>>>>>>> ကျွန်ုပ် တို့ ၏ ယုံကြည်ကိုးကွယ်ရာ ဖြစ်တော်မူသော အလုံးစုံသောတရားအပေါင်းကို ကိုယ်တော်တိုင်ကျင့်၍အကြွင်းမကျန်အကုန်သိမြင်တော်မူသော ဗုဒ္ဓမြတ်စွာဘုရား..။ <<<<<<

Sunday, October 7, 2012

အကိုက်အခဲပျောက်ဆေးများကို အလွန်အမင်းသုံးစွဲခြင်းဖြင့် ခေါင်းကိုက်စေနိုင်

ယူကေရှိ လူတစ်သန်းနီးပါးမှာ အကိုက်အခဲပျောက်ဆေးကို အလွန်အမင်းသုံးစွဲတာကြောင့် ခေါင်းကိုက်ခဲ့ကြကြောင်း ကျန်းမာရေးစောင့်ကြည့်သူတွေရဲ့ လေ့လာမှုအရ သိရပါတယ်။ ဆေးဝါးအသုံးပြု လွန်တာကြောင့်ဖြစ်တဲ့ ခေါင်းကိုက်တာဟာ အက်စ်ပရင်၊ပါရာစီတမော၊ အိုင်ဗျူပရိုဖန်လို NSAIDsတွေကို တစ်လမှာ ၁၅ရက်ကျော်ကြာတဲ့အထိ သုံးတာ၊ ဒါမှမဟုတ် opioids ergotsနဲ့ triptans ဒါမှမဟုတ် အကိုက်အခဲပျောက်ဆေးတွေကို ပေါင်းစပ်ပြီး တစ်လမှာ အနည်းဆုံး ၁၀ရက်ခန့် သောက်တာတို့ကြောင့် ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။
ခေါင်းကိုက်တာကြောင့် အကိုက်အခဲပျောက်ဆေးတွေကို ပိုသောက်လေ၊ခေါင်းကိုက်ဝေဒနာက ပိုဆိုးလာလေဖြစ်ပြီး စက်ဝိုင်းတစ်ခုလို ဖြစ်နေတာပါလို့ လေ့လာသူ ပါမောက္ခမာတင်ကဆိုပါတယ်။ခေါင်းကိုက်ဝေဒနာရှိသူ လူ၅၀မှာတစ်ဦးနှုန်းဟာ အကိုက်အခဲပျောက်ဆေးတွေကို အလွန်အကျွံသုံးစွဲတာကြောင့် ခေါင်းပိုကိုက်ရတယ်လို့ ခန့်မှန်းထားပါတယ်။
ဒါကြောင့် အကိုက်အခဲပျောက်ဆေးတွေကို အလွန်အမင်း သုံးစွဲနေတဲ့လူနာတွေကို အကိုက်အခဲပျောက်ဆေးမှီဝဲမှု ချက်ချင်းရပ်ဖို့ ပြောကြားသင့်ကြောင်း ဆရာဝန်တွေကို NIECလမ်းညွှန်ချက်အသစ်က အကြံပြုထားပြီး ခေါင်းကိုက်တဲ့ ဝေဒနာကို ကုသဖို့ရာအတွက် အပ်စိုက်ကုထုံးလို နည်းမျိုးကို သုံးသင့်ကြောင်း ရှင်းပြထားပါတယ်။ ''အကိုက်အခဲပျောက်ဆေးတွေကို ရပ်လိုက်တဲ့အခါ ခေါင်းကိုက်တာကချက်ချင်း ပိုဆိုးလာနိုင်ပြီး ဖျားတာ၊ အိပ်မပျော်တာတို့ ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ အကိုက်အခဲပျောက်ဆေးက သင့်ကိုယ်တွင်းစနစ်ထဲ မရှိတော့တဲ့ ၇၁၀ရက်အတွင်းမှာတော့ သင်ပိုပြီး နေထိုင်ကောင်းလာပါလိမ့်မယ်''လို့ အကြံပေးထားပါတယ်။

No comments:

Post a Comment