ကိုယ်ဝန်ဆောင်ချိန်မှာ အဆီများတဲ့အစာ အီစထရိုဂျင်
အမြောက်အမြားရရှိတာကြောင့် မိမိရဲ့သမီး မြေးတွေမှာ သားမြတ်ကင်ဆာ
ဖြစ်နိုင်ခြေများတယ်လို့ လေ့လာမှုအရ တွေ့ရှိခဲ့ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ
စားသောက်တဲ့ အစားအစာတွေဟာ မိမိရင်သွင်းအပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှု
ဖြစ်ရုံသာမက ရင်သွေးရဲ့ Germ Cellsလျှောက်မှာ သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေ
မြင့်မားသွားပါတယ်။ လေ့လာမှုအရ ကိုယ်ဝန်ဆောင်ကာလမှာ အဆီမြင့်မားစွာ
ပါဝင်တဲ့အစာ စားသူတွေဟာ ပုံမှန်စားသူတွေထက် မိမိရဲ့သမီးနဲ့ မြေးတွေမှာ
သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေ ၅၅မှ၆၀ ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်လို့
ဆိုပါတယ်။ မြစ်(မြေးရဲ့သမီး)တွေ အပေါ်မှာတော့ အကျိုးသက်ရောက်မှု
မရှိဘူးလို့ဆိုပါတယ်။

No comments:
Post a Comment