ကင်ဆာရဲ့ ဘယ်အဆင့်မှာမဆို ဆေးလိပ်ဖြတ်နိုင်ရင် ကင်ဆာရောဂါရှင်ရဲ့ အသက်ကို ရှည်အောင်ဆွဲဆန့်နိုင်ပါတယ်
ကင်ဆာရောဂါမှန်း သိရှိပြီးနောက် ဆေးလိပ်ဖြတ်သူတေ
ွဟာ
နောက်ထပ်ငါးနှစ် အသက်ရှင်နှုန်း ၆၃ မှ ၇၀ ရာခိုင်နှုန်း ရှိပါတယ်။
ဆေးလိပ်ဆက်သောက်သူတွေမှာမူ အသက်ရှင်နှုန်း ၂၉ မှ ၃၃ ရာခိုင်နှုန်းသာ
ရှိတယ်လို့ ကင်ဆာသုတေသီတွေက ပြောကြားပါတယ်။ အင်္ဂလန်နိုင်ငံ၊ ဘာမင်ဟန်
တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက ဆေးလိပ်သောက်ခြင်းနဲ့ ကင်ဆာ
အသက်ရှင်နှုန်းအတွက် သုတေသန ၁၀ ကို ပြန်လေ့လာပြီးမှ ပြောကြတာပါ။
ဆေးလိပ်သောက်တာဟာ ကင်ဆာကြီးထွားမှုကို ပိုပြီးအားပေးတာကြောင့်လို့
ဆိုပါတယ်။ တစ်သက်လုံး ဆေးလိပ်သောက်လာသူတွေဟာ လုံးဝ ဆေးလိပ်မသောက်သူတွေထက်
အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ အဆ ၂၀ ရှိတယ်ဆိုတာ လေ့လာမှုအရ သိရှိရပါတယ်။
ဆေးလိပ်သောက်တာဟာ ကင်ဆာကြီးထွားမှုကို ပိုပြီးအားပေးတာကြောင့်လို့

No comments:
Post a Comment