>>>>>>> ကျွန်ုပ် တို့ ၏ ယုံကြည်ကိုးကွယ်ရာ ဖြစ်တော်မူသော အလုံးစုံသောတရားအပေါင်းကို ကိုယ်တော်တိုင်ကျင့်၍အကြွင်းမကျန်အကုန်သိမြင်တော်မူသော ဗုဒ္ဓမြတ်စွာဘုရား..။ <<<<<<

Friday, October 12, 2012

ဆီးကျိတ်ကင်ဆာ ဝေဒနာသည်များ အဆီဓာတ်များသည့် ငါးကို များများစားပေးရန်လို




အဆီကြွယ်ဝသော ငါးများများပါသည့် စားသောက်မှု ပုံစံသည် ဆီးကျိတ်ကင်ဆာ ဝေဒနာသည်များ ဆီးကျိတ်ကင်ဆာ ဝေဒနာ သက်သာ ပျောက်ကင်းစေနိုင်သည့် အခွင့်အရေး ပိုများလာစေသည်ဟု သုတေသနတစ်ခုက ထုတ်ဖော် ပြောကြားသည်။ အိုမီဂါ (၃) ( omega - 3) ငါးဆီပမာဏ များများကို ပုံမှန် စားသုံးပေးသော ဆီးကျိတ်ကင်ဆာ ဝေဒနာသည်များသည် အဆိုပါ ရောဂါကြောင့် အသက်ဆုံးရှုံးရမည့် အ
န္တရာယ် ၃၄% မှ ၄၀% အထိ လျော့နည်းသွားစေသည်ဟု American Journal of Epidemiology သုတေသန ဂျာနယ်တွင် ဖော်ပြထားသည်။

ဆီးကျိတ်ကင်ဆာ ရောဂါကြောင့် ဗြိတိန်နိုင်ငံတွင် နှစ်စဉ်လူပေါင်း တစ်သောင်းခန့် သေဆုံးရလေ့ရှိသည်။ ဘော်စတွန်မြို့ရှိ Havard School of Public Heath က အဆီကြွယ်ဝ သောငါးများကို ပမာဏများစွာ စားသုံးသည့် ဆီကျိတ်ရောဂါ ဝေဒနာသည်များသည် အဆီဓါတ်များသော ငါးများကို အနည်းငယ်သာ စားသူများထက် ကင်ဆာအကျိတ် ပပျောက်သွားနိုင်ချေ နှစ်ဆခန့် ပိုများကြောင်း စူးစမ်း ရှာဖွေတွေ့ရှိခဲ့သည်။ အမေရိကန် သိပ္ပံပညာရှင်များက ပျမ်းမျှ အသက် (၇၀) ရှိ အမျိုးသား (၅၂၅) ဦးကို ၁၉၈၉ ခုနှစ်မှစ၍ အချိန်ကြာမြင့်စွာ လေ့လာခဲ့ရာမှ ယခု ရလဒ်ထွက်ပေါ်လာခြင်းဖြစ်သည်။ ဆီးကျိတ်ကင်ဆာသည် အသက်အရွယ် ကြီးလာသည့်နှင့်အမျှ ဖြစ်နိုင်သည့် အန္တရာယ် ပိုများလာတက်သည်။ အသက် (၅၀) ကျော် အမျိုးသားများသည် ဆီးကျိတ်ရောဂါ ဖြစ်နိုင်ခြေပိုများပြီး မျိုးရိုးဗီဇပေါ်တွင်လည်း မူတည်တက်သည်ဟု ဆိုပါသည်။



ရတနာပုံဘာသာပြန်သတင်း
Ref: Doctor Net
By Yatanarpon

No comments:

Post a Comment