>>>>>>> ကျွန်ုပ် တို့ ၏ ယုံကြည်ကိုးကွယ်ရာ ဖြစ်တော်မူသော အလုံးစုံသောတရားအပေါင်းကို ကိုယ်တော်တိုင်ကျင့်၍အကြွင်းမကျန်အကုန်သိမြင်တော်မူသော ဗုဒ္ဓမြတ်စွာဘုရား..။ <<<<<<

Friday, October 12, 2012

ဂျပန်ဦးနှောက်အမြှေးယောင်ရောဂါအကြောင်း (၁ )




ငှက်ရိုင်းတွေ (ငဟစ်ငှက် ) အမျိုးအစားနဲ့ အိမ်မွေးဝက်တွေမှာ ဗိုင်းရပ် သိုမှီးနေနိုင်ပြီး လူတွေကို များစွာသော ရောဂါလက္ခဏာတွေဖြစ်ပွားစေအောင်ကူးစက်တတ်ပါတယ် ။ ဖြစ်ပွားစေတဲ့အကောင်တွေအ များကြီးရှိ တဲ့အနက် က အရေးအကြီးဆုံး ခြင်အမျိုးအစာေးတွကတော့ Culux tritaeniorhynchus နဲ့ Culex vishnui တို့ပဲဖြစ်ပါတယ် ။ အဖြစ်များတဲ့နေရာဒေသကတော့ အရှေ့တောင်အာရှနဲ့ အရှေ့ပိုင်းဒေ
သတွေပဲဖြစ်ပါတယ် ။

ဒီရောဂါဟာ ၁၈၇၀ ခုနှစ်လောက်မှာ ဂျပန်နိုင်ငံမှာ စတင်ဖြစ်ပွားတာတွေ့ရှိခဲ့ရပြီးနောက် ၁၉၂၄ ခုနှစ်မှာတော့ ကူးစက်ခံရသူ ၆၀၀၀ ကျော်အနက် ၄၀၀၀ နီးပါး အသက်သေဆုံးခဲ့ရပါတယ် ။ ဂျပန်ကနေတဆင့် တရုတ် ကိုရီးယား အင်ဒိုနီးရှား မလေးရှား ဗီယက်နမ် ကမ္ဘောဒီးယား အိန္ဒိယ နိပေါနဲ့မြန်မာနိုင်ငံအထိကို ၁၉၄၀ ခုနှစ်ကနေ ၁၉၇၀ ခုနှစ်ကျော်အတွှုးမှာ ပျံ့နှံ့လာခဲ့ရတယ် ။ ဒီကြောက်စရာကောင်းတဲ့ ရောဂါပိုးကို တာချီလိတ်မြို့မှာ ၁၉၇၄ ခုနှစ်မှာ တွေ့ရှိခဲ့တယ် ။ ၁၉၈၀ ခုနှစ် အတွှုးမှာလည်း ရန်ကုန် ၊ မန္တလေး ၊ ဘားအံ နဲ့တချို့ဒေသတွေမှာ သုတေသန ပြုလုပ်ခဲ့တဲ့အခါ ကူးစက်ခံရမှုနှုန်း ၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ တွေ့ရှိခဲ့ရတယ် ။ ဒါ့အပြင်ဆေးသုတေသန မှပြုလုပ်ခဲ့တဲ့ စာတမ်းဖတ်ပွဲမှာလည်း ၂၀၀၇-၂၀၀၈ ခုနှစ်ရခိုင်ပြည်နယ်မှာ ဂျပန်ဦးနှောက်အမြှေးယောင်ရောဂါ ပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ် ။ ၂၀၀၈ နောက်ပိုင်းမှာတော့ ဒီရောဂါပိုးကူးစက်ခံရမှုနှုန်းဟာ တစ်နှစ်ထက်တစ်နှစ် မြင့်မားလာတာကိုတွေ့ရတယ် ။ နောက်တစ်ခုသိထားရမှာက ဂျပန်ဦးနှောက်အမြှေးယောင်ရောဂါဟာ Hemophilus Influenzae Type B ကြောင့်ဖြစ်တတ်တဲ့ ဦးနှောက်အမြှးယောင်ရောဂါနဲ့မတူပါဘူး ။ ပိုပြီပြင်းထန်သလို အသက်အန္တရာယ် ကိုပါထိခိုက်နိုင်ပါတယ် ။ JE ဖြစ်ပြီဆိုရင် ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ အသေအပျောက်ရှိပါတယ် ။ ၃ ပုံ ၁ ပုံလောက်ကလည်း နောက်ပိုင်းအသက်ရှင်ခဲ့တောင်မှ မသန်မစွမ်း ၊ ခြေလက်မသန်အမြင် အာရုံအကြား အာရုံချို့ယွင်းခြင်းစတာတွေ ခံစားသွားရနိုင်ပါတယ် ။

ရောဂါလက္ခဏာများ
ပိုးမွေးတဲ့ကာလလို့ခေါ်တဲ့ Incubation period ဟာ ငါးရက်ကနေ ဆယ့်ငါးရက်အထိကြာမြင့်ပါတယ် ။ အများစုက ဘာရောဂါ လက္ခဏာမှ မပြပဲလည်း လာတတ်ပါတယ် ။ ပိုးကူးစက်မှု အကြိမ် ၂၅၀ မှာမှ တစ်ကြိမ်သာလျှင် ဦးနှောက်အမြှေးယောင်အဖြစ်ကို ပြောင်းလဲသွားနိုင်တာဖြစ်စပါတယ် ။ လူတွေမှာတော့ ရောဂါဖြစ်ဖြစ်ခြင်းအစပထမပိုင်းမှာ အလွန်အမင်းချမ်းတုန်ခြင်း ကိုခံစားရနိုင်ပါတယ် ။ ဖျားနာခြင်း ၊ ခေါင်းကိုက်ခြင်း ၊ နုံးခွေခြင်း တို့ဟာ တစ်ရက်ကနေ ၆ ရက်အထိ ကြာမြင့်နိုင်ပါတယ် ။ ဦးနှောက်အမြှေးယောင် အဆင့် မှာ ဖြစ်ပွားတတ်တဲ့ မြင်ရတတ်တဲ့လက္ခဏာတွေကတော့ ဇက်ခိုင်ခြင်း ၊ ပိန်ချုံးခြင်း ၊ ကိုယ်တစ်ခြမ်းလေဖြတ်ခြင်း ၊ တက်ခြင်း နှင့် ကိုယ်အပူချိန် မြင့်မားခြင်း ( 38 C မှ 41 C အတွင်း ) စတာတွေဖြစ်ပါတယ် ။ စိတ်အာရုံ ခံစားမှုတွေပါ ချို့ယွင်းပြီးနောက်ဆုံးမှာ သတိလစ်မေ့မျောခြင်း Coma အဖြစ်ကို ဦးတည်သွားနိုင်ပါတယ် ။
ဒီရောဂါကြောင့်ဖြစ်တဲ့သေဆုံးမှုနှုန်းကတော့ ပြောင်းလဲမှုတွေရှိနိုင်ပြီးကလေးတွေမှာ ပိုမြင့်မားပါတယ် ။ သန္ဓေသားကို အချင်းကနေတဆင့်လည်းကူစက်နိုင်တယ် ။ အာရုံကြော ချို့ယွင်းမှုတွေဖြစ်တဲ့ နားမကြားခြင်း ၊ အာရုံခံစားမှု စိတ်ပိုင်းဆိုင်ရာချို့တဲ့ခြင်း နဲ့ ကိုယ်တစ်ခြမ်းသေခြင်းတို့ဟာ ဦးနှောက်နဲ့ဦးခေါင်းပိုင်းဆိုင်ရာကို ထိခိုက်လာပြီဆိုရင်တော့ဖြစ်ပွားတတ်ပါတယ် ။ ဒါ့အပြင် ပျို့ခြင်း ၊ ခေါင်းကိုက်ခြင်း ၊ အန်ခြင်းတို့ အပြင်တခါတရံမှာ ဖို မျိုးပွားအဂါင်္ ယောင်ရမ်းခြင်းလည်းဖြစ်နိုင်ပါတယ် ။
တိရိစ္ဆာန်တွေမှာဆိုရင်တော့ ၀က်တွေမှာ မျိုးမပွားနိုင်ခြင်း သားပျက်ကျခြင်း ဖြစ်နိုင်ပြီး မြင်းတွေမှာ အာရုံကြောဆိုင်ရာလက္ခဏာများ အဖျားတက်ခြင်း အစားအသောက်ပျက်ခြင်းတွေဖြစ်နိုင်ပါတယ် ။

သက်တန့်ချို
Ref : Ref : http://en.wikipedia.org/wiki/Japanese_encephalitis
- ပြည်တွင်းစာတမ်းဖတ်ပွဲများ

ဆောင်းပါးအပြည့်အစုံကို လာမယ့် Health For All မဂ္ဂဇင်းမှာ အပိုင်းဆက်တွေအနေနဲ့ ဖော်ပြပေးသွားမှာဖြစ်ပါတယ် ။

No comments:

Post a Comment