>>>>>>> ကျွန်ုပ် တို့ ၏ ယုံကြည်ကိုးကွယ်ရာ ဖြစ်တော်မူသော အလုံးစုံသောတရားအပေါင်းကို ကိုယ်တော်တိုင်ကျင့်၍အကြွင်းမကျန်အကုန်သိမြင်တော်မူသော ဗုဒ္ဓမြတ်စွာဘုရား..။ <<<<<<

Friday, October 12, 2012

အဖွားရဲ့ အစားအသောက်စရိုက်သည် မြေးများ၏ ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေပေါ် အကျိုးသက်ရောက်မှုရှိ ...........


သင်၏ အစာစားသော အကြိုက်စရိုက်အတိုင်း သင်၏ ခန္ဓာကိုယ် ဖြစ်လာမယ်ဆိုတာကိုတော့ သင်သိမှာ ဖြစ်ပါသည်။ သို့သော်လည်း သင့်အဘွား၏ အစားအသောက် စရိုက်ကလည်း သင့်ခန္ဓာကိုယ်နှင့် ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှု ရှိနိုင်သည်ဟု သုတေသီများက ဆိုကြပါသည်။

ဂျော့ရှ်ကောင်းန်လော်မ်ဗာဒီ ကွန်ပဇရီဟဲန်စစ်ဗ် ကင်ဆာဌာန (Georget
own Lombardi Comprehensive Cancer Center) မှ သိပ္ပံပညာရှင်များ ပြောကြားရာတွင် ကိုယ်ဝန်ဆောင်နေစဉ် စားသုံးလိုက်သောအစားအစာများတွင် ဆိုးကျိုးရှိသော အဆီဓာတ်များပါဝင်နေပါက နောက်မျိုးဆက်များ၏ ကျန်းမာရေးအပေါ်အကျိုးသက်ရောက်မှု ရှိသည်ဟု ပြောကြားခဲ့ပါသည်။

ထိုလေ့လာစမ်းသပ်ချက်အရ သန္ဓေဆောင်ထားသော ကြွက်များကို အဆီဓာတ်များသော အစာများကျွေးပါက နောက်မျိုးဆက်နှစ်ဆက်တွင် ကင်ဆာဖြစ်နိုင်ခြေအား ၈၀ % တိုးစေနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။ ထိုသိပ္ပံပညာရှင်များ၏ ယူဆချက်များအရဆိုပါက အဖွားတစ်ယောက်သည် ကိုယ်ဝန်ရှိစဉ်က အဆီအစားများပါက ၎င်း၏ သားသမီးများကို ပါမက မြေးများပါ ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေ ပိုမိုတိုးစေပါသည်။

ထိုသုတေသီများက ကင်ဆာဖြစ်နိုင်နှုန်းသည် နောက်မျိုးဆက်နှစ်ဆက်အထိ မြင့်တက်နေရခြင်းကို အကြောင်းအရင်း မသိသော်လည်း မည်ကဲ့သို့ ကာကွယ်ရမည်ကို သိသည်ဟု ဆိုပါသည်။ ၎င်းမှာ ကိုယ်ဝန်ရှိနေစဉ် ကောင်းကျိုးပေးနိုင်သော အဆီများနှင့် လတ်ဆတ်သော အစားအစာများကိုသာ စားရန်ဖြစ်သည်။
News

No comments:

Post a Comment