ကိုယ်တစ်ခြမ်းသေသွားတာတို့ ၊ပါးတစ်ခြမ်း ရွဲ့ သွား တာတို့ ၊ကျောက်ကပ်ကို
ထိခိုက်သွား တာတို့ ၊ သွေးတိုး ရောဂါ ကနေ ဖြစ်တတ်တာမို့ ဆင်ခြင်နိုင်တာ
အကောင်းဆုံးပါပဲ။
သွေးတိုးဖြစ်ရတာက အငံစား များတာနဲ့ ချည်းပြောလို့ မဖြစ်သေး ပါဘူး၊ အသက် ၄၀
ကျော်ပြီဆိုရင် သွေးတိုးကို စစ်ဆေး ပေးလို့ ရပါပြီ။ တချို့က
မျိုးရိုးဗီဇနဲ့ လည်း ဆိုင်တတ်ပါတယ်။ အဖေသွေးတိုး။ အမေသွေးတိုး ရှိခဲ့ရင်
သား၊ သမီးတွေမှာ ဆက်ပြီး ဖြစ်တတ်လို့ပါ။ စိတ်ဖိစီးမှု သိပ်များတတ်တဲ့
နိုင်ငံရေးသမားတို့၊ အလုပ်သိပ်လုပ်တဲ့ သူတွေမှာ၊ စိတ်ရှုပ်တတ်တဲ့ သူတွေမှာ
ဖြစ်တတ်ပါတယ်။ အများဆုံး ဖြစ်လေ့ ဖြစ်ထရှိတာကတော့ အစား အသောက်ရယ်။ဆေးလိပ်
သောက်တာ ၊အရက်သေစာ သောက်စားတာ ၊အဆီ အအိမ့်၊ တရိစ္ဆာန် အဆီ၊ အထူးသဖြင်-့
ဝက်သားတို့ ၊စားအုန်းဆီ၊ တို့ကို ဆင်ခြင် ရပါမယ်။
စိတ်ဖိစီးမှုကြောင့် ၊ အစားအသောက် မဆင်ခြင်မှုကြောင့် ဖြစ်စေ တခုခုနဲ့ တခု ဆက်စပ်နေကြပါတယ်။
အစားအသောက် ဆင်ခြင်ပြီး တရားထိုင်ခြင်း၊ စိတ်အနားယူခြင်း၊ လမ်းလျှောက်တာ၊ရေကူးတာ ၊ကျန်းမာရေး လေ့ကျင့်ခန်း လုပ်ရင် သွေးတိုးရောဂါ သက်သာ ကျဆင်း စေပါတယ်။ အုန်းနို့စားပြီးရင်အော့အန်တာ ရှိတတ်ပါတယ်။ ရိုးရိုး အော့အန်တာလား သွေးတိုးကြောင့်လားဆိုတာ သွေးချိန် စစ်ဆေး သင့်ပါတယ်။
အစားအသောက် မှားစေနိုင်တဲ့ မီးဖိုချောင်မှ ပေးတဲ့ ရောဂါတွေကို ဆင်ခြင်မှုနဲ့ တားဆီးနိုင် ကြပါတယ်။ အဆီဓါတ် အများပါတဲ့ ၀က်သား၊ဆိတ်သား၊ အမဲသား စတဲ့ သားကြီး ငါးကြီးတွေ လျှော့ပြီး ငါး၊ ဟင်းသီးဟင်း ရွက် များများ စားပေးရင်ဖြင့် သွေးတိုးရောဂါ အပြင် နှလုံးရောဂါ-ပါ ကာကွယ်ပြီးသား ဖြစ်ပါတယ်။
ဒေါ်ခင်ဝင်းနွယ်(အ၈င်္လန်)
( ဗွီအိုအေ သတင်းဌာန ကျန်းမာရေး ဟောပြောချက်များမှ )
မြန်မာတို့ ကျန်းမာခြင်းသုခ ပိုင်ရရှိကြပါစေ။
ဟစ်တိုင်ဝိုင်းတော်သားများ

No comments:
Post a Comment