ကလေးများအနေဖြင့် ရက်သတ္တပတ်လျှင် ဟမ်ဘာဂါ သုံးခုထက်ပိုမို၍ စားသုံးပါက ချွဲသလိပ်ထ၍ ပန်းနာရင်ကျပ် ဝေဒနာ ခံစားရဖွယ်ရှိကြောင်း နိုင်ငံတကာ လေ့လာ ဆန်းစစ်မှု တစ်ခုမှ ဖော်ပြခဲ့ကြောင်း သိရသည်။
ဆန့်ကျင်ဘက်အားဖြင့် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် ငါးစားသုံးခြင်းကမူ ပန်းနာရင်ကျပ်ဝေဒနာကို သက်သာပျောက်ကင်းစေနိုင်သည်ဟ
ပန်းနာရင်ကျပ်ရောဂါသည် ကလေးများတွင် ဖြစ်ပွားလေ့ရှိသော နာတာရှည်ရောဂါ အမျိုးအစားဖြစ်ပြီး အဆုတ်အတွင်း အသက်ရှူမှုမှ တစ်ဆင့် ဖုန်မှုန့်များနှင့် ဓာတ်မတည့်မှုကြောင့် စတင်ဖြစ်ပေါ်လာတတ်သည့် ရောဂါဝေဒနာ ဖြစ်ကြောင်း သိရသည်။
ချွဲသလိပ်ထခြင်း၊ ရင်ဘတ်အောင့်ခြင်းနှင့် အသက်ရှူရ ခက်ခဲခြင်း တို့သည် ပန်းနာရင်ကျပ်ရောဂါ၏ လက္ခဏများဖြစ်သည်။ ကမ္ဘာတစ်ဝန်း၌ ပန်းနာရင်ကျပ် ရောဂါဖြစ်ပွားသူ သန်း ၃၀၀ ခန့်ရှိ၍ ပန်းနာရင်ကျပ်ရောဂါကြောင့် နှစ်စဉ် အသက်ဆုံးရှုံးသူ ၂၅၀၀၀၀ ခန့် ရှိသည်ဟု ကမ္ဘာကျန်းမာရေး အဖွဲ့ (WHO) ၏ အဆိုအရ သိရသည်။
ပန်းနာရင်ကျပ်ရောဂါသည် စားသောက်သော အစားအစာကြောင့် ဖြစ်နိုင်ဖွယ်ရှိသည်ကို ဂျာမနီနိုင်ငံ အူလန်းတက္ကသိုလ်မှ ဒေါက်တာဂါဆရီယယ်နီဂျဲလ်နှင့
လေ့လာဆန်းစစ်မှုအရ ရက်သတ္တပတ်လျှင် ဟမ်ဘာဂါသုံးခုကျော်ခန့်နှင့
News

No comments:
Post a Comment