>>>>>>> ကျွန်ုပ် တို့ ၏ ယုံကြည်ကိုးကွယ်ရာ ဖြစ်တော်မူသော အလုံးစုံသောတရားအပေါင်းကို ကိုယ်တော်တိုင်ကျင့်၍အကြွင်းမကျန်အကုန်သိမြင်တော်မူသော ဗုဒ္ဓမြတ်စွာဘုရား..။ <<<<<<

Friday, October 12, 2012

Omega 3 သောက်သင့်သော အကြောင်းရင်း ( ၄ ) ချက်..........



အဆီများတဲ့ငါး၊ ကြက်ဥ၊ သစ်ကြားသီးတွေမှာ တွေ့ရတတ်တဲ့ Omega 3 Fatty Acids အကျိုးကျေးဇူးကို မကြာခင်ကမှ ပြုလုပ်တဲ့ လေ့လာမှုအရ ဖော်ပြလိုက်ပါတယ်။

(၁) မျက်စိကို ဆုတ်ယုတ်ပျက်စီးမှု မဖြစ်အောင် ကာကွယ်ပေးခြင်း
တူနာ ဒါမှမဟုတ် ဆယ်လ်မွန် ငါးလိုမျိုး Omega 3 များစွာပါဝင်တဲ့ ငါးကို တစ်ပတ်နှစ်ကြိမ် ဒါမှမဟုတ် သုံးကြိမ်စားသုံးတာကြောင့် အသက်အရွယ်အိုမင်းတာကြောင့် ဖြစ်တတ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီးခြင်း (agerelated macular degeneration)ဖြစ်နိုင်ခြေကို ၂၅ ရာခိုင်နှုန်း လျှော့ချနိုင်တယ်လို့ အမေရိကန်မှ သုတေသနပြုသူတွေက ဆိုပါတယ်။
Omega 3s ရယ်၊ Antioxidants အားဖြည့်ဆေးရယ်၊ Glycemic Index အဆင့်နိမ့်တဲ့ အစာ တွေ စားတာရယ် ပေါင်းစပ်ပြီး အသုံးပြုတာဟာ မျက်စိ ပျက်စီးမှုကို နှေးကွေးအောင် လုပ်နိုင်တဲ့ အကောင်းဆုံး နည်းလမ်းပါလို့ ဆိုပါတယ်။

(၂) မှတ်ဥာဏ် တိုးတတ်ကောင်းမွန်လာခြင်း
Omega 3 Fatty Acids အားဖြည့်ဆေးတွေဟာ သတိမေ့တတ်သူတွေကို မှတ်ဥာဏ် ပြန်ကောင်း စေလာနိုင်ပါတယ်။ အမေရိကန်မှ လေ့လာမှုအရ Omega 3 အားဆေး နေ့စဉ် သောက်တဲ့ သတိမေ့တတ်သူတွေဟာ သူတို့ထက် အသက် သုံးနှစ်ငယ်သူတွေလိုမျိုး သင်ကြားရေးနဲ့ မှတ်ဥာဏ်အားမှာ တိုးတတ်လာတယ်လို့ ဆိုပါတယ်။

(၃) နှလုံး ကျန်းမာရေး
Fatty Acids တွေဟာ သွေးတွင်း အဆီအဆင့်တွေ နည်းအောင် ကူညီနိုင်ပါတယ်။ အမေရိကန်မှာ လေ့လာမှုအရ Omega 3 ကို နေ့စဉ်သောက်သူတွေဟာ သူတို့ရဲ့ Triglyceride အဆင့်ကို ပျမ်းမျှအားဖြင့် ၄၅ ရာခိုင်နှုန်း လျှော့ချ နိုင်တာကို တွေ့ရပါတယ်။ ဒါ့အပြင် မကောင်းတဲ့ အဆီ (LDL) အဆင့်ကိုလည်း ထက်ဝက်ခန့် လျှော့ချနိုင်တယ်လို့ ဆိုပါတယ်။

(၄) အာရုံ စူးစိုက်မှု မရသော ဝေဒနာကို လျှော့ချနိုင်ခြင်း
ဆွီဒင်မှ လေ့လာမှုမှာ အာရုံစူးစိုက်မှု မရတဲ့ လက္ခဏာ (Attention Deficit Hyperactivity Disorder ADHD) ရှိသူ ကလေးတွေကို EAP မြင့်မားစွာ ပါဝင်တဲ့ Omega 3s တွေ ပေးခဲ့ ပါတယ်။
ခြောက်လအကြာမှာ အဲဒီကလေးတွေရဲ့ ၄၇ ရာခိုင်နှုန်းမှာ ဝေဒနာဟာ ၂၅ ရာခိုင်နှုန်း ကျော် သက်သာသွားပြီး ကလေး ၁၂ ရာခိုင်နှုန်းမှာ ဝေဒနာ ထက်ဝက်ခန့် သက်သာ သွားတာကို တွေ့ခဲ့ရပါတယ်။
Good Health
— with Ko Min.

No comments:

Post a Comment