>>>>>>> ကျွန်ုပ် တို့ ၏ ယုံကြည်ကိုးကွယ်ရာ ဖြစ်တော်မူသော အလုံးစုံသောတရားအပေါင်းကို ကိုယ်တော်တိုင်ကျင့်၍အကြွင်းမကျန်အကုန်သိမြင်တော်မူသော ဗုဒ္ဓမြတ်စွာဘုရား..။ <<<<<<

Friday, October 12, 2012

သွားဖုံးနှင့် သွားကျန်းမာရေးကို ဂရုစိုက်သူများ စိတ်ရောဂါဖြစ်နိုင်ခြေ နည်းသည်ဟုဆို



နေ့စဉ် မမေ့မလျော့ သွားတိုက်ခြင်းသည် နှစ်ပေါင်းများစွာကြာအောင် မှတ်ဥာဏ်စွမ်းရည်ကို ထိန်းထားနိုင်သည့် အကျိုးရရှိစေရန် အထောက်အကူပြုပါသည်။ သုတေသီများက သက်ကြီးပိုင်းပုဂ္ဂိုလ် ၅၅၀၀ နီးပါးတို့အား ၁၈ နှစ်ကြာ လေ့လာကြည့်သောအခါ တစ်နေ့တစ်ကြိမ်ထက် နည်းသောနှုန်းဖြင့် သွားတိုက်သူများသည် တစ်နေ့သုံးကြိမ် သွားတိုက်သူများထက် စိတ်ရောဂါ
ဖြစ်ပေါ်နိုင်ရန် ၆၅ ရာခိုင်နှုန်းအထိ ပိုများကြောင်း စူးစမ်းတွေ့ရှိခဲ့ရသည်။ အဆိုပါ သုတေသန အဖွဲ့ခေါင်းဆောင် အန်နလီယာပက်ဂန်နီနီက ခံတွင်းကျန်းမာရေးကို ဂရုစိုက်သည့် အလေ့အကျင့်သည် စိတ်ရောဂါ ရနိုင် မရနိုင်ဆိုသည့် အချက်အပေါ် လွှမ်းမိုမှုရှိသည်ဟု ပြောသည်။

ယခု သုတေသနပြု လေ့လာမှုသည် ခံတွင်းကျန်းမာရေးအားနည်းခြင်းနှင့် ကျန်းမာရေး အခြေအနေတို့ ဆက်စပ်မှုရှိကြောင်း ပထမဆုံး သုတေသနပြု လေ့လာခြင်းမဟုတ်ပါ။ ဥပမာ သွားဖုံးရောဂါသည် နှလုံးသွေးကြောကျဉ်းပြီး ရုတ်တရက် နှလုံးဖေါက်ပြန်မှုနှင့် လေသင်တုံးဖြတ်ခြင်းများ ပို၍ဖြစ်ပေါ်တတ်သည်ကို လေ့လာခဲ့ပြီးဖြစ်သည်။ အဖြစ်များသည့် စိတ်ရောဂါတစ်မျိုးဖြစ်သော အယ်လ်ဇိုင်းမားရောဂါ ရှိသူများ၏ ဦးနှောက်ထဲတွင် သွားဖုံးရောဂါနှင့် ဆက်စပ်နေသော ဘက်တီးရီးယားပိုးများ အခြားသူများမှာထက် ပို၍တွေ့ရတတ်သည်ဟု သုတေသီများက ဆိုသည်။ သွားဖုံးရောဂါ ဘက်တီးရီးယားပိုးများ ဦးနှောက်ထဲသို့ ရောက်သွားသောအခါ ဦးနှာက်ရောင်ရမ်းခြင်းနှင့် ပျက်စီးခြင်းတို့် ဖြစ်ပေါ်စေသည်ဟု ယူဆကြသည်။ အဆိုပါ သုတေသနလုပ်ငန်းကို ၁၉၉၂ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ကာလအတွင်း ကာလီဖိုးနီးယား အငြိမ်းစား လူမှုအသိုင်းအဝန်းမှ လူပေါင်း ၅၅၀၀ တို့၏ ကျန်းမာရေး အခြေအနေကို ခြေရာခံ သုတေသနပြု၍ လေ့လာခဲ့ကြခြင်း ဖြစ်သည်။

ရတနာပုံ ဘာသာပြန်သတင်း
By Yatanarpon

No comments:

Post a Comment