|
|
|
အစာအိမ်နာကို
သက်သာစေတဲ့ အိမ်သုံးဆေးမြီးတိုလေးတွေ အများကြီးရှိပါတယ်။ အစာအိမ်နာနေရင်
လီမွန်တီးထဲ ပျားရည်ရောပြီး တစ်နေ့ကို နှစ်ကြိမ်သောက်ပေးပါ။
သံပုရာရည်တစ်ဇွန်းကို ပူဒီနာရွက်အရည်၊ ဂျင်းအရည်တို့နဲ့ ရောပြီး
ဆားနည်းနည်းခတ်သောက်ရင်လည်း ပျောက်ပါတယ်။ ဗိုက်နာနေတဲ့အချိန်မှာ
ဝမ်းဗိုက်ကို ဂျင်းအရည်တွေနဲ့ ပွတ်လိမ်းပေးရင်လည်း သက်သာစေနိုင်ပါတယ်။
အရေးကြီးတဲ့တစ်ချက်ကတော့ ရေများများသောက်ပါ ရေဟာ ခန္ဓာကိုယ်တွင်း
အညစ်အကြေးတွေကို သန့်စင်ပေးပြီး အူတွင်း လှုပ်ရှားမှုကို
ပိုမိုသွက်လက်စေပါတယ်။ ချောကလက်တို့၊ ကြာရှည်ခံအောင် လုပ်ထားတဲ့
နို့ထွက်ပစ္စည်းတို့ဟာ အစာအိမ်နာခြင်းကို ပိုမိုဆိုးဝါးစေတဲ့ အစားအစာတွေ
ဖြစ်ပါတယ်။ ဒါကြောင့် အစာအိမ်နာကျင်မှုကို ခံစားရနေချိန်အတောအတွင်းမှာ
ကျန်းမာရေးကိုအထောက်အကူဖြစ်စေတဲ့ အသီးအနှံတွေ၊ အသီးအရွက်တွေကို
ဦးစားပေးပြီး စားသုံးသင့်ပါတယ်။ တကယ်လို့ အမြဲတမ်းနီးပါး အစာအိမ်နာဝေဒနာ
ခံစားနေရတယ်ဆိုရင်တော့ နေ့စဉ် လမ်းလျှောက်လေ့ကျင့်ခန်းကို ပြုလုပ်ပေးပါ။
လမ်းလျှောက်လေ့ကျင့်ခန်းဟာ အစာခြေအင်္ဂါအဖွဲ့အစည်းကို
ပိုမိုကောင်းမွန်လာစေတဲ့ အစွမ်းရှိပါတယ်။ (အိန္ဒိယတိုင်းမ်)
|
>>>>>>> ကျွန်ုပ် တို့ ၏ ယုံကြည်ကိုးကွယ်ရာ ဖြစ်တော်မူသော အလုံးစုံသောတရားအပေါင်းကို ကိုယ်တော်တိုင်ကျင့်၍အကြွင်းမကျန်အကုန်သိမြင်တော်မူသော ဗုဒ္ဓမြတ်စွာဘုရား..။ <<<<<<
Wednesday, October 10, 2012
အစာအိမ်နာအတွက် အိမ်သုံးကုထုံး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment