ခေါင်းကိုက်တာနဲ့ ပတ်သက်ပြီး အောက်ပါအတိုင်း ခွဲခြားကြည့်ကာ သင့်အတွက် လိုအပ်တာတွေ ပြုပြင်လိုက်ပါ။
၁။ ခေါင်းတစ်ပြင်လုံး ကိုက်ခဲနေရင်
ဒါဟာ သင် ပင်ပန်းနေတယ် ဆိုတဲ့သဘော သက်ရောက်နေပါတယ်။
သင် ဒါကို လိုအပ်ပါတယ်
တစ်မှေး အိပ်လိုက်ပါ။ အိပ်ဖို့ မဖြစ်နိုင်ရင် ကော်ဖီတစ်ခွက် သောက်ပါ။ ကော်ဖီသောက်တာကြောင့် အိပ်ငိုက်ပြေစေရုံ သာမက ခေါင်းကိုက်တာကို ဖြစ်စေနိုင်တဲ့ ဦးနှောက်အတွင်းက အရာကိုပါ ပြောင်းလဲစေနိုင်ပါတယ်။
၂။ ခေါင်းကိုက်တာအပြင် ခေါင်းမူးသလိုပါ ဖြစ်နေရင်
သင့် ခေါင်းပတ်လည်မှာ တင်းကျပ်သလို ခံစားနေရရင် သင်ချွေးထွက် များလွန်းတာကြောင့် ရေဓာတ် ဆုံးရှုံးသွားလို့ပါ။
သင် ဒါကို လိုအပ်ပါတယ်
ဖျော်ရည်တစ်ခွက် သောက်လိုက်ပါ။ ရေသောက်တာဟာလည်း ကောင်းပေမယ့် သံပရာရည်သောက်ပေးရင် သူ့ထဲမှာ ပါဝင်တဲ့ ဓာတ်ဆားတွေကြောင့် အမြန်ပြန်လည် လန်းဆန်းနိုင်ပါတယ်။
၃။ နဖူးတစ်ပြင်လုံး တင်းကျပ်နေရင်
သင် စိတ်ဖိစီးမှုများလို့ ဖြစ်တာပါ။ ဇက်ကြောတက်တာ၊ ပခုံးကြော တင်းမာတာနဲ့ အမြဲတမ်း တွဲပြီး ဖြစ်တတ်ပါတယ်။ စိုးရိမ်စိတ် အမြင့်မားဆုံးဖြစ်တဲ့ နေ့ခင်းပိုင်းတွေမှာ ဖြစ်တတ်ပါတယ်။
သင် ဒါကို လိုအပ်ပါတယ်
စိတ်ဖြေလျှော့မှုလုပ်ပါ။ အသက်ပြင်းပြင်း ရှူတဲ့ လေ့ကျင့်ခန်း ဒါမှမဟုတ် ဆွဲဆန့် လေ့ကျင့်ခန်း ပြုလုပ်ပါ။
ဒေါက်တာခင်မိုးမိုး
By Good Health

No comments:
Post a Comment