ရသာခြောက်ပါးတွင် အချိုဓာတ်ကို မကြိုက်သူ ရှားပါသည်။သကြားသည် ချိုသောအရသာ ရှိသော်လည်း သကြားစားသုံးခြင်းဖြင့် ဆီးချို၊သွေးချို နှင့် အူမကြီးကင်ဆာဖြစ်သူများအတွက် ဆိုးကျိုးပေးကြောင်း လေ့လာတွေ့ ရှိရသည် ။ သို့ ဖြင့် သကြားပါဝင်သည့် အစားအစာများကို ရှောင်ကျဉ်ခြင်းမှာအကောင်းဆုံး ဖြစ်ပါသည် ။
အချို့ သော ဆေးသကြားများမှာလည်း သကြားထက်ပင် ဘေးထွက် ဆိုးကျိုးများကြုံတွေ့ ရသည်ဟု တွေ့ ရှိလာရသည်။ အချို့ ဆိုလျှင် ခေါင်းအုံခြင်း၊ အာရုံထွေပြားခြင်းများ ဖြစ်ပေါ်လာသည်။
ထိုမျှမက အချို့ ဆိုလျှင် ကင်ဆာရောဂါ ကဲ့သို့ သော ရောဂါ အန္တရာယ်များ ပိုမိုကြုံတွေ့ လာရကြောင်း စမ်းသပ်တွေ့ ရှိရသည်ဟု ဆိုသည်။
ထိုအခါ သဘာဝ ကြံရည်ကိုသောက်သုံးရန် ရွေးချယ်လိုက်သည်တွင် ဘေးထွက်ဆိုးကျိုးမရှိသည့်အပြင် ချိုမြိန်သောအရသာကိုလည်း အပြည့်အ၀ ခံစားနိုင်ကြောင်း တွေ့ ရှိရသည်။
ထို့ ကြောင့် ကြံရည်ကို မျှမျှတတသောက်သုံးနေသမျှ ကာလပတ်လုံး ဆိုးကျိုးလုံးဝမရှိဘဲ လျှာပေါ်တွင် ချိုမြိန်သည့် အရသာကို ပေးစွမ်းနိုင်သည့် ကျန်းမာရေးနှင့်ညီညွတ်သော သောက်သုံးဖွယ်ရာ အရည်ဖြစ်ကြောင်း ဆေးသိပ္ပံပညာရှင်များက အဆိုပြုထားပါကြောင်း ကမ္ဘာသစ် မှ သူငယ်ချင်းများအတွက် ရေးသားတင်ပြပေးလိုက်ပါတယ် ။
ပန်းသီးဖျော်ရည် ပုံမှန်သောက်သုံးလျှင် အရေပြားတွန့် ခြင်းမှ ကာကွယ်နိုင်
ပန်းသီးဖျော်ရည်တွင်ပါဝင်သော ကယ်လ်ဆီယမ်ဓာတ် အပါအ၀င် အခြားသော ဓာတ်ပေါင်းများက ခန္ဓာကိုယ် အရေပြားဆဲလ်များနှင့် တစ်သျှူးများကို အမြဲတမ်း သန်စွမ်းဖွင့်ဖြိုးရန် အထောက်အပံ့ပေးကြောင်း ပညာရှင်များက ပြောကြားပါသည် ။
ကော်ဖီပုံမှန်သောက်သုံးပါက အရေပြားကင်ဆာဖြစ်ပွားမှု ကာကွယ်နိုင်
ကော်ဖီမှုန့် တွင် ပါဝင်သောဓာတ်က ခန္ဓာကိုယ်အရေပြားတွင် ပျက်စီးသွားသည့် ဆဲလ်များအား ဖယ်ရှားပစ်နိုင်သည့်အပြင် ဆဲလ်များခံနိုင်ရည်ကောင်းမွန်အောင်လည်း ပံ့ပိုးပေးနိုင်ကြောင်း သိရသည် ။
ကော်ဖီကို တစ်နေ့ လျှင် နှစ်ခွက်ခန့် ပုံမှန် သောက်သုံးပေးသွားပြီး ကိုယ်လက်လေ့ကျင့်ခန်းပါ ပူးတွဲပြုလုပ်သူများအနေဖြင့် ကိုယ်အရေပြား ကင်ဆာဖြစ်ပွားမှုမှ ကာကွယ်ပေးနိုင်သည်ဟု နယူးဂျာစီ တက္ကသိုလ်မှ သုတေသန ပညာရှင်များက အကြံပြုထားပါကြောင်း ကမ္ဘာသစ် မှ မိတ်ဆွေများအတွက် ရေးသားဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ..။
ကျန်းမာခြင်း သုခနဲ့ ပြည့်စုံကြပါစေ ..
ခင်မင်လျက်..
နန္ဒ
No comments:
Post a Comment