နှလုံးရဲ့ ဘယ်ဘက်အခြမ်းသွေးပြန်ခန်းနဲ
ုတ်ဖို့
ခန္တာကိုယ်ကထုတ်လုပ်တဲ့ ခုခံပဋိပစ္စည်းတွေဟာ မှားယွင်းပြီး
နှလုံးအဆို့ရှင်တွေကို လာရောက်တိုက်ခိုက်ပါတယ်။ ကြာတော့ နှလုံးအဆို့ရှင်မှာ
အမာရွတ်တွေဖြစ်လာပြီး ပုံမှန်အလုပ်မလုပ်နိုင်တော့ ဘဲ
ဖွင့်တဲ့အခါလည်း လုံလောက်အောင် မဖွင့်နိုင်ဘဲ ကျဉ်းသွားရပါတယ်။ ဒါကြောင့်
လူနာမှာ မောတဲ့ဝေဒနာခံစားရတယ်။ ဒါကို နှလုံးအဆို့ရှင် ကျဉ်းတဲ့ရောဂါလို့
ခေါ်ဆိုခြင်းဖြစ်ပါတယ်။
ရူမက်တစ်အဖျားလို့ခေါ်တဲ့ ရောဂါက ၅ နှစ်မှ ၁၅ နှစ်အတွင်း အရွယ်တွေမှာ အဖြစ်များပါတယ်။ အဲဒီအချိန်မှာ အာသီးရောင် တယ်။ အဆစ်အမျက်တွေကိုက်မယ်။ ဖျားလည်းဖျားမယ်။ အဲဒီအချိန်မှာ ထိထိရောက်ရောက် မကုသခဲ့ရင် ရောဂါရဲ့ နောက်ဆက်တွဲ အဖြစ် ခန္တာကိုယ်က ထုတ်လုပ်တဲ့ ခုခံပစ္စည်းတွေက စောစောကပြောခဲ့သလိုပဲ နှလုံးအဆို့ရှင်တွေကို တိုက်ခိုက်တယ်။ ဒီရောဂါက အဆစ်တွေကိုတော့ လျှာနဲ့လျက်ရုံပဲ လျက်သွားတယ်။ နှလုံးကိုကျတော့ ကိုက်ထည့်လိုက်တယ်။ ဒါကြောင့် ရူမက်တစ်အဖျားကို ထိထိ ရောက်ရောက် သေချာစွာမကုခဲ့တဲ့ လူတွေမှာကြာရင် နှလုံးအဆို့ရှင် ကျဉ်းတဲ့ ရောဂါကို ခံစားရနိုင်ပါတယ်။ အငယ်ဆုံး ၁၀ နှစ်၊ ၁၂ နှစ်က နေ၊ အသက် ၄၀ လောက်ကြား အဖြစ်များပါတယ်။ ယောက်ျားနဲ့ မိန်းမ ဖြစ်ပွားနှုန်းအတူတူလောက်ပါပဲ။
လူနာက မောတဲ့ဝေဒနာနဲ့လာမယ်။ ရူမက်တစ်အဖျား ဖျားဖူးတဲ့ရာဇ၀င်လည်း ပေးမယ်ဆိုရင် ဓါတ်မှန်ရိုက်တဲ့အခါ ဘယ်ဘက်နှလုံးတစ်ခြမ်းဟာ ပြောင်းလဲမှုဖြစ်နေတာကို တွေ့ရမယ်။ ECG ရိုက်ကြည့်ရင်လည်း ပြောင်းလဲမှုတွေ တွေ့ရမယ်။ ASO Titre လို့ခေါ်တဲ့ ဓါတ်တစ်မျိုး၊ သွေးစစ်ကြည့်ရင် သွေးထဲမှာများနေတာတွေ့ရမယ်။ နားကြပ်နဲ့ နှလုံးခုန်သံကို နားထောင်ရင်လည်း နှလုံးအဆို့ရှင် ကျဉ်းတဲ့အခါမှာ ကြားရနိုင်တဲ့ အသံမျိုးကို ကြားမယ်။
ကုသမှုအနေနဲ့ကတော့ မခွဲဘဲနဲ့ ကုသတဲ့နည်းလည်းရှိတယ်။ ခွဲစိတ်ကုသတဲ့နည်းရှိပါတယ်။ မခွဲစိတ်ဘဲနဲ့ ချဲ့ပေးတဲ့ နည်းလည်းရှိပါတယ်။ ကျဉ်းနေတဲ့ နှလုံးအဆို့ရှင်ရှိတဲ့အပေါက်ကို
ချဲ့ပေးတဲ့နည်းဖြစ်ပါတယ်။ နှလုံးခုန်တာကို ရပ်ပြီးမှဖြစ်စေ၊ နှလုံးခုန်
လျက်နဲ့ဖြစ်စေ ပြုလုပ်ပေးနိုင်တယ်။ နောက်တစ်နည်းကတော့ နှလုံးအဆို့ရှင်တွေက
လုံးဝပျက်စီးသွားပြီးရင်တော့ 
အဆို့ရှင်အတုနဲ့ လဲပေးနည်းရှိပါတယ်။ အဆို့ရှင်အတုကတော့ သေပြီးတဲ့
အခြားလူတစ်ယောက်ရဲ့ နှလုံးအဆို့ရှင်ကို ခွဲစိတ်ဖြတ်ယူပြီး လဲပေးတာမျိုး
လည်း ရှိပါတယ်။ (ကျွန်တော်တို့နိုင်ငံမှာတော့
မလုပ်နိုင်သေးပါဘူး) သိပ္ပံပညာနဲ့ ဖန်တီးပြုလုပ်ထားတဲ့ နှလုံးအဆို့ရှင်ကို
လဲပေးတာလည်း ရှိပါတယ်။ ဒီနည်းကတော့ ငွေကုန်ကြေးကျတော်တော်များပါတယ်။
နှလုံးအဆို့ရှင် ကျဉ်းတဲ့ ရောဂါဖြစ်နေတယ်ဆိုတာ သိပြီဆိုရင် လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေ လုပ်ရပါမယ်။ အဆို့ရှင်ကျဉ်းတဲ့အတိုင်းအတာပေါ်မူတည်ပြီး ခွဲစိတ်ကုသမှုပြုလုပ်ဖို့လို ရင်
ခွဲစိတ်ကုသရပါမယ်။ အမြန်ဆုံးကုသမှုခံယူရပါမယ်။ စောစောကပြောခဲ့တဲ့
ကုသနည်းတွေ မြန်မာနိုင်ငံမှာ ပြုလုပ်ပေးနေပါတယ်။ ကျွန်တော်တို့ဌာနမှာ
နှလုံးအဆို့ရှင်ကျဉ်းတာရော၊ ခွဲစိတ် ကုသမှုရော စုစုပေါင်း ၉၀၀၀ နီးပါးရှိသွားပါပြီ။ ကုန်ကျစရိတ်အနည်းဆုံးဖြစ်တဲ့  အဆို့ရှင်ကို ချဲ့ပေးတဲ့နည်းနဲ့လည်း ကုသပေးနေပါတယ်။ အဆို့ရှင်အတုသုံးမယ်ဆိုရင်ေ တာ့
ဆေးကုမ္ပဏီတွေက တင်သွင်းထားကြပြီမို့ ပြည်တွင်းမှာပဲ ၀ယ်လို့ရပါတယ်။
နှလုံးအဆို့ရှင် အတုအမျိုး မျိုးကွဲပြားပေမယ့် အမေရိကန်ဒေါ်လာ ၁၀၀၀
ပတ်ဝန်းကျင်မှာပဲ ရှိပါတယ်။
အကောင်းဆုံးကတော့ နှလုံးအဆို့ရှင်ကျဉ်းရောဂါမ ဖြစ်အောင် ကာကွယ်ခြင်းပါပဲ။ ရူမက်တစ်အဖျားလို့ခေါ်တဲ့ ရောဂါ ဖြစ်လာရင် ထိထိရောက်ကုသမှုခံယူဖို့လို ပါတယ်။ ရောဂါဖြစ်သွားပြီဆိုရင်လည်း အစောဆုံးနဲ့ အမြန်ဆုံးခွဲစိတ်ကုသမှုခံယူလိုပါတယ်။ မကုသခဲ့ရင် အချိန်မရွေး လေဖြတ်သွားနိုင်ပါတယ်။ ခွဲနေရင်းတောင်မှာ လေဖြတ်သွားနိုင်ပါတယ်။
Health
ရူမက်တစ်အဖျားလို့ခေါ်တဲ့ ရောဂါက ၅ နှစ်မှ ၁၅ နှစ်အတွင်း အရွယ်တွေမှာ အဖြစ်များပါတယ်။ အဲဒီအချိန်မှာ အာသီးရောင် တယ်။ အဆစ်အမျက်တွေကိုက်မယ်။ ဖျားလည်းဖျားမယ်။ အဲဒီအချိန်မှာ ထိထိရောက်ရောက် မကုသခဲ့ရင် ရောဂါရဲ့ နောက်ဆက်တွဲ အဖြစ် ခန္တာကိုယ်က ထုတ်လုပ်တဲ့ ခုခံပစ္စည်းတွေက စောစောကပြောခဲ့သလိုပဲ နှလုံးအဆို့ရှင်တွေကို တိုက်ခိုက်တယ်။ ဒီရောဂါက အဆစ်တွေကိုတော့ လျှာနဲ့လျက်ရုံပဲ လျက်သွားတယ်။ နှလုံးကိုကျတော့ ကိုက်ထည့်လိုက်တယ်။ ဒါကြောင့် ရူမက်တစ်အဖျားကို ထိထိ ရောက်ရောက် သေချာစွာမကုခဲ့တဲ့ လူတွေမှာကြာရင် နှလုံးအဆို့ရှင် ကျဉ်းတဲ့ ရောဂါကို ခံစားရနိုင်ပါတယ်။ အငယ်ဆုံး ၁၀ နှစ်၊ ၁၂ နှစ်က နေ၊ အသက် ၄၀ လောက်ကြား အဖြစ်များပါတယ်။ ယောက်ျားနဲ့ မိန်းမ ဖြစ်ပွားနှုန်းအတူတူလောက်ပါပ
လူနာက မောတဲ့ဝေဒနာနဲ့လာမယ်။ ရူမက်တစ်အဖျား ဖျားဖူးတဲ့ရာဇ၀င်လည်း ပေးမယ်ဆိုရင် ဓါတ်မှန်ရိုက်တဲ့အခါ ဘယ်ဘက်နှလုံးတစ်ခြမ်းဟာ ပြောင်းလဲမှုဖြစ်နေတာကို တွေ့ရမယ်။ ECG ရိုက်ကြည့်ရင်လည်း ပြောင်းလဲမှုတွေ တွေ့ရမယ်။ ASO Titre လို့ခေါ်တဲ့ ဓါတ်တစ်မျိုး၊ သွေးစစ်ကြည့်ရင် သွေးထဲမှာများနေတာတွေ့ရမယ်။
ကုသမှုအနေနဲ့ကတော့ မခွဲဘဲနဲ့ ကုသတဲ့နည်းလည်းရှိတယ်။ ခွဲစိတ်ကုသတဲ့နည်းရှိပါတယ်။
နှလုံးအဆို့ရှင် ကျဉ်းတဲ့ ရောဂါဖြစ်နေတယ်ဆိုတာ သိပြီဆိုရင် လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေ လုပ်ရပါမယ်။ အဆို့ရှင်ကျဉ်းတဲ့အတိုင်းအတ
အကောင်းဆုံးကတော့ နှလုံးအဆို့ရှင်ကျဉ်းရောဂါမ
Health

TOTO: Titanium Athletics Training - Home
ReplyDeleteTOTO: titanium eyeglass frames Titanium Athletics Training titanium or ceramic flat iron - Home TOTO: Titanium titanium screws Athletics Training. titanium water bottle Home · TOTO: columbia titanium jacket Titanium Athletics Training In stock