>>>>>>> ကျွန်ုပ် တို့ ၏ ယုံကြည်ကိုးကွယ်ရာ ဖြစ်တော်မူသော အလုံးစုံသောတရားအပေါင်းကို ကိုယ်တော်တိုင်ကျင့်၍အကြွင်းမကျန်အကုန်သိမြင်တော်မူသော ဗုဒ္ဓမြတ်စွာဘုရား..။ <<<<<<

Sunday, October 7, 2012

ကင်ဆာကြောင့် သေဆုံးနိုင်ခြေ ကျဆင်းလာ

 ကင်ဆာရောဂါအမျိုးမျိုးကြောင့် သေဆုံးနိုင်ခြေဟာ ၂၀၃၀ပြည့်နှစ်ကျရင် သိသိသာသာ ကျဆင်းသွားမယ်လို့ အင်္ဂလန်နိုင်ငံ ကင်ဆာသုတေသနဌာနမှ ထုတ်ဖော်လိုက်ပါတယ်။ ဆေးလိပ်သောက် သုံးသူနည်းသွားတဲ့အပြင် ရောဂါရှာဖွေတာနဲ့ ကုသရာမှာ တိုးတက်မှုရှိတာကြောင့် သေဆုံးနှုန်း ၁၇ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။ ၂၀၁၀ပြည့်နှစ်အတွင်း အင်္ဂလန်နိုင်ငံမှ လူပေါင်းတစ်သိန်းမှာ ၁၇၀ယောက်ဟာ ကင်ဆာရောဂါကြောင့် သေဆုံးကြပြီး အခုနောက်ပိုင်း လူတစ်သိန်းမှာ ၁၄၂ယောက်လောက်သာ သေဆုံးမယ်လို့ ခန့်မှန်းထားကြပါတယ်။ အဆုတ်၊ သားမြတ်၊ အူမကြီးနဲ့ ဆီးကျိတ်ကင်ဆာကြောင့် သေဆုံးတာ အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ မမျိုးဥ အိမ်ကင်ဆာကြောင့် သေဆုံးနှုန်း ၄၂ရာခိုင်နှုန်းထိ ကျဆင်းဖို့ မျှော်မှန်းထားကြောင်း သိရပါတယ်။ ကင်ဆာသုတေသနဌာနမှ နှစ်စဉ်လူပေါင်း ၅၀၀၀ကျော်ရဲ့အသက်ကို ကာကွယ်ဖို့ မျှော်မှန်းထားကြောင်း သိရပါတယ်။

No comments:

Post a Comment