|
|
|
ပျားရည်ဟာ
အရသာကောင်းမွန်ရုံတင်မက ဆေးဘက်ဝင်အရည်အသွေး များစွာရှိတဲ့အပြင်
ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူးများစွာ ပေးနိုင်တဲ့
အရာတစ်မျိုးဖြစ်ပါတယ်။ အစာကျေလွယ်စေပြီး အလှအပရေးရာမှာ အသုံးဝင်တဲ့
အရာလည်းဖြစ်ပါတယ်။
အစားအသောက်တွေ စားသုံးရာမှာ သကြားအစား ပျားရည်ကို ထည့်သွင်းစားသုံးပေးရင် ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်စေပါတယ်။ နို့ထဲထည့်သောက်မယ်ဆိုရင် အရသာ ပိုမိုကောင်းမွန်လာရုံတင်မက ကိုယ်ခံအားကိုလည်း ပိုမိုကောင်းမွန်လာနိုင်ပါတယ်။ ပေါင်မုန့်မီးကင် ဒါမှမဟုတ် ရေခဲမုန့် စတာတွေနဲ့လည်း တွဲဖက်စားသုံးနိုင်ပါတယ်။ ပျားရည်ဟာ စားသုံးသင့်တဲ့ အရာတစ်ခုဖြစ်ကြောင်းကို အတော်များများ ထောက်ခံမှု ပေးကြပါတယ်။ ပျာ်းရည်နဲ့ သံပုရာရည်ကို ရေနွေးလေးနဲ့စပ်ပြီး မနက်ခင်းမှာ သောက်သုံးပေးမယ်ဆိုရင်တော့ စွမ်းအင်ကို တိုးပွားစေပြီး အဆီလည်း ကျဆင်းစေနိုင်မှာဖြစ်ပါတယ်။ စွမ်းအင်ကို တိုးတက်စေပြီး လေ့ကျင့်ခန်းကြောင့်ဖြစ်တဲ့ ပင်ပန်းနွမ်းလျမှုကို ကာကွယ်ပေးနိုင်ပါတယ်။ ပျားရည်မှာပါဝင်တဲ့ ဘက်တီးရီးယား ဆန့်ကျင်ပစ္စည်းဟာ အစာချေမှုစနစ်ကို ကောင်းမွန်စေပါတယ်။ ကင်ဆာဖြစ်စေသောအရာ (ကာစီနိုဂျင်)နဲ့ အကျိတ်ဖြစ်တည်မှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဂျင်းရည်နဲ့ ပျားရည်ကို တစ်နေ့နှစ်ကြိမ်လောက် သောက်သုံးပေးရင် လည်ချောင်းနာခြင်း သက်သာပျောက်ကင်းသွားမှာ ဖြစ်ပါတယ်။ ကလေးငယ်တွေကို တနေ့ ပျားရည်နှစ်စွန်း တိုက်ကျွေးပေးခြင်းဖြင့် အစာကျေလွယ်စေပြီး တနေကုန် လန်းဆန်း အားအင်ပြည့်နေစေမှာ ဖြစ်ပါတယ်။ ပျားရည်မှာပေါက်ပွားတဲ့ ဘက်တီးရီးယားအချို့ဟာ ထိခိုက်ရှနာတွေကို သန့်ရှင်းစေပြီး အခြားပိုး ဝင်ရောက်ခြင်းကိုလည်း တားမြစ်ပေးပါတယ်။ ရှေးဦးသူနာပြုအနေနဲ့ ပျားရည်ကို ထိခိုက်ရှနာ၊ အပူလောင် စတာတွေကို ကုသဖို့ အသုံးပြုခဲ့ပါတယ်။ အရောင်ကျစေခြင်း၊ အနာသက်သာစေခြင်းတို့အပြင် အမာရွတ်မကျန်စေတဲ့အထိပါ အစွမ်းထက်ပါတယ်။ ပျားရည်ကို မျက်နှာမှာသုတ်လိမ်းပြီး ၁၅ မိနစ်လောက်ထားပါ။ ပြီးမှ ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပေးလိုက်ရင် အသားအရေဟာ နူးညံ့ပြီး ဝင်းပသွားမှာဖြစ်ပါတယ်။ ပျားရည်ကို ရေနွေးလေးနဲ့ စပ်ပြီး ခေါင်းလျှော်ပေးရင် တောက်ပြောင်တဲ့ ဆံကေသာကို ဖြစ်ပေါ်စေပါတယ်။ ညအိပ်ရာဝင်ခါနီးမှာ ရေနွေးနဲ့ ပျားရည်နှစ်ဇွန်းလောက်ကို ဖျော်ပြီးသောက်သုံးလိုက်ရင် အာရုံကြောတွေကို ကောင်းမွန်စေပြီး ကောင်းမွန်တဲ့အိပ်စက်ခြင်းကို ရရှိစေမှာဖြစ်ပါတယ်။ (ဖန်းဇက်) |
>>>>>>> ကျွန်ုပ် တို့ ၏ ယုံကြည်ကိုးကွယ်ရာ ဖြစ်တော်မူသော အလုံးစုံသောတရားအပေါင်းကို ကိုယ်တော်တိုင်ကျင့်၍အကြွင်းမကျန်အကုန်သိမြင်တော်မူသော ဗုဒ္ဓမြတ်စွာဘုရား..။ <<<<<<
Wednesday, October 10, 2012
ဆေးဘက်ဝင်ပျားရည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment