ဆဲလ်တွေထဲမှာ ဖျက်ဆီးခံရတဲ့ ဒီအင်န်အေရှိတဲ့ အကြောင်းရင်းဟာ
အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီးအသက်ရှည်ရတဲ့ အကြောင်းရင်းတစ်ရပ်
ဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ သြစတြေးလျရှိ
မိုနတ်ရှ်တက္ကသိုလ်နဲ့ ယူကေရှိ လန်ကတ်စတာတက္ကသိုလ်မှ သုတေသီတွေက
သစ်သီးတွေမှာနားတဲ့ ယင်အဖိုတွေရဲ့ ဒီအင်န်အေမှာ ပုံမမှန်ဖြစ်မှု
ဖြစ်ပေါ်နေပြီး ဒါကသူတို့ရဲ့အသက်နဲ့ ဘ၀ကို ထိခိုက်စေနိုင်တာကို
တွေ့ရှိရပါတယ်။ သစ်သီးတွေမှာ နားတဲ့ယင်တွေကို လေ့လာရတဲ့ အကြောင်းရင်းဟာ
သူတို့ရဲ့ ဇီဝကမ္မဖြစ်စဉ်ဟာ လူသားအပါအ၀င် တခြားသတ္တ၀ါတွေရဲ့ ဇီဝဖြစ်စဉ်နဲ့
ဆင်တူတာကြောင့် ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ ''တိရစ္ဆာန်တွေကို
လေ့လာမှုအရ ဒီအန်အေပုံစံပြောင်းလဲမှုဖြစ်တာ (Mutation) ဟာ အမျိုးသမီးတွေရဲ့
အိုမင်းတဲ့ဖြစ်စဉ်အပေါ် သက်ရောက်မှုမရှိဘဲ အမျိုးသားတွေအပေါ်မှာပဲ
သက်ရောက်မှုရှိတာကြောင့် ဖြစ်တယ်'' လို့ ဇီဝဗေဒသိပ္ပံမို နတ်ရှ်ကျောင်းက
သုတေသီစာရေးသူဒေါ်လင်းက ရှင်းပြပါတယ်။

No comments:
Post a Comment