယ်လ်ဆီယမ်နှင့် ဗီတာမင်ဒီဓာတ်များ စာသုံးပေးသင့်ပြီး လေ့ကျင့်ခန်းလည်း ပုံမှန်ပြုလုပ်သင့်သည်ဟု သိရသည် ။

ဗီတာမင်ဒီသည် နုလုံးကျန်းမာရေးအား အထောက်အကူပြုနိုင်မှုနည်းပါး ……………….


အမေရိကန်နိုင်ငံမှ ဆေးပညာရှင် သုတေသီများ၏ ထုတ်ဖော်ပြကြားချက်အရ ဗီတာမင်ဒီသည် နှလုံးကျန်းမာရေးကို ကောင်းမွန်စေနိုင်ခြင်း မရှိဟု လေ့လောတွေ့ ရှိရသည် ။

ဗီတာမင်ဒီပါဝင်သော ဆေးဝါးအား တစ်နှစ်ကြာ သောက်သုံးသူများကို လေ့လောကြည့်ရာတွင် ဌင်းတို့ တွင် ဖြစ်ပွားသော သွေးတိုး ၊ ဆီးချိုနှင့် အဝလွန်ခြင်းများသည် များစွာ သက်သာစေခြင်း မရှိသည်ကို တွေ
့ရသည် ။

ကော်လိုရာဒိုဒန်ဗာတက္ကသိုလ်မှ ဒေါက်တာမိုက်ကယ်ကွန်ကိုက အဆိုပါလေ့လာမှုအား ပြုလုပ်ခဲ့ပြီး နောက်ထုတ်ပြန်ပြောကြားခဲ့ခြင်း ဖြစ်သည် ။

Omega 3 သောက်သင့်သော အကြောင်းရင်း ( ၄ ) ချက်..........



အဆီများတဲ့ငါး၊ ကြက်ဥ၊ သစ်ကြားသီးတွေမှာ တွေ့ရတတ်တဲ့ Omega 3 Fatty Acids အကျိုးကျေးဇူးကို မကြာခင်ကမှ ပြုလုပ်တဲ့ လေ့လာမှုအရ ဖော်ပြလိုက်ပါတယ်။

(၁) မျက်စိကို ဆုတ်ယုတ်ပျက်စီးမှု မဖြစ်အောင် ကာကွယ်ပေးခြင်း
တူနာ ဒါမှမဟုတ် ဆယ်လ်မွန် ငါးလိုမျိုး Omega 3 များစွာပါဝင်တဲ့ ငါးကို တစ်ပတ်နှစ်ကြိမ် ဒါမှမဟုတ် သုံးကြိမ်စားသုံးတာကြောင့် အသက်အရွယ်အိုမင်းတာကြောင့် ဖြစ်တတ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီးခြင်း (agerelated macular degeneration)ဖြစ်နိုင်ခြေကို ၂၅ ရာခိုင်နှုန်း လျှော့ချနိုင်တယ်လို့ အမေရိကန်မှ သုတေသနပြုသူတွေက ဆိုပါတယ်။
Omega 3s ရယ်၊ Antioxidants အားဖြည့်ဆေးရယ်၊ Glycemic Index အဆင့်နိမ့်တဲ့ အစာ တွေ စားတာရယ် ပေါင်းစပ်ပြီး အသုံးပြုတာဟာ မျက်စိ ပျက်စီးမှုကို နှေးကွေးအောင် လုပ်နိုင်တဲ့ အကောင်းဆုံး နည်းလမ်းပါလို့ ဆိုပါတယ်။

(၂) မှတ်ဥာဏ် တိုးတတ်ကောင်းမွန်လာခြင်း
Omega 3 Fatty Acids အားဖြည့်ဆေးတွေဟာ သတိမေ့တတ်သူတွေကို မှတ်ဥာဏ် ပြန်ကောင်း စေလာနိုင်ပါတယ်။ အမေရိကန်မှ လေ့လာမှုအရ Omega 3 အားဆေး နေ့စဉ် သောက်တဲ့ သတိမေ့တတ်သူတွေဟာ သူတို့ထက် အသက် သုံးနှစ်ငယ်သူတွေလိုမျိုး သင်ကြားရေးနဲ့ မှတ်ဥာဏ်အားမှာ တိုးတတ်လာတယ်လို့ ဆိုပါတယ်။

(၃) နှလုံး ကျန်းမာရေး
Fatty Acids တွေဟာ သွေးတွင်း အဆီအဆင့်တွေ နည်းအောင် ကူညီနိုင်ပါတယ်။ အမေရိကန်မှာ လေ့လာမှုအရ Omega 3 ကို နေ့စဉ်သောက်သူတွေဟာ သူတို့ရဲ့ Triglyceride အဆင့်ကို ပျမ်းမျှအားဖြင့် ၄၅ ရာခိုင်နှုန်း လျှော့ချ နိုင်တာကို တွေ့ရပါတယ်။ ဒါ့အပြင် မကောင်းတဲ့ အဆီ (LDL) အဆင့်ကိုလည်း ထက်ဝက်ခန့် လျှော့ချနိုင်တယ်လို့ ဆိုပါတယ်။

(၄) အာရုံ စူးစိုက်မှု မရသော ဝေဒနာကို လျှော့ချနိုင်ခြင်း
ဆွီဒင်မှ လေ့လာမှုမှာ အာရုံစူးစိုက်မှု မရတဲ့ လက္ခဏာ (Attention Deficit Hyperactivity Disorder ADHD) ရှိသူ ကလေးတွေကို EAP မြင့်မားစွာ ပါဝင်တဲ့ Omega 3s တွေ ပေးခဲ့ ပါတယ်။
ခြောက်လအကြာမှာ အဲဒီကလေးတွေရဲ့ ၄၇ ရာခိုင်နှုန်းမှာ ဝေဒနာဟာ ၂၅ ရာခိုင်နှုန်း ကျော် သက်သာသွားပြီး ကလေး ၁၂ ရာခိုင်နှုန်းမှာ ဝေဒနာ ထက်ဝက်ခန့် သက်သာ သွားတာကို တွေ့ခဲ့ရပါတယ်။
Good Health
— with Ko Min.

အိမ်မွေးတိရစ္ဆာန်လေးများ ပေးသည့်ရောဂါ ........ ( သတိထားပါ သိကြပါ )



ခွေးကလေး၊ ကြောင်ကလေးစသည့် တိရစ္ဆာန်များကို လူတို့သည် ချစ်စနိုးဖြင့် အိမ်တွင်မွေးမြူထားတတ်ကြပါသည်။

ချစ်စနိုးတိစ္ဆာန်လေးများဆီမှ ရောဂါပိုးမွှား အမျိုးမျိုး လူသို့ ကူးစက်နိုင်ပါသည်။ သူတို့ နှစ်သက်စွာ စားသုံးကြသော ကြက်သား၊ ငါး စသည့် အသားငါးများမှလည်း ရောဂါပိုးမွှားများ လူတို့ဆီသို့ ရောက်ရှိနိုင်ပါသေးသည်။

တိရစ္ဆာန်ချစ်တတ်သော သူတို့အနေဖြင့် မိမိ၏ ချစ်စနိုးအိမ်မွေးတိရစ္ဆာန်များထံမှ ကူးစက်တတ်သော ရောဂါများကို သိရှိ၍ သတိပြုကာကွယ်နိုင်စေရန် ဖော်ပြလိုက်ပါသည်။

ကြက်တူရွေးဖျားနာ (Parrot Fever)
ရောဂါရှိသော ကြက်တူရွေးများ၊ ကြက်တောများ၊ ခိုများ၊ နှံပြီစုတ်များ၊ ကြက်များ စသည်တို့၏ အမွေးအတောင်များမှ ဖုန်မှုန့်များ၊ ထိုငှက်တို့၏ အညစ်အကြေးများမှ အမှုန်အမွှားတို့ကို ရှူရှိုက်မိသောအခါ ကြက်တူရွေးဖျားဖြစ်စေသော ဘက်တီးရီးယားပိုးသည် လူ၏ကိုယ်တွင်းသို့ ရောက်ရှိလာ၏။ ကြက်တူရွေးဖျားသည် တုပ်ကွေးနှင့်တူသော ရောဂါလက္ခဏာ ဖြစ်စေသည်။

သို့သော် ရောဂါပိုးကူးစက်ခံရသော ငှက်များမှာ နာဖျားလေ့မရှိပါ။ ထိုငှက်၏ မစင်ကို စမ်းသပ်စစ်ဆေးမှသာ ရောဂါပိုး ကူးစက်ခံနေရကြောင်း သိနိုင်သည်။ ထိုရောဂါအတွက်ထိရောက်သော ကုသမှုမှာ တက်ထရာဆိုက်ကလင်းဆေးပင် ဖြစ်ပါသည်။

ရက်သတ္တပတ်အတွင်း ဟမ်ဘာဂါ သုံးခုထက်ပိုစားသော ကလေးများ ပန်းနာရင်ကျပ် ခံစားရဖွယ်ရှိ .....




ကလေးများအနေဖြင့် ရက်သတ္တပတ်လျှင် ဟမ်ဘာဂါ သုံးခုထက်ပိုမို၍ စားသုံးပါက ချွဲသလိပ်ထ၍ ပန်းနာရင်ကျပ် ဝေဒနာ ခံစားရဖွယ်ရှိကြောင်း နိုင်ငံတကာ လေ့လာ ဆန်းစစ်မှု တစ်ခုမှ ဖော်ပြခဲ့ကြောင်း သိရသည်။

ဆန့်ကျင်ဘက်အားဖြင့် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် ငါးစားသုံးခြင်းကမူ ပန်းနာရင်ကျပ်ဝေဒနာကို သက်သာပျောက်ကင်းစေနိုင်သည်ဟု ဆိုသည်။


ပန်းနာရင်ကျပ်ရောဂါသည် ကလေးများတွင် ဖြစ်ပွားလေ့ရှိသော နာတာရှည်ရောဂါ အမျိုးအစားဖြစ်ပြီး အဆုတ်အတွင်း အသက်ရှူမှုမှ တစ်ဆင့် ဖုန်မှုန့်များနှင့် ဓာတ်မတည့်မှုကြောင့် စတင်ဖြစ်ပေါ်လာတတ်သည့် ရောဂါဝေဒနာ ဖြစ်ကြောင်း သိရသည်။

ချွဲသလိပ်ထခြင်း၊ ရင်ဘတ်အောင့်ခြင်းနှင့် အသက်ရှူရ ခက်ခဲခြင်း တို့သည် ပန်းနာရင်ကျပ်ရောဂါ၏ လက္ခဏများဖြစ်သည်။ ကမ္ဘာတစ်ဝန်း၌ ပန်းနာရင်ကျပ် ရောဂါဖြစ်ပွားသူ သန်း ၃၀၀ ခန့်ရှိ၍ ပန်းနာရင်ကျပ်ရောဂါကြောင့် နှစ်စဉ် အသက်ဆုံးရှုံးသူ ၂၅၀၀၀၀ ခန့် ရှိသည်ဟု ကမ္ဘာကျန်းမာရေး အဖွဲ့ (WHO) ၏ အဆိုအရ သိရသည်။

ပန်းနာရင်ကျပ်ရောဂါသည် စားသောက်သော အစားအစာကြောင့် ဖြစ်နိုင်ဖွယ်ရှိသည်ကို ဂျာမနီနိုင်ငံ အူလန်းတက္ကသိုလ်မှ ဒေါက်တာဂါဆရီယယ်နီဂျဲလ်နှင့် အဖွဲ့က အသက် ငါးနှစ်မှ ၁၂ နှစ်အရွယ် ကလေးငယ် ၅၀၀၀၀ တို့၏ ကျန်းမာရေးဆိုင်ရာ အချက်အလက် များကို ကြည့်ရှုစစ်ဆေးခဲ့ကြခြင်း ဖြစ်သည်။

လေ့လာဆန်းစစ်မှုအရ ရက်သတ္တပတ်လျှင် ဟမ်ဘာဂါသုံးခုကျော်ခန့်နှင့် အချိုရည်သောက်သုံးသော ကလေးငယ်များတွင် ပန်းနာ ရင်ကျပ် ဝေဒနာများ သိသိသာသာ စွဲကပ်နိုင်ကြောင်း တွေ့ရှိခဲ့ရသည်။
News
— with Yu Kiko.

အသက် (၇၀) ကျော်တွင် အနည်းငယ်ဝသူများ စောစော သေဆုံးနိုင်ခြေ နည်းပါး .......



အသက်ကြီးသူများ ဝနေလို့ စိတ်မပူကြပါနဲ့။ ခန္ဓာကိုယ် အလေးချိန်နဲ့ အရပ်အချိုးအစား (BMI)ဟာ အသက် ၇၀ ကျော်သူတွေ အတွက် အသုံးမဝင်ဘူးလို့ အနောက်ပိုင်း ဩစတြေးလျ တက္ကသိုလ်မှ သုတေသနပြုသူ Leon က ပြောပါတယ်။

သူရဲ့ လေ့လာမှုအရ အသက် ၇၀ ကျော်သူ တွေမှာ ခန္ဓာကိုယ် အလေးချိန် အနည်းငယ် များတာဟာ ပိန်သူတွေအတွက် ပိုပြီး အသက်ရှည်ကြောင်း တွေ့ရှိခဲ့ပါတယ်။
အဝ လွန်တာကြောင့် ဖြစ်တဲ့ ဆီးချိုရောဂါ ဒါမှမဟုတ် အရိုးအဆစ် ရောင်ရောဂါလိုမျိုး ကျန်းမာရေး အခြေအနေ မရှိတဲ့ အသက် ကြီးသူတွေဟာ အသက်ရှည်ကြပါတယ်။

အကယ်၍ အသက် ၇၀ ကျော်တွေမှာ အဲဒီ့ရောဂါရှိပြီး သိပ်အဝလွန်ခဲ့ရင် ကိုယ်အလေးချိန် ချစရာ မလိုဘူးလို့ သူကဆက်ပြောပါတယ်။ ကနေဒါမှ မနှစ်က လူကြီးပေါင်း ၁၁၀၀၀ ကျော်ကို ၁၀ နှစ်ကျော်လေ့လာပြီး အနည်းငယ်ဝသူတွေဟာ ပုံမှန်အလးချိန် ရှိသူတွေထက် ၁၇ ရာခိုင်နှုန်း လျော့ပြီး သေဆုံးနိုင်ခြေ နည်းတယ်လို့ တွေ့ရှိခဲ့ပါတယ်။

ဩစတြေးလျ လေ့လာမှုမှာမူ အနည်းငယ်ဝတဲ့ အသက် ၇၀ ကျော်သူတွေကို ၁၀ နှစ်ကြာ လေ့လာခဲ့ရာမှ ပုံမှန်ကိုယ်အလေးချိန်သူတွေထက် သေဆုံးနိုင်ခြေ ၁၃ ရာခိုင်နှုန်း ရှိတယ်လို့ တွေ့ခဲ့ပါတယ်။
News

Ultrasound ( အာထရာဆောင်း ) ရိုက်တာက အန္တရာယ်ရှိသလား ............



အာထရာဆောင်းရိုက်တာဟာ အန္တရာယ် မရှိပါဘူး။ ခန္ဓာကိုယ်အတွင်းက အင်္ဂါ အစိတ်အပိုင်းတွေနဲ့ တည်ဆောက်ပုံကို ကြည့်ရှုစစ်ဆေးဖို့ အသံလှိုင်းကို အသုံး ပြုထားတာ ဖြစ်ပါတယ်။ ကိုယ်ဝန် ဆောင်ချိန်မှာ အာထရာဆောင်းရိုက်တာက ဗိုက်ထဲက သန္ဓေသားကို စစ်ဆေးဖို့ အသုံးပြုရတာပါ။

တခြားလူတွေမှာတော့ ကျောက်ကပ်၊ အသည်းနဲ့ တခြား အင်္ဂါအစိတ်အပိုင်းတွေကို ရောဂါ ရှာဖွေစမ်းသပ်ဖို့
အာထရာဆောင်းကို သုံးပါတယ်။

အာထရာဆောင်းကို အောက်ပါ အကြောင်း ပြချက် အမျိုးမျိုးကြောင့် အသုံးပြုပါတယ်။ အဲဒါတွေကတော့ .......
-သန္ဓေသား အခြေအနေစစ်ဆေးခြင်း၊ သည်းခြေ ရောဂါ ရှာဖွေခြင်း၊ သွေးကြော စီးဆင်းမှု ကြည့်ရှုခြင်း၊ ကင်ဆာရောဂါ အခြေအနေများ စစ်ဆေးခြင်း စတာတွေပဲ ဖြစ်ပါတယ်။

ကိုယ်ဝန်ရှိချိန်မှာ အာထရာဆောင်း ရိုက်ရင် ဗိုက်ထဲက သန္ဓေသား ကျန်းမာရေး ကောင်းမွန်မှု ရှိ၊ မရှိ သာမက နေရာမှားပြီး သန္ဓေတည်မှု ရှိ၊ မရှိကိုပါ သိရှိနိုင်တဲ့အတွက် ကောင်းမွန်တဲ့ စမ်းသပ်နည်း ဖြစ်ပါတယ်။

အာထရာဆောင်းဟာ ဓာတ်မှန်ရိုက်တာလို ဓာတ်ရောင်ခြည်နဲ့လည်း ထိတွေ့စရာ မလိုတဲ့အတွက် ဘေးအန္တရာယ်ကင်းပါတယ်။ ဒါကြောင့် သင့်ဆရာဝန်က သင့်အား အာထရာဆောင်း ရိုက်ဖို့ ပြောကြားတဲ့အခါ ညွှန်ကြားချက်အတိုင်း လိုက်နာဖို့ လိုအပ်ပါတယ်။
— with Shalli Green Shalli.

အသဲေ၇ာင်အသားဝါ " ဘီ "ေ၇ာဂါ


အခုပဲ သွားတိုက်ပါ .........




ဟုတ်ပါတယ်။ အခုပဲ စာဖတ်နေရင်းနဲ့ ထပြီး သွားတိုက်လိုက်ပါ။
သွားတိုက်တာဟာ နှလုံးရောဂါ၊ လေးဖက်နာတွေကို ကာကွယ်ပါတယ်။

အစာဟောင်းက ပေါက်ဖွားတဲ့ ဘတ်တီးရီးယားဟာ သွားဖုံးကနေတစ်ဆင့် သွေးထဲကို ရောက်နိုင်ပါတယ်။ ဒါနဲ့ပဲ ဘယ်ကဘယ်လို ဖြစ်မှန်းမသိတဲ့ ရောဂါတွေ ရကြပါတယ်။ တကယ်တော့ ခံတွင်းကျန်းမာရေး ကောင်းလို့ကတော့ ဒီရောဂါတွေ အနားတောင်သီနိုင်မှာ မဟုတ်ပါဘူး။ ဟုတ်ပါတယ်။

ကျွန်တော်ကတော့ အခုပဲ သွား သွားတိုက်တော့မယ်။ ထမင်းစားပြီးရင်လည်း သွားတိုက်ပါမယ်။ အိပ်ရာဝင်ခါနီးမှာလည်း သွားတိုက်ပါမယ်။

စာဖတ်သူလည်း အလေ့အကျင့်လေးလုပ်ပေးပါ ။ ကောင်းသော အလေ့အကျင့်လေးဖြစ်လို့ လုပ်ဆောင်ပေးပါ နောင်လည်း ကောင်းသည့် အရာမှန်သမျှကို အလေ့အကျင့်က ကောင်းခြင်းအရာများကို ဖော်ဆောင်ပေးပါလိမ့်မည် ။

ကျောက်တည်ခြင်းကင်းဝေးရန် သံပရာရည် များများသောက်ပါ ...........



သံပရာရည်သောက်သုံးခြင်းသည် ကျောက်ကပ်ကျောက်တည်ခြင်းအား ကာကွယ် ပေးသည့်နည်းလမ်းငါးခုထဲမှ တစ်ခုဖြစ်ကြောင်း သိရသည်။

သံပရာရည် အများအပြား သောက်သုံးပေးခြင်း အားဖြင့် အစားအစာတွင်ပါဝင်သော ကယ်လ်စီယမ်၊ ပရိုတိန်းနှင့် ဆားဓာတ်ပမာဏများကို လျှော့ချပေးသွားနိုင်ကြောင်း ယူစီဆန်ဒီယာဂိုကျောက်တည် ဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာရိုဂါအယ်လ်ဆာက ပြောကြားလိုက်သည်


သံပရာရည်တွင် ဆီထရစ်အက်စစ် (အချဉ်ဓာတ်အက်စစ်) ပါဝင်မှုပမာဏမြင့်မားကြောင်း တွေ့ရသည်။ ထိုသံပုရာရည် လေးအောင်စကို ရေနှစ်လီတာဖြင့်ရော၍ နေ့စဉ်သောက်သုံး ပေးခြင်းအားဖြင့် လူနာတစ်ဦးချင်းစီတွင် ကျောက်ကပ်ကျောက်တည်မှု ဖွဲ့စည်းချင်းနှုန်းကို ၁ ဒဿမ ၀၀ မှ ၀ ဒဿမ ၁၃ အထိ လျော့ကျသွားစေနိုင်ကြောင်း သိရသည်။

အခြား သစ်သီးဖျော်ရည်များတွင် ဆီထရစ်အက်စစ်ပါဝင်မှု ပမာဏနည်းပါးပြီး များသောအားဖြင့် ထိုအရည်များတွင် ကျောက်ကပ်ကျောက်တည်မှုဖြစ်စေသည့် အဓိက အစိတ်အပိုင်း တစ်ရပ်ဖြစ်သော အောက်ဆဲလ်လိတ်နှင့် ထုံးဓာတ်များအ ပိုပါဝင်နေကြောင်း သိရသည်။

‘ဆာ’၏ အဆိုအရ အချို့သောသူများသည် မိမိတို့၏ ကျောက်ကပ်တဲတွင် သေးငယ်သော ထုံးကျောက် အတုံးကလေးများ ဖွဲ့စည်းဖြစ်ပေါ်နေခြင်းကိုပင် သိရှိခြင်း မရှိကြောင်း၊ ၎င်းတို့သည်ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းအတွင်းသို့ ဝင်ရောက်ကာ ပြင်းထန်သော နာကျင်မှု ဖြစ်ပေါ်လာသည်အထိပင် သိရှိခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

ကျောက်ကပ်ထဲတွင် ကျောက်တည်အခါ ဖြစ်ပေါ်လာသည့် အရိပ်လက္ခဏာသုံးရပ်မှာ ကျောနှင့် ဝမ်းဗိုက်ပိုင်းနာကျင်ခြင်း၊ ဆီးထဲသွေးပါခြင်းနှင့် ပျို့အန်ချင်စိတ်ဖြစ်ခြင်း တို့ဖြစ်ကြောင်း သိရသည်။

ပန်းသီးသည် ကျန်းမာရေး အတွက် အထောက်အကူပြုသော အသီးအနှံဖြစ် ……………….




ဆေးပညာရှင်သုတေသီများ၏ လေ့လာတွေ့ ရှိချက်အရ ပန်းသီးသည် ကျန်းမာရေး အတွက် အထောက်အကူပြုသည့် အသီးအနှံဖြစ်ကြောင်းသိရသည် ။

ပန်းသီး၌ ပါဝင်သော polyphenols ဟု အမည်ရသည့် Antioxidant သည် ရောဂါတိုက်ဖျတ်ရာတွင် အထာက်အကူပြုသည် ။
ပန်းသီး အသားထက် အခွံတွင် polyphenols ငါးဆ ပိုမိုပါဝင်နှုန်းမြင့်မားသည် ။

ကင်ဆာရောဂါ ၊ နှလုံးရောဂါ ၊ မှတ်ဥာဏ်ချွတ်ယွင်းသည့် အယ်ဇိုင်းမားရောဂါနှင့် သွေးတိုးရောဂါ များကို သက်သာစေနိုင်သည် ။
ဆဲလ်နှင့် တစ်ရှူးများ ပျက်စီးခြင်းကိုလည်း ကောင်းမွန်စေနိုင်ကြောင်း သိရသည် ။

ဌက်ပျောသီး စားသုံးခြင်းဖြင့် ခေါင်းကိုက်ဝေဒနာ သက်သာစေနိုင်……………..




ဆေးပညာရှင် သုတေသီများ၏ လေ့လာတွေ့ ရှိချက်အရ ဌက်ပျောသီးစားသုံးခြင်းဖြင့် ခေါင်းကိုက်ဝေဒနာကို သက်သာစေနိုင်ကြောင်း လေ့လာတွေ့ ရှိရသည် ။

ဌက်ပျောသီးသည် ကာဗိုဟိုက်ဒြိတ်ဓာတ်ပါဝင်သောကြောင့် သွေးထဲရှိ သကြားဓာတ်ကို ထိန်းပေးနိုင်ကာ ခေါင်းကိုက်ခြင်းကို သက်သာစေမည်ဟု ဆိုသည် ။

ခေါင်းကိုက်ချိန်တွင် ပြင်းပြသည့် ရေမွှေးကဲ့သို့  အနံ့ များသည်လည်း အာရုံကြောအား ထိခိုက်မှုဖြစ်စေမည်ဖြစ်သည်

သာမန်အားဖြင့် ခေါင်းကိုက်သက်သာစေသည့် ဆေးဝါးများအားပုံမှန်သောက်ပါက ဆေးမတိုးခြင်းများ ဖြစ်စေနိုင်သောကြောင့် သဘာဝအာနိသင်ပါဝင်သော ဌက်ပျောသီးအား စားသုံးသင့်ကြောင်း ဖော်ပြပေးလိုက်ပါသည် ။

အိပ်စက်ခြင်းမရှိဘဲ ဂိမ်းကစားတတ်သူ ဆယ်ကျော်သက်များ ဆီးချိုရောဂါဖြစ်နိုင် ……………




ဆေးပညာရှင် သုတေသီများ၏ လေ့လောတွေ့ ရှိချက် အရ ညလုံးပေါက် အိပ်စက်ခြင်း မရှိဘဲ ကွန်ပျူတာဂိမ်းများ ကစားတတ်သည့် ဆယ်ကျော်သက်များသည် ဆီးချိုရောဂါဖြစ်စေနိုင်ကြောင့် သိရှိရသည် ။

ကောင်းမွန်စာ အိပ်စက်ရပါက ( Insulin ) အင်ဆုလင် ခုခံနိုင်မှု စွမ်းရည်မြင့်တက်လာစေနိုင်သည် ။
သာမန်အားဖြင့် တစ်နေ့ လျှင် ခြောက်နာရီအိပ်စက်သော ဆယ်ကျော်သက်များသည် တစ်နာရီ အပိုထပ်ဆောင်းလျှင် အင်ဆူလင် ၉ ရာခိုင်နှုန်း ခုခံနိုင်စွမ်းရှိသည် ။

ပစ်ဘတ်တက္ကသိုလ်မှ သုတေသီတေသီမက်သူးကာရန်က အင်ဆူလင် ရာခိုင်နှုန်းများလျှင် ဆီးချို ဖြစ်ပွားနိုင်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည် ။

ကွန်ပျူတာ နာရီပေါင်းများစွာသုံးခြင်းဖြင့် ကလေးငယ်များ ဦးနှောက်ထိခိုက်စေနိုင် ……………………..



ကလေးများ ကွန်ပျူတာကို နာရီပေါင်းများစွာ အသုံးချခြင်းကြောင့် ဦးနှောက်၏ အရေးကြီးသောအစိတ်အပိုင်းအချို့ ထိခိုက်မှု ဖြစ်စေနိုင်သည် ဟု သိရသည် ။

ဦးနှောက်ရှိ Prefrontal Cortex အလွှာအား ကွန်ပျူတာဂိမ်းကစားခြင်းနှင့် ကြာရှည်စွာ ကွန်ပျူတာ အသုံးပြုခြင်းများကြောင့် ထိခိုက်စေနိုင်ပြီး ကလေးငယ်များတွင် အရေးကြီးသည့် ဦးနှောက်ဖွံ့ ဖြိုးမှုလုပ်ငန်းစဉ်အချို့  နှောင့်နှေးစေနိုင်ကြောင့် သုတေသီများက ဆိုခဲ့သည် ။

ဦးနှောက်၏ အဆိုပါ အစိတ်အပိုင်းသည် လေ့လာသင်ယူနိုင်စွမ်းများသည့် အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သောကြောင့် စဉ်းစားနိုင်စွမ်း လျော့ကျစေနိုင်သည် ။

တရုတ်နိုင်ငံလုပ် ပျားရည်အတုများဝင်ရောက် ( သတိချပ်စေရန် ) …………….



တရုတ်နိုင်ငံမှ Antibiotic သုံးပျားရည်များသည် ဥရောပနှင့် အမေရိကန်က ပိတ်ပင်ထားသောပျားရည်များဖြစ်ရာ မြန်မာနိုင်ငံမှ စားသုံးသူများအတွက် အဆင်မပြေဖြစ်ခဲ့ရသည် ။
ရာသီဥတုဖောက်ပြန်မှု ၊ မိုးသည်းထန်မှု ၊ လေပြင်းတိုက်ခတ်မှုများကြောင့် သဘာဝ ပျားရည် ၊ မွေးပျားရည်များ အထွက်နည်းလာသည် ။

မြန်မာ့ဈေးကွက်၌ ပျားရည်ရှားပါးမှု ၊ မွေးပျားအထွက်နည်းမှုကို အခွင့်ကောင်းယူ၍ တရုတ်ပျားရည်တုများ မြန်မာ့ဈေးကွက်မှ တစ်ဆင့် ဥရောပနိုင်ငံများသို့  တင်ပို့ မှုတားဆီးသင့်သည် ။
နယ်မြေအသီးသီးမှ ပျားရည်သိုလှောင်ရောင်းချသူ ပျားရည်ဖောက်သည်များ အနေဖြင့် မိမိတို့ သိုလှောင်သော ပျားရည်များကို ပျားရည် အတုများဖြင့် မရောနှောမိစေရန် ဂရုပြု့ သင့်သည် ။

ပျားရည် အတုအစစ် ခွဲခြားသိစေရန် ...........



ပျားရည်ဂုဏ် ၊ အရည်အသွေးအရ ပျားရည်စစ် ၊ မစစ် ကို မီးခြစ်ဆံထိပ်ဖြားတွင် ပျားရည်စက်တို့ ၍ မီးခြစ်နိုင်ခြင်း ၊ သတင်းစာ စက္ကူပေါ်တွင် ပျားရည်စက်ကို တင်ကြည့်လျှင် အောက်သို့ ပေါက်ကျမသွားဘဲ ဘေးသို့  အစိုဓာတ်ပြန့် သွားခြင်း ၊ ပျားရည်တစ်ဇွန်းနှင့် စားဆီသန့် တစ်ဇွန်းကို ရောမွေကြည့်ပါက ပျားရည် တစ်ဇွန်းသာ ရရှိခြင်း ၊ ပျားရည်ကို ပုလင်းတွင် အပြည့်ထည့်ပါက အပူလွန်ကဲပြီး ပ
ုလင်းဖင်ကျွံကာပေါက်ကွဲထွက်ခြင်း စသည့် နည်းများဖြင့် စမ်းသပ်နိုင်ပြီး ပျားရည်၏ စသည့် ဂုဏ်များဖြင့် ပြည့်စုံသည် ။

နှစ်လွန်သိုလှောင်ထားသော ပျားရည်သည် ဆေးဖက်ဝင်၍ အရောင်မှာ အဝါမှ အညိုရောင် ၊ အမည်းရောင်သို့ ပြောင်းသွားသော်လည်း ဆေးဖော်စပ်သူများအတွက် အကောင်းဆုံး ဆေးဖက်ဝင် ပျားရည်ဘဲ ဖြစ်ပါတော့သည် ။

( သိထားသင့်လို့ တင်ပြသည် Mg Mandalay )

ဆီးချိုရောဂါဖြစ်ပွားမှုအား လျှော့ချနိုင်ရန် ချိစ် စားသုံးနိုင် …………..


သိပ္ပံပညာရှင်များ၏ လေ့ လာတွေ့ ရှိချက် အရ ချိစ် စားသုံးခြင်းဖြင့် ဆီးချိုရောဂါကို ကာကွယ်နိုင်ကြောင့် လေ့လာတွေ့ ရှိရသည် ။

တစ်နေ့ လျှင် ချိစ် နှစ်ပြားခန်းစားခြင်းဖြင့် ဆီးချိုရောဂါဖြစ်ပွားမှုကို ၁၂ ရာခိုင်နှုန်း လျှော့ချနိုင်သည်ဟု သိရသည် ။

သို့ သော် အဆိုပါတွေ့ ရှိချက်အသစ်သည် ယခင်က တွေ့ ရှိခဲ့သော နို့ ထွက်ပစ္စည်းများ စားသုံးခြင်းဖြင့် ဆီးချိုရောဂါ ဖြစ်ပွားနိုင်သည် ဟူသော တွေ့ ရှိချက်ကိုမှု ဆန့် ကျင်မှုရှိသည် ။

ဗြိတိန်တွင် လူပေါင်း ၂ ဘီလီယံကျော်ခန့်  ဆီးချိုရောဂါ ဝေဒနာခံစားနေရသည် ။ အများစုမှာ အဝလွန်သောကြောင့် ဆီးချိုရောဂါနောက်ဆက်တွဲ ဖြစ်ပွားခြင်းဖြစ်ကြောင်းသိရသည် ။
News
— with Nay Myo Shein.

ရေပန်းဖြင့်ရေချိုးခြင်းကြောင့် ဘက်တီးရီးယားများ အသက်ရှူလမ်းကြောင်းသို့  လွယ်ကူစွာဝင်ရောက်နိုင် ……



သုတေသီများလေ့လာမှုတစ်ရပ်တွင် ရေပန်းဖြင့် ရေချိုးခြင်းသည် ကောင်းကျိုးထက် ဆိုးကျိုးကို ပိုမိုများပြားစေနိုင်ကြောင့် လေ့လာတွေ့ ရှိခဲ့ကြသည် ။

ရေပန်းပိုက်ခေါင်းသည် သန့် ရှင်းမှု မရှိသည့်အခါ၌ မျက်နှာမှတစ်ဆင့် ပိုက်ခေါင်းရှိ ဘက်တီးရီးယားများသည် အသက်ရှူလမ်းကြောင်းအတွင်းသို့ တိုက်ရိုက်ဝင်ရောက်ရန်အတွက် အခွင
့်အလမ်းများကြောင်းလေ့လာတွေ့ ရှိခဲ့ရသည် ။

သာမန်လူများတွင် ရေပိုက်ခေါင်းမှတစ်ဆင့် ဘတ်တီးရီးယားကူးစက်မှုနည်းပါးသော်လည်း သက်ကြီးရွယ်အိုများ ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် အေ့စ် ရောဂါဝေဒနာရှင်ကဲ့သို့ ကိုယ်ခံအား မကောင်းသူများ အတွက်ဆိုးရွားသည့် အကျိုးသက်ရောက်မှုဖြစ်စေသောကြောင့် တွေ့ ရှိရသည် ။

သိပ္ပံပညာရှင်များ အနေဖြင့် လွန်ခဲ့သည်နှစ်များတွင် အဆုတ်မှတစ်ဆင့်ကူးစက်မှု ဝေဒနာလမ်းစများကို အဖြေရှာရာတွင် ရေပန်းနှင့် ရေချိုးခြင်းသည် ကြွေဇလုံဖြင့် ချိုးခြင်းထက် အဆပေါင်းများစွာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မှု ပိုမိုဖြစ်စေနိုင်ကြောင်းသိရသည် ။

အိပ်စက်စဉ် ဟောက်တတ်သူများ သာမန်လူများထက် ပိုမိုကင်ဆာဖြစ်ပွားနိုင် ………..


အမေရိကန်ဆေးပညာရှင် သုတေသီများ၏ ထုတ်ဖော်ပြောကြားချက်အရ အိပ်စက်စဉ် အသက်ရှူလမ်းကြောင်းခေတ္တပိတ်ကာ ဟောက်တတ်သူများသည် သာမန်လူများထက် ကင်ဆာရောဂါဖြစ်ပွားမှုနှုန်း နှစ်ဆပိုကြောင်း တွေ့ ရသည်ဟု ဖော်ပြသိရှိရသည် ။

သာမန်နှစ်ခြိုက်စွာ အိပ်စက်သူများနှင့် ဟောက်ကာ အိပ်စက်သူများကို နှိုင်းယှဉ်လေ့လာရာတွင် အဆိုပါတွေ့ ရှိချက်ကို တွေ့ ရသည် ။

ကောင်းမွန်စွာ အိပ်စက်ခြင်း မရှိပါက ယခင်လေ့လာတွေ့ ရှိမှုများတွင် အဝလွန်ခြင်း ၊ နှလုံးရောဂါဖြစ်ခြင်း ၊ နေ့ ခင်းပိုင်းတွင် မောပန်းနွမ်းနယ်တတ်ခြင်းနှင့် သွေးတိုး ခြင်းများ ဖြစ်စေသည်ဟု သိရသည် ။
— with Shalli Green Shalli.

ပုံမှန်ထက်ဆံပင်ပိုကျွတ်နေသလား (သို့  ) ပုံမှန်လား ......




(၁) သာမာန်ဆံပင်ကျွတ်ခြင်း

ပျိုမေတို့ ၏ဦးခေါင်းထက်မှ ဆံပင်များသည်ပုံမှန်အားဖြင့်  အပင်ရေ ၁သိန်း

ကျော်ခန်ရှိပြီး ဆံပင်တပင်၏သက်တမ်းသည် လည်း ပုံမှန်အားဖြင့် ၄နှစ်မှ ၅နှစ် အတွင်းရှိ သည်။ ပျိုမေတို့ 

၏ဦးခေါင်းထက်မှ ဆံကေသာသည်နေ့စဉ် အပင်ရေ ၅၀ မှ ၁၀၀ အတွင်းပုံမှန်ကျွတ်သည်။ထိုအတွက် ပျိုမေ

တို့  စိတ်ပူရန်မလို ပေ။ထိုဖြစ်စဉ်သည်သာမန်မျှသာဖြစ်ပြီး ၊ကျွတ်သွားသောဆံပင် အဟောင်းများ၏ နေရာ

တွင် ဆံပင်အသစ်များကနေ့ စဉ် သဘာဝအလျှောက်ပြန်လည် မွေးဖွားပေးနေသောကြေင့်  ဖြစ်သည်။ သို့ သော်

လည်း ဆံပင်သည် အသစ်လည်းမပေါက် ၊ အပင်ရေ ၁၀၀ ထက်ကျော်လွန်၍ ကျွတ်နေပြီ ဆိုလျှင် ဖြင့်  စဉ်စား


(၂) အစာလျှော့စားခြင်း (သို့ ) ၀ိတ်ချခြင်း

ပျိုမေတို့ ၏ တနေ့ တာအတွက် ခွင့် ပြူသော ကယ်လိုရီသည် ၂၀၀၀ ဖြစ်သည် ။ မိမိ သည်ဝိတ်ချနေ

ခြင်းကြောင့်၎င်း ၊ တနေ့ တာစားသောက်သော အစားအစာများသည် ကယ်လိုရီ ၁၂၀၀ ထက်လျှော့  နည်းပါ

ကလည်း ဆံပင်ကျွတ်ခြင်းကို အားပေးစေပါသည်။

(၃)စိတ်ဖိစီးမှုများခြင်း

ပျိုမေတို့ ၏သတိထားရ မည့် တချက်ကတော့  စိတ်ဖိစီးမှူ အရမ်းများခြင်းသည် လည်း ဆံပင်သာမန်

ထက်ပိုကျွတ်ခြင်းကိုဖြစ်ပေါ်စေ ပါသည်။ ထိုအချိန်အတွင်း ဆံပင်ကျွတ်ခြင်းသည် ခဏ တာသာဖြစ်ပြီး

စိတ်ဖိစီး မှူ လျှော့ ပြန်လည်လျှော့ နည်း လာသည်နှင့် အ မျှ ဆံပင်ကျွတ် ခြင်းသည် လည်း ပြန်၍ လျှော့ နည်း

လာမည်ဖြစ်သည်။

(၄) ကိုယ်ဝန်ဆောင်ချိန် နှင့်  မီးဖွားပြီးချိန်

ကိုယ်ဝန်ဆောင်ချိန်တွင် သာမန် နေ့ စဉ် ဆံပင် ကျွတ်ခြင်းသည် ခဏတာ ရပ်တန့် နေတတ်သည်။

ထို့ ကြောင့် ကိုယ်ဝန်ဆောင်ချိန် တွင် သတိပြုမိပါက ဆံပင်သားသည် ခပ်ထူထူ ဖြစ်နေတတ်သည်။ မီးဖွားပြီး

သည်နှင့်  တပြိုင် နက် သာမန်ကျွတ်ရမည့်  အချိန် တွင်မကျွတ် ပဲကျန်နေသည့်  ဆံပင်များသည် ထိုအချိန်

မှစု၍အုံလိုက်ကျွတ်တတ်သည်။ သို့  သော်လည်းထို ဖြစ်စဉ်မှာ သာမန်မျှသာဖြစ်သောကြောင့်  အရမ်းစိုးရိမ်

စရာမလိုပေ။မကြာခင် အချိန်အတွင်း တွင် ဆံပင်ပေါက်ပုံ ၊ ကျွတ်ပုံမှာ ပုံမှန်အတိုင်းပြန်ဖြစ် သွားမည်ဖြစ်သည်။

(၅) ရာသီဥတုအပြောင်းအလဲ

နောက်ဆုံးသတိထားရမည့် အချက်ကတော့  ရာသီဥတု အပြောင်းအလဲ ကြားတွင်လည်း

ဆံပင်အကျွတ်များတတ်သည် ။ အဓိကအားဖြင့်  နွေဦးရာသီနှင့်  ဆောင်းဦးရာသီ များသည် သာမာန်ထက်

ပို၍ ဆံပင်အကျွတ်များသော ရာ သီများဖြစ်သည်။

အကောင်းဆုံးကတော့  မိမိ ကိုယ်ကို အထက်ပါ အချက် များကို ကြည့်  ပြီးဆန်းဆစ် ပါ။ အကယ်၍

မိမိ၏ ဆံကေသာသည် အထက်ပါ အချက်များတွင်မပါဝင် ဘဲ အလွန် အကျွံ ကျွတ်နေပါက ဆံကေသာကျွမ်းကျင်သူ (သို့ ) ဆရာဝန်နှင့်  တိုင်ပင်ပြီး ကုသမှူ ခံယူ သင့်  ပါသည်။
Health
— with Shalli Green Shalli.

မျက်ကပ်မှန်ထိန်းသိမ်းနည်း ခြောက်နည်း ...............



၁။ အိပ်ရာဝင်ရင် မျက်ကပ်မှန်ကိုချွတ်ထားပါ။
“မျက်ကပ်မှန်ကို အကြာကြီးတပ်ထားရင် ဒါမှမဟုတ် အိပ်တဲ့အချိန်တပ်ထားရင် မျက်လုံးရဲ့ မျက်ကြည်လွှာမှာ အောက်ဆီဂျင်နဲ့ ရေငွေ့ပမာဏကို လျော့ကျစေတဲ့အတွက် မျ
က်လုံးမှာ ကူးစက်ရောဂါများဝင်ရောက်လာခြင်း၊ မျက်လုံးရောင်လာခြင်းနဲ့ ပုံမမှန်တဲ့ သွေးကြောကြီးထွားလာမှုများ ဖြစ်စေနိုင်တယ်” လို့ Dr.Roque က ရှင်းလင်းပြောဆိုခဲ့ပါတယ်။


၂။ မျက်ကပ်မှန်ကို ပုံမှန်သန့်ရှင်းရေး ပြုလုပ်ပြီး ပိုးသန့်စင်ပေးပါ။
မျက်ကပ်မှန်ကို ချွတ်လိုက်ပြီး နောက်တစ်ကြိမ်ပြန်မသုံးခင်တိုင်းမှာ သေချာသန့်စင် ဆေးကြောပြီး ပိုးသတ်ပေးပါလို့ Philippines ရဲ့ Mahati မြို့ The Asian Eye Institute မှ မျက်စိအထူးကုပါရဂူ Dr. Maria Imelda Yap Veloso ကပြောခဲ့ပါတယ်။

၃။ မျက်ကပ်မှန်ထည့်သိမ်းထားတဲ့ဘူး (containers)တွေကို သန့်ရှင်းအောင်ထားပါ။
Container တွေကိုမျက်ကပ်မှန်ဖယ်ပြီးတိုင်း ဆေးကြောသန့်ရှင်းပါ။ ပြီးရင် အခြောက်ခံထားလိုက်ပါလို့ Yap Veloso ကပြောခဲ့ပါတယ်။ နောက်ပြီး စင်ကာပူက Clearvision Eye Clinic မှ Eye Surgeon & Director ဖြစ်တဲ့ Dr. Tony Ho က အကြံပေးထားတာတော့ “သင့်ရဲ့ Storage Container တွေကို ခြောက်လကြာတိုင်းမှာ လဲလှယ်ပေးပါ” လို့ဆိုပါတယ်။

၎။ အကောင်းဆုံးသန့်စင်တဲ့ အရည်တွေကိုသုံးပါ။
Dr. Ho က မျက်ကပ်မှန်တွေ အားလုံးအတွက် ပိုမွှားသန့်စင်တဲ့ Saline ကို အသုံးပြုပါလို့ အကြံပေးထားပါတယ်။ “ဒါမှမဟုတ် မျက်ကပ်မှန်တွေ ဆေးကြောသန့်စင်ဖို့၊ သိမ်းထားဖို့အတွက် တခြားပိုးသတ်နိုင်တဲ့ Multipurpose Solutionတွေကိုလည်း သုံးနိုင်ပါတယ်” လို့ ဆိုပါတယ်။

၅။ သင်ရဲ့မျက်ကပ်မှန်ကို စိုစွတ်နေစေဖို့ ဘယ်တော့မှတံထွေးဆွတ်မပေးပါနဲ့၊ သင်ရဲ့ပါးစပ်ကို မျက်ကပ်မှန်နဲ့ မထိတွေ့ပါစေနဲ့။
“တံထွေးမှာ ဘက်တီးရီးယားတွေ အများကြီးရှိပါတယ်။ ဒါကြောင့် မျက်ကပ်မှန်တွေကို သွားဆွတ်လိုက်ရင် ကူးစက်ရောဂါ တွေရလာစေနိုင်ပါတယ်” လို့ Dr. Yap Veloso ကပြောခဲ့ပါတယ်။

၆။ ရေကူးတော့မယ်ဆိုရင် မျက်ကပ်မှန်ကို ချွတ်ထားပါ။
Dr. Yap Veloso ရဲ့ ပြောကြားချက်မှာ “ရေကူးတဲ့အခါ ဖုန်မှုန့်၊ ဓာတုပစ္စည်း၊ ပိုးမွှားတွေနဲ့ အမှိုက်သရိုက်တွေဟာ မျက်လုံးထဲကို ဝင်ရောက်လာနိုင်ပြီး မျက်ကပ်မှန်တွေမှာ လာကပ်နိုင်ပါတယ်။ အဲဒီနောက် မျက်လုံးမှာ ဆိုးကျိုးတွေဖြစ်လာစေနိုင်ပါတယ်” လို့ ဆိုပါတယ်။Health
— with Shalli Green Shalli.

အနီးမှုန်ဖြစ်စေသော မျိုးဗီဇကို ရှာဖွေတွေ့ရှိ ...............



အနီးမှုန်ဖြစ်တာနဲ့ ဆက်စပ်နေတဲ့ မျိုးဗီဇ တစ်ခုကို ဩစတြေးလျ သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ဒီတွေ့ရှိမှုကြောင့် နောင်အခါ မျက်မှန်တွေနေရာမှာ ဆေးဝါး ကုသမှုတွေနဲ့ အစားထိုးနိုင်တော့
မယ်လို့ တွေ့ရှိသူတွေက ဆိုပါတယ်။

သုတေသီတွေက အရွယ်ရောက်ပြီးသူ ၅၅၁ ယောက်ရဲ့ မျိုးရိုးဗီဇပစ္စည်း (DNA) ကို လေ့လာခဲ့ရာ အနီးမှုန်ဖြစ်တာနဲ့ ဆက်စပ်နေ တဲ့ Hepatocyte Growth Factor (HGF) မျိုးဗီဇရဲ့ ပြောင်းလဲမှုတွေကို တွေ့ရှိခဲ့ ပါတယ်။ အနီးမှုန်ဖြစ်တဲ့ လူတွေဟာ အဝေးက အရာတွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။

ဒါပေမယ့် စာဖတ်တာလိုမျိုး အနီးကပ်ကြည့်ရတဲ့ အခါမျိုးမှာ အခက်အခဲ ဖြစ်တတ်ပါတယ်။ အနီးမှုန်ခြင်းဟာ ပတ်ဝန်းကျင်အကြောင်းအချက်တွေနဲ့ မျိုးရိုးဗီဇဆိုင်ရာ အချက်တွေ ပေါင်းစပ်ပြီး ဖြစ်လာတာပါ။ အနီးမှုန်တဲ့အခါမျက်မှန်၊ မျက်ကပ်မှန်တွေတပ်ဖို့လိုအပ် ပါတယ်။
HGF က ဒီအခြေအနေနဲ့ ဆက်စပ်နေတဲ့ ပထမဆုံး မျိုးဗီဇ ဖြစ်ပါတယ်။

“ဒီအရေးကြီးတဲ့ မျိုးဗီဇကို ရှာဖွေတွေ့ရှိမှုဟာ ဆေးဝါးသစ်တွေ ထုတ်လုပ်နိုင်အောင် ကူညီပေးတဲ့အတွက် မျက်စိ ကျန်းမာရေး တိုးတက်မှုအတွက် အကြီးအကျယ် အကျိုးပြုမှာ ဖြစ်ပါတယ်” လို့ မဲလ်ဘုန်းရှိ ဩစတြေးလျ မျက်စိသုတေသနဌာနမှ သုတေသနကို ဦးဆောင်သူ Professor Paul Baird ကဆိုပါတယ်။
— with Shalli Green Shalli.

အင်တာနက် အလွန်အကျွံသုံးစွဲမှုကြောင့် ကလေးငယ်များ စိတ်ပိုင်းဆိုင်ရာ ဝေဒနာများဖြစ်နိုင် ……………




ဆေးပညာရှင် သုတေသီများ၏ လေ့လာတွေ့ ရှိချက်များ အရ အင်တာနက် အလွန်အကျွံသုံးစွဲမှုရှိသည့် ကလေးငယ်များသည် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ဝေဒနာများဖြစ်ပေါ်စေသည် ဟု သတင်းတွင်ဖော်ပြသည် ။

သုတေသီများက ယင်းသို့ အလွန်အကျွံသုံးစွဲသူများတွင် ** DSM- IV **ဟု အမည်ပေးထားသော စိတ်ပိုင်းဆိုင်ရာ ဝေဒနာများဖြစ်ပေါ်စေသည် ဟု ဆို
သည် ။

လာမည့်နှစ် မေလပိုင်းတွင် အဆိုပါ ရောဂါအား အတည်ပြု့ ပေးမည်ဟု ဆိုသည် ။

အင်တာနက်သုံးစွဲမှု များသည် နေရာအနှံ့ တွင် ဈေးနှုန်းသက်သာစွာ နှင့် သုံးစွဲနိုင်သော်လည်း အလွန်အကျွံ သုံးစွဲပါက စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေနိုင်သည်ဟု သြစတြေးလျ သုတေသီများက ဆိုသည် ။

လေ့လာမှု မှတ်တမ်းများ အရ ဥရောပတွင် အသက် ၁၂ နှစ်အရွယ် ကလေးငယ်များသည်ပင် အင်တာနက်ဂိမ်းအပေါ် စွဲလမ်းမှု ရောဂါဖြစ်ပေါ်လျက်ရှိကြောင့် သိရသည် ။
News

အသားစားခြင်းကြောင့် အမာရွတ်ထူ ကျန်ခြင်းမဟုတ် ...........


ခွဲစိတ်ပြီးနောက် အမာရွတ်ထူကျန်ရစ်ခြင်းသည် အသားစားခြင်းကြောင့် မဟုတ်သည့် အတွက် ကြက်သား၊ ဝက်သားစသော အသားငါးများကို ပုံမှန်စားသောက်နိုင်ကြောင်း အရေပြား အထူးကုဆရာဝန် ဒေါက်တာစိုးဝင်းဦးက ပြောသည်။

အနာကျက်ပြီးနောက် အမာရွတ်ဖြစ်ချိန်တွင် ဆဲလ်များက ဆက်လက် အလုပ်လုပ် နေသောကြောင့် အသားတက်ခြင်း မရပ်တန့်နိုင်သည့်အတွက် အသားတိုးကာ ဖြစ်ပေါ်လာသော အမာရွတ်အထူ အ
မျိုးအစား ကီးလွိုက် (Keloid) သည် အဓိကအားဖြင့် မျိုးရိုးဗီဇနှင့် သက်ဆိုင်ပြီး ဒဏ်ရာ အမာရွတ်များကို အဆမတန် ကုတ်ခြစ်ဖိဆွခြင်းကြောင့် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အနာ ဖြစ်ပြီးသွားတဲ့အခါ အမာရွတ်က ချိုင့်လို အခွက်တွေ ဖြစ်ပြီး ဘေးနှုတ်ခမ်းသားတွေက လက်ချောင်းလို ကားထွက်လာတာကို ကီးလွိုက်လို့ ခေါ်တာပါ။

သူ့ရဲ့ အဓိက ပြဿနာက ယားတာပဲ။ ယားလို့ ကုတ်တဲ့အခါ ကုတ်ခြစ်ရာတွေကို ဆွပေးသလိုဖြစ်ပြီး အဲဒီကတစ်ဆင့်အမာရွတ် ပိုကြီးလာပြီး ဒီရောဂါ ဖြစ်တာပါပဲ” ဟု ဒေါက်တာ စိုးဝင်းဦးက ဆိုသည်။ “အများအားဖြင့် ရင်ဘတ်၊ လက်မောင်း၊ ကျောအပေါ် ပိုင်းနှင့် နားဖောက်သည့် နေရာများတွင် ဖြစ်ပွားလေ့ရှိပြီး ကာကွယ်ဆေး ထိုးထားသည့် နေရာ၊ မီးလောင်ဖု ဖြစ်သည့်နေရာ၊ ဝက်ခြံဖုများကို အဆမတန်ညှစ်သည့် နေရာတို့တွင် အမာရွတ်များ ကျန်ခဲ့ပြီး နောက်ပိုင်းမှ ကီးလွိုက်ရောဂါ ဖြစ်လာနိုင်ခြေရှိခြင်း ဖြစ်သည်။

မျက်နှာမှာ ဖြစ်တယ်ဆိုရင် အဖု အထစ် ချိုင့်ခွက်တွေ ဖြစ်လာပြီး အလင်းပြန်မှုတွေ မညီတော့ဘူး။ အဲဒီအခါမှာ ကိုယ့်ကို ကြည့်ရဆိုးစေတယ်” ဟု ဒေါက်တာ စိုးဝင်းဦးက ပြောသည်။

Did You Know?




သင်ဟာ အိပ်ပျော်နေချိန်မှာ အသက်ရှူကျပ်ပြီး လန့်နိုးတတ်ပါက လေဖြတ်ရောဂါနဲ့ သေနှုန်း ၅ ဆပိုမြင့်နိုင်ခြေရှိတယ်ဆိုတာ သင်သိပါရဲ့လား?

( သိထားနော် Mg Mandalay)

မိတ်ဆွေ သင်သည် ဆေးလိပ်သောက်နေပါက ဆေးလိပ်ဖြတ်လိုက်ပါ ဘယ်တော့မှ နောက်မကျပါ .............



ကင်ဆာရဲ့ ဘယ်အဆင့်မှာမဆို ဆေးလိပ်ဖြတ်နိုင်ရင် ကင်ဆာရောဂါရှင်ရဲ့ အသက်ကို ရှည်အောင်ဆွဲဆန့်နိုင်ပါတယ်။ အဆုတ်ကင်ဆာလို့ သတ်မှတ်ခံထားရသူဟာ သေမိန့်ကျတာ မဟုတ်ပါဘူး။ ဒီအဆင့်မှာ ဆေးလိပ်ဖြတ်နိုင်ရင် အသက်ရှင်နိုင်တဲ့ အခွင့်အရေး ပိုများတယ်လို့ ဆရာဝန်တွေက ထုတ်ဖော်ပေးထားပါတယ်။

ကင်ဆာရောဂါမှန်း သိရှိပြီးနောက် ဆေးလိပ်ဖြတ်သူတေ
ွဟာ နောက်ထပ်ငါးနှစ် အသက်ရှင်နှုန်း ၆၃ မှ ၇၀ ရာခိုင်နှုန်း ရှိပါတယ်။ ဆေးလိပ်ဆက်သောက်သူတွေမှာမူ အသက်ရှင်နှုန်း ၂၉ မှ ၃၃ ရာခိုင်နှုန်းသာ ရှိတယ်လို့ ကင်ဆာသုတေသီတွေက ပြောကြားပါတယ်။ အင်္ဂလန်နိုင်ငံ၊ ဘာမင်ဟန် တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက ဆေးလိပ်သောက်ခြင်းနဲ့ ကင်ဆာ အသက်ရှင်နှုန်းအတွက် သုတေသန ၁၀ ကို ပြန်လေ့လာပြီးမှ ပြောကြတာပါ။

ဆေးလိပ်သောက်တာဟာ ကင်ဆာကြီးထွားမှုကို ပိုပြီးအားပေးတာကြောင့်လို့ ဆိုပါတယ်။ တစ်သက်လုံး ဆေးလိပ်သောက်လာသူတွေဟာ လုံးဝ ဆေးလိပ်မသောက်သူတွေထက် အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ အဆ ၂၀ ရှိတယ်ဆိုတာ လေ့လာမှုအရ သိရှိရပါတယ်။

အိမ်တစ်အိမ်၏ ပိုမွှားအများဆုံးနေရာ ခြောက်နေရာ ..................




( ၁ ) မီးဖိုချောင်ဘေစင်
အိမ်သာခွက်ထဲမှာရှိတဲ့ ပိုမွှားတွေကြောင့် ဖျားနာမှုတွေ ရနိုင်တယ်ဆိုတာကို ကျွန်မတို့အားလုံး သိကြပါတယ်။ ဒါပေမယ့် အိမ်သာခွက်ထက် ဘေစင်မှာ ပိုးမွှားတွေ ပိုများတယ်ဆိုတာကိုတော့ မသိကြပါဘူး။ ပန်းကန်ခွက်တွေထဲက အစာအစအနတွေ၊ ပန်းကန်ဆေးရင်းကနေ ကပ်ကျန်နေတဲ့ အစားအစာတွေဟာ နာမကျန်းမှုဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ရှင်သန်ပေါက်ဖွားစေပ
ါတယ်။ ဒီလိုပိုးကောင်တွေဟာ လက်တွေ၊ အစားအစာတွေဆီကို ရောက်ရှိလာပါတယ်။

အိမ်သာကို ပိုးသတ်ဖို့ သတိရကြပေမယ့် ဘေစင်ကို သန့်ရှင်းရေးပုံမှန်လုပ်ပေးဖို့တော့ မေ့နေတတ်ပါတယ်။ သန့်ရှင်းရေးလုပ်တယ်ဆိုရင်လည်း ရေနဲ့ဆေးချတာကို သန့်ရှင်းသွားပြီလို့ ထင်တတ်ပါတယ်။ တကယ်တမ်း ဘက်တီးရီးယားတွေ မပေါက်ဖွားစေချင်ရင်တော့ ချွတ်ဆေးရည်ကို အသုံးပြုသင့်ပါတယ်။ ဆေးများများနဲ့ ဆေးချပစ်ပြီး ပိတ်ဆို့နေတာတွေကို ဖယ်ရှားပေးရပါမယ်။ ပြီးရင် လက်ဆေးဖို့လည်း မမေ့သင့်ပါဘူး။

( ၂ ) သွားပွတ်တံ
တစ်နေ့နှစ်ကြိမ်ခန့် ပါးစပ်ထဲထည့်တတ်တဲ့ သွားပွတ်တံမှာ ပိုးကောင်ပေါင်းများစွာက အခွင့်အရေးတွေကို စောင့်ပြီး ချောင်းမြောင်း နေပါတယ်။ သွားတိုက်ပြီးလို့ သွားပွတ်တံကို ဆေးပြီးရင် အဲဒီအစိုအတိုင်းပဲ ထားတတ် ကြပါတယ်။ ဘက်တီးရီးယားတွေဟာ စွတ်စိုထိုင်းမှိုင်းမှုကို သဘောကျပါတယ်။ ဒီလို ပတ်ဝန်းကျင်မျိုးမှာ ရှင်သန်ပေါက်ဖွား တတ်ကြပါတယ်။ ဒါကြောင့် သွားတိုက်တံကို သုံးပြီးရင် လေဝင်လေထွက်ကောင်းတဲ့ နေရာမျိုးမှာ ထားသင့်ပါတယ်။ ဒီနေရာဟာ အိမ်သာနဲ့ဝေးတဲ့နေရာလည်း ဖြစ်ရပါမယ်။ အိမ်သာကို သန့်ရှင်းရေးလုပ်တဲ့အခါမျိုးမှာ ပြန့်ထွက်လာတတ်တဲ့ ပိုးကောင်တွေဟာ ရေချိုးခန်းတစ်ဝိုက်မှာ အနည်းဆုံးနှစ်နာရီခန့် ရှင်သန်နေထိုင်နိုင်ပါသေးတယ်။ နေမကောင်းဖြစ်ပြီးတဲ့ အခါတိုင်းမှာလည်း သွားပွတ်တံကို လဲပေးသင့်ပါတယ်။

( ၃ ) ဆားဘူးနှင့် ငရုတ်သီးဘူး
ကျွန်မတို့ အိမ်ရဲ့ အညစ်ညမ်းဆုံး နေရာတွေဟာ ထမင်းစားပွဲခုံပေါ်မှာလည်း ရှိနေနိုင်ပါတယ်။ အအေးမိစေတဲ့ ဗိုင်းရပ်စ်တွေဟာ ငရုတ်သီး၊ ဆားဘူးတို့လိုမျိုး အကိုင်အတွယ်များတဲ့ နေရာတွေမှာ ရှိနေတတ်ပါတယ်။ ဒါကြောင့် အစားအသောက်တွေ ပြင်ဆင်ပြီးတဲ့အခါ၊ စားသောက်ပြီးတဲ့ အခါတွေမှာ ခုံကို သန့်ရှင်းရေးလုပ်တိုင်း ဒီဘူးတွေကိုပါ အဝတ်နဲ့ သုတ်ပေးရပါမယ်။ ပိုမွှားတွေ ပြန့်ပွားတာကို ကာကွယ်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ လက်ကိုမကြာခဏ ဆေးပေးခြင်းပါပဲ။

( ၄ ) ရီမုတ်
ဒီပစ္စည်းလေးဟာ ကြမ်းပြင်ပေါ် ကျနေနိုင်သလို ဆိုဖာတွေ ကြားမှာလည်း ညပ်နေနိုင်ပါတယ်။ ဒီလိုနေရာမျိုးတွေမှာ နှာချေခြင်း၊ ချောင်းဆိုးခြင်းက ထွက်လာတဲ့ပိုးမွှားတွေ စုပုံနေတတ်ပါတယ်။ ရီမုတ်တစ်ခုတည်းကိုပဲ တစ်အိမ်သားလုံးက သုံးစွဲကြပါတယ်။ ဒါကြောင့် အိမ်ရှိ လူတိုင်းဟာ ပိုးကောင်ပေါင်းများစွာနဲ့ ထိတွေ့နိုင်ပါတယ်။ ရီမုတ် ၅၀ ရာခိုင်နှုန်းမှာ အအေးမိစေတဲ့ ဗိုင်းရပ်စ်တွေ အဓိကရှင်သန်တတ်ပါတယ်။ ဒါကြောင့် အရက် ဒါမှမဟုတ် ချွတ်ဆေးအနည်းငယ်ကို သုံးပြီး သန့်ရှင်းရေး လုပ်ပေးသင့်သလို မကိုင်တွယ်ခင်နဲ့ ကိုင်တွယ်ပြီးချိန်တွေမှာ လက်ဆေးပေးဖို့ လိုအပ်ပါတယ်။

( ၅ ) ကွန်ပျူတာကီးဘုတ်
ကွန်ပျူတာနားမှာ အစာစားမယ်၊ နှာချေမယ်၊ စားရင်း လက်မဆေးရသေးခင် သုံးနေမယ် ဆိုရင် ကီးဘုတ်ဟာ ရောဂါပိုးတွေ စုဝေးရာ နေရာကြီး ဖြစ်သွားပါလိမ့်မယ်။ ကျန်းမာရေးကို ထိခိုက်စေတဲ့ E-Coli နဲ့ Staph ပိုးကောင်တွေ စုဝေးနေတတ် ပါတယ်။ ကီးဘုတ် ၃၃ ခုမှာ လေးခုက ပိုးတွေအများအပြားရှိနေတတ်ပါတယ်။ ဒါကြောင့် ကွန်ပျူတာအနားမှာ မဖြစ်မနေ အစာစားရမယ် ဆိုရင်လည်း အစာအစအန တွေ မကျန်ပါစေနဲ့။ အရက် ဒါမှမဟုတ် ချွတ်ဆေးကိုသုံးပြီး သန့်ရှင်းရေး လုပ်တဲ့အခါတိုင်း မှာ Mouse ကိုပါ သန့်ရှင်းပေးပါ။

( ၆ )ရချိုးခန်း
ကျွန်မတို့ကို သန့်ရှင်းစေတဲ့ ဒီရေချိုးခန်းကြီးဟာ သူကိုယ်တိုင်တော့ မသန့်ရှင်းပါဘူး။ ရေချိုးခန်းရဲ့ ပိုက်ဆက် နေရာတိုင်းမှာ ပိုးမွှားတွေ ခိုအောင်းနေ တတ်ပါတယ်။ ရေစိမ်ကန်တွေဆိုရင် ပိုဆိုးပါတယ်။ မှိုတွေဟာ စွတ်စိုထိုင်းမှိုင်းမှုကို သဘောကျတာကြောင့် ၈၁ ရာခိုင်နှုန်းသော ရေချိုးခန်းတိုင်းဟာ မှိုစွဲနေပြီး ၃၄ ရာခိုင်နှုန်းကတော့ ဘက်တီးရီးယားတွေ ခိုအောင်းနေတတ်ပါတယ်။ ဒါကြောင့်အိမ်သာကို သန့်ရှင်းရေးလုပ်ဖို့ သတိရတိုင်း ရေချိုးခန်းကိုပါ ထည့်သွင်း စဉ်းစားပါ။ အထူးသဖြင့် ပိုက်ဆက်နေရာတွေကို သတိထားပြီး သန့်ရှင်းရေးလုပ်ပေးပါ။

သင့်ကျန်းမာရေးအတွက် ဒါတွေသင်သိရဲ့လား ..........




ခရမ်းချဉ်သီးအနှစ်က ကျန်းမာရေးအတွက် ဘယ်လိုအကျိုးပြုပါသလဲ
ခရမ်းချဉ်သီးအနှစ်မှာ ဗီတာမင် C ၊ ဘီတာကရိုတင်းနဲ့ Lycopene တွေ ပါဝင်တဲ့အတွက် အရွယ်တင်နုပျိုစေတဲ့အပြင် နာတာရှည်ရောဂါတွေကို ကာကွယ်ပေးပါတယ်။ ဒါ့ပြင် အရွယ်မတိုင်ခင် အရေပြားမှာ အရေးကြောင်းတွေ ပေါ်အောင်နဲ့ အရေပြားကင်ဆာကို ကာကွယ်ပေးပါတယ်။

ကြက်ဥစားတာဟာ ကျန်းမာရေးကို ဘယ်လိုအထောက်အကူပြုပါသလဲ
တစ်နေ့ကို ကြက်ဥတစ်လုံးစားပေးတဲ့ အမျိုးသမီးတွေမှာ ရင်သားကင်ဆာဖြစ်နိုင်ခြေ ၂၄ ရာခိုင်နှုန်းနည်းပါးနေတာကို တွေ့ရပါတယ်။

သီချင်းနားထောင်တာဟာ ဘယ်လိုအကျိုးရှိပါသလဲ
စိတ်ညစ်တာတွေ ပျောက်စေဖို့ သီချင်းနားထောင်တာဟာ လေ့ကျင့်ခန်းပြီးရင် ဒုတိယ အထိရောက်ဆုံးနည်းလမ်း ဖြစ်ပါတယ်။ ဒါပေမယ့် စည်းချက်လိုက်ချင်စရာ ကောင်းလောက်အောင် မြူးကြွတဲ့သီချင်းဖြစ်ဖို့တော့ လိုပါတယ်။

လက်ဖက်စိမ်း လက်ဖက်ရည်ရဲ့ အာနိသင်က ဘာပါလဲ
လက်ဖက်စိမ်း လက်ဖက်ရည်သောက်တာဟာ ကိုယ်အလေးချိန် လျော့ကျစေမယ့် နည်းလမ်းကောင်းတစ်ခုပါပဲ။ ဘာဖြစ်လို့လဲဆိုရင် ခန္ဓာကိုယ်ရဲ့ ကယ်လိုရီ လောင်ကျွမ်းစေတဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို အားကောင်းစေတာကြောင့်ပါ။ ဒါကြောင့် ပမာဏအနည်းငယ် သောက်ရင်တောင် စိတ်ကိုလန်းဆန်း စေနိုင်ပါတယ်။

စိတ်ကျရောဂါ (Depression ) သိထားသင့်သည်………




စိတ်ကျရောဂါ ( Depression ) သည် ဘယ်လို လူမျိုးတွေမှာဖြစ်နိုင်ပါသလဲလို့ မေးလာနိုင်စရာရှိပါတယ် ၊ သုတေသန ပညာရှင်တွေ ၊ လူတန်းစားအလွှာပေါင်းစုံ ၊ အောင်မြင်ခြင်းရရှိသူတွေ ရှုံးနိမ်းခြင်းကျဆုံးခြင်းဖြစ်သည့်လူတွေ နောက်ဆုံးကုန်ကုန်ပြောရရင် လူသားများဖြစ်သော လူသားတိုင်းဖြစ်နိုင်သည့် ရောဂါတမျိုးဘဲဖြစ်ပါတယ် ။

ဒီလို စိတ်ကျရောဂါ ဖြစ်ပွားနေသော သူများတွင်လည်း တခြားရောဂါမ
ျားလည်း ရှိနေနိုင်ပါသည် ။ စိတ်ကျရောဂါ ဖြစ်ပွားနေပြီးလို့ သတ်မှတ်ထားသည့်ကိုတော့ စိတ်ပျက်ဖွယ် လည်း မဟုတ်ပါဘူး စိတ်ကျရောဂါသည် ကုသခြင်းဖြင့် ပြန်လည်ကောင်းမွန်နိုင်သော ရောဂါတစ်မျိုးလည်း ဖြစ်ပါသည် ။ ကမ္ဘာ့ စိတ်ကျန်းမာရေး အဖွဲ့ ၏ လေ့လာထာသော အစီရင်ခံစာ အရ ထုတ်ဖော်တင်ပြထားသည်မှာ လူ ၂၀ တွင် တစ်ယောက်သည် စိတ်ကျရောဂါ ဖြစ်ပွားစေသည်ဟု ထုတ်ပြန်ခဲ့ပါသည် ။
စိတ်ကျရောဂါ ရဲ့ လက္ခဏာတွေ အများကြီးရှိသည့်ထဲ့မှာ လူတိုင်းသိနားလည်နိုင်သည့် အချက်တွေကို တင်ပြရမယ်ဆိုရင် မိမိသည့် အလိုလိုနေရင်း မောပန်းနေမယ် အာရုံစိုက်ခြင်းတွေ နည်းပါးလာပြီးတော့ အာရုံစိုက်မှုတွေ ခက်ခဲနေလာမယ် စိတ်ခံစားချက်တွေက မအီမလည်ကြီးတွေ ဖြစ်နေမယ် အလိုလို နေရင်းနဲ့ လည်း စိတ်တိုနေတတ်တယ် ဘာလုပ်လုပ် မဖြစ်တော့ပါဘူးကွာ ဆိုသည့် စိတ်ပိုင်းဆိုင်ရာတွေမှာလည်း စိတ်ဓာတ်တွေ ကျဆင်းနေမယ် ဒါတွေဟာ စိတ်ဓာတ်ကျဆင်းခြင်း ရဲ့ လက္ခဏာတွေဘဲဖြစ်ပါတော့သည် ။

စိတ်ကျရောဂါ ကြောင့် လူတစ်ယောက်၏ လုပ်ငန်းဆောင်တာများ ကို ထိခိုက်စေပါသည် နောက်ဆက်တွဲ အဖြစ် အဆိုးဆုံးမှာ ခံစားလာမိသော စိတ်ကျရောဂါကြောင့် မိမိကိုယ်ကို သေကြောင်းကြံစည်မှု ( Suicide ) ကို ဖြစ်ပွားလာစေနိုင်ပါသည် ။

အသက်ပိုင်းခြားအလိုက်ကတော့ ယနေ့ လူငယ်များ နှင့် လူလတ်ပိုင်း တွေ ပိုများပြားလာကြောင့်တွေ့ ရှိနေရပေသည် ။အသက်ကြီးရင့်သည့် အပိုင်းတွင် ရာခိုင်နှုန်း နည်းပါးကြောင်းလည်း လေ့လာတွေ့ ရှိပါသည် ။
အာရှဒေသများဖြစ်သော စင်္ကာပူနိုင်ငံ ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့ တွင် လွန်ခဲ့သော နှစ်များကပင် သေကြောင့်ကြံစည်မှု့ သည် ခေတ်စားသလို့ဖြစ်ခဲ့ဘူးပါသည် ။

ကမ္ဘာ့ကြီးအပေါ်တွင် လူသားအားလုံးအနေနဲ့  ပြောပြရရင် မိမိကိုယ်ကို သေကြောင်းကြံစည်မှု ကြောင့် နှစ်စဉ်လူဦးရေ တစ်ဘီလီယံ သည် ဝမ်းနည်းကြေကွဲစွာ အဖြစ်များနဲ့  သေဆုံးနေကြရပါသည် ။ တနည်းအားဖြင့် မိမိကိုယ်ကို သေကြောင်းကြံစည်မှုကြောင့် နေ့ စဉ် လူသုံးထောင် လောက်သေဆုံးနေကြရပါသည် ။ ထိုကဲ့သို့  လုပ်ဆောင်သူသည့် အကြိမ် ၂၀ အထက် သေကြောင်းကြံစည်ကြကြောင်း စာတမ်းများ သိတင်းများ ထုတ်ပြန်ချက်များ အရ သိရှိရပါသည် ။

အမျိုးသမီးများသည် စိတ်ကျရောဂါ ဖြစ်ပွားမှု့  အများဆုံးဖြစ်ပွားခဲ့ပြိး ဆင်းရဲခြင်း ၊ လှပမှု့ ကိုရှေ့တန်းတင်မိခြင်း ၊ ပညာရေး အဆင့်အတန်း နိမ့်ကျခြင်း ၊ မျိုးရိုးရှိခြင်း ၊ လိင်အကြမ်းဖက်မှု့ ပြုမှုခံစားရခြင်း ၊ အချစ်ရေး ကိစ္စများ ၊ အိမ်ထောင်ကွဲခြင်း ၊ နာတာရှည်ရောဂါများ ခံစားရခြင်းတို့ သည် စိတ်ကျရောဂါ ဖြစ်ပွားမှုများသော အခြေအနေအရပ်ရပ်များ ဖြစ်ပါသည် ။


စိတ်ကျရောဂါဖြစ်ပွားသူတွက် ကူညီနိုင်သော နည်းလမ်းများမှာ -
စကားပြောပြောပေးခြင်း ၊ ပြောဖြစ်သည့် အကြောင်းများကို ဂရုတစိုက် နားစိုက်ထောင်ပေးခြင်း ၊ ဘာသာရေး အသိများကို တဖြေးဖြေးခြင်း သိရှိနားလည်အောင် လေးလေးနက်နက် အသိပေး ပြောပြပေးခြင်း ၊ စိတ်ရောဂါအတွက် ဆေးဝါးကုသမှု ပြုလုပ်ပေးခြင်း ၊ ကုသခြင်းအတွက် လိုအပ်သော အကူအညီများ ထောက်ပံ့ပေးစေခြင်း ၊ မိမိကိုယ်ကို သေကြောင်း ကြံစည်မှု၏ ရှေ့ပြေး လက္ခဏာများကို သိရှိအောင် လေ့လာခြင်း ၊ နေ့ စဉ်နေတိုင်း သူ၏ လုပ်ဆောင်ချက်များကို ဝင်ရောက်အကုအညီပေးပေးခြင်းနှင့် ပုံမှန်လုပ်ငန်းဆောင်ရွက်ချက်များကို လုပ်ဆောင်နိုင်အောင် လုပ်ပေးနိုင်အောင် များစွာကူညီပေးခြင်း တို့ ဖြစ်ပါသည် ။

ယနေ့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ….စိတ်ကျရောဂါသည် ပြည့်သူကျန်းမာရေး ပြဿနာ တရပ် …..အနေဖြင့် ရောက်ရှိလာနေခြင်းကြောင့် လူတိုင်း လူတိုင်းအနေဖြင့် စိတ်ကျရောဂါ အကြောင်း သိရှိအောင် လေ့လာခြင်း ဖြင့် ထို စိတ်ကျရောဂါရှိကို … “ စိတ်ကျရောဂါ ကမ္ဘာလုံးဆိုင်ရာ အရေးကြီးဆုံး အချိန် ” ( Depression : A Global Crisis ) ဆောင်ပုဒ်လေး အတိုင်း …လူသားများ အားလုံး ပူးပေါင်းပါဝင်ပြီး အသက်ရာကျော်ရှည်ပါစေ ရန် ……..
Mg Mandalay

အရေးကြောင်းပျောက်ခရင်မ် ဝယ်တဲ့အခါ .........



သင့်မျက်နှာက အရေးကြောင်းတေါကို ပျောက်ကင်းစေဖို့အတွက် အရေးကြောင်း ပျောက် (Anti Wrinkle) ခရင်မ်တွေကို သုံးတဲ့အခါ အိုမင်းမှုနဲ့ အရေးကြောင်း တွေကို ချက်ချင်း မပျောက်ကင်း နိုင်စေပေမယ့် ရေရှည်စွဲမြဲသုံးရင်တော့ အရေးကြောင်းတွေကို ထိထိရောက်ရောက် လျော့နည်းသက်သာစေနိုင်ပါတယ်။ သင့်အတွက် အကောင်းဆုံး အရေးကြောင်းပျောက်ခရင်မ်ကို ရွေးချယ်နိုင်စေဖို့ အသုံးဝင်မယ့် အကြံပြု
ချက်တွေကို ဖော်ပြလိုက်ပါတယ်။

( အညွှန်းကို ဖတ်ပါ )
အရေးကြောင်းပျောက်ခရင်မ်တွေ ဝယ်တဲ့အခါ အညွှန်းကိုမဖတ်ဘဲ မဝယ်ပါနဲ့။ အညွှန်းမှာပါတဲ့ ပါဝင်ပစ္စည်းစာရင်းကို သေချာကြည့်ပါ။ အညွှန်းစာရွက်ကို ဖတ်ကြည့်မှသာ ဒီပစ္စည်းက သင့်အသားအရေအမျိုးအစားနဲ့ ကိုက်ညီအောင် ထုတ်ထားတာလားဆိုတာ သင်သိနိုင်မှာပါ။ ပါဝင်ပစ္စည်းစာရင်းကို ဖတ်ကြည့်ပြီး သင်မကြိုက်တဲ့ ပစ္စည်းပါရင် မသုံးပါနဲ့။ ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ ထောက်ခံထားတဲ့ ပစ္စည်းတွေ တွေ့ရင်တော့ ကောင်းတဲ့လက္ခဏာပါ။ ဘူးမှာပါတဲါ အညွှန်းကလည်း ဒီပစ္စည်းထဲမှာပါတဲ့ ပါဝင်ပစ္စည်း စာရင်းတွေ အားလုံးကို အတိအကျဖော်ပြထားသင့်ပါတယ်။ ဒီလိုပါဝင်ပစ္စည်းစာရင်း မဖော်ပြထားတဲ့၊ ဘာမှန်းမသိတဲ့ ပစ္စည်းတွေကို မသုံးသင့်ပါဘူး။

( သဘာဝပါဝင်ပစ္စည်းကို ရွေးချယ်ပါ )
အရေးကြောင်းပျောက်ခရင်မ်မှာ ဓာတုပါဝင်ပစ္စည်းတွေထက် သဘာဝ ပါဝင်ပစ္စည်း တွေပါရင် ပိုကောင်းပါတယ်။ သဘာဝ ပါဝင်ပစ္စည်းတွေက ပိုပြီး ထိထိရောက်ရောက် အလုပ်လုပ်နိုင်ကာ ဘေးထွက်ဆိုးကျိုးလည်းနည်းပါးပါတယ်။
ဒီလို သဘာဝ ပါဝင် ပစ္စည်းတွေကတော့ ဂျိုဂျိုဘာဆီ (Jojoba Oil)၊ ထောပတ်သီး (Avocado)၊ ပျားရည် (Honey)၊ မက်ကဒေးမီးယားဆီ (Macadamia Oil)၊ စပျစ်စေ့ဆီ (Grape Seed Oil)၊ သဘာဝဗီတာမင်အီး (Natural Vitamin E) Phytessence Wakame စတာတွေ ဖြစ်ပါတယ်။ ဒါကြောင့် အရေးကြောင်းပျောက် ခရင်မ်မဝယ်ခင် ဘူးပေါ်က ပါဝင်ပစ္စည်း စာရင်းမှာ ဒီနာမည်တွေကို ရှာကြည့်ပါ။

( နာမည်ကောင်းတဲ့ ကုမ္ပဏီက ပစ္စည်းကို ရွေးချယ်ပါ )
နာမည်ကောင်းတဲ့ အလှကုန် ပစ္စည်းကုမ္ပဏီတွေက ထုတ်လုပ်တဲ့ အရေးကြောင်း ပျောက်ခရင်မ်တွေကို ရွေးချယ်ပါ။ နာမည်ကောင်းနဲ့ ကျော်ကြားပြီး နှစ်ပေါင်း ကြာရှည်တည်တံ့နေတဲ့ အလှကုန်ပစ္စည်းကုမ္ပဏီတွေက သုတေသနတွေ ပိုလုပ်ဖြစ်ပြီး အရည်အသွေးမြင့်တဲ့ ပစ္စည်းတွေကို ထုတ်လုပ်ကြပါတယ်။ လုံးဝမသိတဲ့ ကုမ္ပဏီက ပစ္စည်းကို ဝယ်တာထက် ဒီလိုနာမည်ကောင်းတဲ့ ကုမ္ပဏီက ပစ္စည်းကိုဝယ်တာက ပိုစိတ်ချ ရပါတယ်။Health