>>>>>>> ကျွန်ုပ် တို့ ၏ ယုံကြည်ကိုးကွယ်ရာ ဖြစ်တော်မူသော အလုံးစုံသောတရားအပေါင်းကို ကိုယ်တော်တိုင်ကျင့်၍အကြွင်းမကျန်အကုန်သိမြင်တော်မူသော ဗုဒ္ဓမြတ်စွာဘုရား..။ <<<<<<

Friday, October 12, 2012

ပတ်ဝန်းကျင်ရှိ ဆေးလိပ်ငွေ့များ သင်လည်း သတိထား ............



လေထဲမှာ ပျံ့နှံ့နေတဲ့ ဆေးလိပ်ငွေ့တွေကို ရှူရှိုက်မိတဲ့သူတွေဟာ အဆုတ်အမြှေးပါး ရောင်ရမ်းခြင်း၊ လေပြွန်ရောင်ရမ်းခြင်း၊ အဆုတ်ကင်ဆာ အပါအဝင် အဆုတ် ရောဂါများ၊ နှလုံးသွေးကြော ရောဂါစတဲ့ ပြဿနာတွေ ဖြစ်စေနိုင်သလို ဆေးလိပ်ငွေ့ ကြောင့် မျက်လုံး၊ နှာခေါင်းနဲ့ လည်ချောင်း ကျိန်းစပ်မှုတွေ ခံစားရတတ်ပါတယ်။

ဆေးလိပ်ငွေ့ရှိတဲ့ ပတ်ဝန်းကျင်မှာ နေရ ရှာတဲ့ ကလေးငယ
်တွေဆိုရင် အသက်ရှူ လမ်းကြောင်း ပိုးဝင်ကူးစက်ခံရခြင်း၊ အအေးမိခြင်းနဲ့ ရင်ကျပ်ပန်းနာ အန္တရာယ် မြင့်မားပါတယ်။ လေ့လာမှုတွေအရ အဆုတ်ကင်ဆာ ရောဂါသည် သုံးဦးအနက်တစ်ဦးဟာ ဆေးလိပ်သောက်သူနဲ့ အတူနေထိုင်တဲ့ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူရှိုက်ရသူ ဖြစ်ကြောင်း သိရပါတယ်။

ဆေးလိပ်သောက်တဲ့သူနဲ့ တစ်ခန်းတည်းအတူနေရတဲ့ ဆေးလိပ် မသောက်သူတွေဟာ ဆေးလိပ်သောက်သူတွေလိုပဲ ကာဗွန်မိုနော့ဆိုက်၊ နီကိုတင်းနဲ့ တခြား အန္တရာယ်ရှိတဲ့ ဓာတ်တွေကိုပါ ရှူရှိုက်နေရပါတယ်။ ဆေးလိပ်ငွေ့ရှူတာကြာလေလေ ကျန်းမာရေး ပြဿနာရနိုင်တဲ့ အခွင့်အလမ်း များလေလေပါပဲ။ ဒါကြောင့် ဆေးလိပ်သောက်တဲ့သူနဲ့ အတူ နေထိုင်ရတယ်ဆိုရင် အောက်ပါအချက်တွေကို ဂရုစိုက်ပါ။

-ဆေးလိပ်ဖြတ်ဖို့ တွန်းအားပေးပါ။
-ဆေးလိပ်သောက်တဲ့အခါ လူမရှိတဲ့ အိမ်အပြင်ထွက်ပြီး သောက်ခိုင်းပါ။
-ဆေးလိပ်သောက်နိုင်တဲ့ သီးသန့် အခန်းရှိတယ်ဆိုရင် အဲဒီအခန်းထဲကို ဘယ်တော့မှ မဝင်ပါနဲ့။
-ဆေးလိပ်သောက် ပြီးတဲ့အခါ ဆေးလိပ်မီးကို အပြီးသတ် ငြိမ်းခဲ့ဖို့ သတိပေးပါ။
-ဆေးလိပ်ငွေ့နဲ့ ဝေးဝေးမှာ နေလို့ မရရင် လေဝင်လေထွက် ကောင်းအောင် ပန်ကာကို အသုံးပြုပါ။

No comments:

Post a Comment