လူပေါင်း တစ်သိန်းခန့်ကို ခန္ဓာဗေဒ ဆေးပညာရှူထောင့်ဖြင့် သုတေသန
ပြုလုပ်ခဲ့ရာ ခန္ဓာကိုယ်တွင်း၌ ဗီတာမင် ဒီဓါတ်ပါဝင်မှုအနေအထား
မြင့်မားနေမည်ဆို ပါက နှလုံးရောဂါနှင့် သွေးချိုဆီးချို ရောဂါဖြစ်နိုင်ခြေ
ပိုမိုမြင့်မားသည်ကို တွေ့ ရကြောင်း အမေရိကန်ပြည်ထောင်စု အခြေစိုက်
ဝါးရစ်ခ်ဆေးတက္ကသိုလ်မှ သုတေသီ များက သတင်းထုတ်ပြန်သည်။
သက်လတ်ပိုင်းများနှင့် သက်ကြီးရွယ်အိုများ ခန္ဓာကိုယ်တွင်း၌
ဗီတာမင်ဒီဓါတ်ပါဝင်မှု လွန်ကဲနေမည်ဆိုပါက နှလုံးရောဂါနှင့် သွေးချိုဆီးချို
ရောဂါဖြစ်နိုင်ခြေ ပိုမိုမြင့်မားသည်။ ဗီတာမင်ဒီဓါတ်ပါဝင်မှုအနေအထား
ပုံမှန်ရှိသူများထက် ၄၃ ရာနှုန်း ပိုမိုမြင့်မားသည်ကို တွေ့ရကြောင်း။
လူတိုင်းသည် ရက်စတ္တတပါတ်လျှင် မိနစ် ၃၀ နှစ်ကြိမ်နေပူဆာလှုံခြင်း၊
ဗီတာမင် ဒီဓါတ်ကြွယ်ဝသည့် အစားအစာများစားသုံးခြင်းတို့ကြောင့် ခန္ဓာ
ကိုယ်အတွက် လိုအပ်သည့် ဗီတာမင် ဒီဓါတ် ရရှိ နိုင်ပါသည်။ဗီတာမင်ဒီဓါတ်ချို့တဲ့လျှင် ရောဂါဝေဒနာများကို ခုခံကာကွယ်နိုင်စွမ်း
လျှော့နည်းနေမည် ဖြစ်ကြောင်း၊ သို့သော် ပါဝင်မှုလွန်ကဲနေသည့်အတွက်
ရောဂါရနိုင် ခြေ မြင့်မားတတ်သည်ကို သတိပြုစေလိုကြောင်း သုတေသီိ ဒေါက်တာ
ဒေါက်တာဂျိုဟန်နာပါကာယက ပြောကြားသည်။
ိုခန္ဓာကိုယ်အတွက် လိုအပ်သောဗီတာမင် ဒီဓါတ် ၉၀ ရာခိုင်နှုန်းသည်
နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ ခြင်းကြောင့် ရှိနိုင်ကြောင်းလည်း
အဆိုပါ သုသေသီက ထပ်လောင်းပြောကြားသည်။
Maturitas ဆေးပညာဂျာနယ်မှ သုတေသန စစ်တမ်း၌ ခန္ဓာတွင်း ဗီတာမင်ဓါတ်
ပါဝင်မှုရေချိန် မြင့်မားလွန်းသူ များသည် ကိုယ်တွင်း ကလီစာများနှင့် ဆက်စပ်
သော ရောဂါ ဖြစ်နိုင်ခြေ ၃၃ ရာခိုင်နှုန်း ပိုမိုမြင့်မားကြောင်း Reuters
သတင်းဌာနကဖော်ပြသည်။
ဗီတာမင်ဒီဓါတ် ကြွယ်ဝစေသည့် အစားအစာများမှာ ဆော်လမွန်ငါး၊ တူနာငါး၊
ငါးကြီးဆီ၊ နွားနို့ တို့ဖြစ်သည်။
ဗီတာမင် ဒီဓါတ်ချို့တဲ့ပါက အရိုးပျော့ခြင်းဝေဒနာ၊ အူမကြီးကင်ဆာ
ဖြစ်စေနိုင်သည့်အပြင် အသည်းနှင့် ကျောက်ကပ် ကိုလည်း ထိခိုက်စေနိုင်ကြောင်း
ဒေါက်တာ ပါကားက ဆိုသည်။
လန်ဒန် ဖေဖော်ဝါရီ ၁၈
Reuters
ကျန်းမာ ခြင်းသုခနှင့် ပြည့်ဝကြပါစေ။
--ဟစ်တိုင် ၀ိုင်းတော်သားများ



No comments:
Post a Comment