အနီးမှုန်ဖြစ်တာနဲ့ ဆက်စပ်နေတဲ့ မျိုးဗီဇ တစ်ခုကို ဩစတြေးလျ သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ဒီတွေ့ရှိမှုကြောင့် နောင်အခါ မျက်မှန်တွေနေရာမှာ ဆေးဝါး ကုသမှုတွေနဲ့ အစားထိုးနိုင်တော့
မယ်လို့ တွေ့ရှိသူတွေက ဆိုပါတယ်။
သုတေသီတွေက အရွယ်ရောက်ပြီးသူ ၅၅၁ ယောက်ရဲ့ မျိုးရိုးဗီဇပစ္စည်း (DNA) ကို
လေ့လာခဲ့ရာ အနီးမှုန်ဖြစ်တာနဲ့ ဆက်စပ်နေ တဲ့ Hepatocyte Growth Factor (HGF)
မျိုးဗီဇရဲ့ ပြောင်းလဲမှုတွေကို တွေ့ရှိခဲ့ ပါတယ်။ အနီးမှုန်ဖြစ်တဲ့ လူတွေဟာ
အဝေးက အရာတွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။
ဒါပေမယ့် စာဖတ်တာလိုမျိုး အနီးကပ်ကြည့်ရတဲ့ အခါမျိုးမှာ အခက်အခဲ ဖြစ်တတ်ပါတယ်။ အနီးမှုန်ခြင်းဟာ ပတ်ဝန်းကျင်အကြောင်းအချက်တွေနဲ့ မျိုးရိုးဗီဇဆိုင်ရာ အချက်တွေ ပေါင်းစပ်ပြီး ဖြစ်လာတာပါ။ အနီးမှုန်တဲ့အခါမျက်မှန်၊ မျက်ကပ်မှန်တွေတပ်ဖို့လိုအပ် ပါတယ်။
HGF က ဒီအခြေအနေနဲ့ ဆက်စပ်နေတဲ့ ပထမဆုံး မျိုးဗီဇ ဖြစ်ပါတယ်။
“ဒီအရေးကြီးတဲ့ မျိုးဗီဇကို ရှာဖွေတွေ့ရှိမှုဟာ ဆေးဝါးသစ်တွေ ထုတ်လုပ်နိုင်အောင် ကူညီပေးတဲ့အတွက် မျက်စိ ကျန်းမာရေး တိုးတက်မှုအတွက် အကြီးအကျယ် အကျိုးပြုမှာ ဖြစ်ပါတယ်” လို့ မဲလ်ဘုန်းရှိ ဩစတြေးလျ မျက်စိသုတေသနဌာနမှ သုတေသနကို ဦးဆောင်သူ Professor Paul Baird ကဆိုပါတယ်။
ဒါပေမယ့် စာဖတ်တာလိုမျိုး အနီးကပ်ကြည့်ရတဲ့ အခါမျိုးမှာ အခက်အခဲ ဖြစ်တတ်ပါတယ်။ အနီးမှုန်ခြင်းဟာ ပတ်ဝန်းကျင်အကြောင်းအချက်တေ
HGF က ဒီအခြေအနေနဲ့ ဆက်စပ်နေတဲ့ ပထမဆုံး မျိုးဗီဇ ဖြစ်ပါတယ်။
“ဒီအရေးကြီးတဲ့ မျိုးဗီဇကို ရှာဖွေတွေ့ရှိမှုဟာ ဆေးဝါးသစ်တွေ ထုတ်လုပ်နိုင်အောင် ကူညီပေးတဲ့အတွက် မျက်စိ ကျန်းမာရေး တိုးတက်မှုအတွက် အကြီးအကျယ် အကျိုးပြုမှာ ဖြစ်ပါတယ်” လို့ မဲလ်ဘုန်းရှိ ဩစတြေးလျ မျက်စိသုတေသနဌာနမှ သုတေသနကို ဦးဆောင်သူ Professor Paul Baird ကဆိုပါတယ်။

No comments:
Post a Comment