>>>>>>> ကျွန်ုပ် တို့ ၏ ယုံကြည်ကိုးကွယ်ရာ ဖြစ်တော်မူသော အလုံးစုံသောတရားအပေါင်းကို ကိုယ်တော်တိုင်ကျင့်၍အကြွင်းမကျန်အကုန်သိမြင်တော်မူသော ဗုဒ္ဓမြတ်စွာဘုရား..။ <<<<<<
Sunday, October 7, 2012
ဗီတာမင်အေ ချို့ တဲ့မှု နှင့် ကင်ဆာဆဲလ် ဆက်စပ်မှု ရှိ
ဗီတာမင်အေ ချို့တဲ့မှုနှင့် ကင်ဆာဆဲလ် ဆက်စပ်မှုရှိ
ဗီတာမင်အေကို ဆီးကျိတ်ကင်ဆာမှ ကာကွယ်နိုင်အောင် အသုံးပြုနိုင်ကြောင်း နယူးယောက် တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ သုတေသန ပြုလုပ်ချက်အရ ကင်ဆာဆဲလ်တွေကို ရက်တီနိုအက်စစ်ဆိုတဲ့ ဗီတာမင်အေမှ ထိန်းချုပ်ထားကြောင်း တွေ့ရှိခဲ့ပါတယ်။ အစားအစာမှ ရရှိတဲ့ ဗီတာမင်အေက ကင်ဆာအတွက် ကုသမှု ပေးနိုင်လိမ့်မယ်လို့ သုတေသီတွေက ယုံကြည်ကြပါတယ်။ လေ့လာမှုကို ဆီး
ကျိတ်ကင်ဆာတွေ အပေါ်မှာသာ ပြုလုပ်ခဲ့ပေမယ့် တခြားကင်ဆာ အမျိုးအစားတွေမှာလည်း အသုံးပြုနိုင်မယ်လို့ သိပ္ပံပညာရှင်တွေက ထင်မှတ်ကြပါတယ်။ ဗီတာမင်အေဟာ ဆီးကျိတ် ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်နိုင်ရုံမျှမက ပြန့်ပွားစ ပြုနေတဲ့ ကင်ဆာတွေကိုလည်း ကုသနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဗီတာမင်အေကို အားဖြည့်ဆေးအဖြစ် မှီဝဲရင် ဆေးဝါးပမာဏ များလွန်းပါက အဆိပ်ဖြစ်နိုင်တတ်တာမို့ အဆီများတဲ့ ငါး၊ မုန်လာဥနီ၊ သင်္ဘောသီး၊ အသည်း၊ လိမ္မော်ဝါရောင်နဲ့ အစိမ်းရင့်ရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေကို ဗီတာမင်အေ များများရရှိအောင် နေ့စဉ် စားသုံးပေးပါ။
By Good Health
Subscribe to:
Post Comments (Atom)

No comments:
Post a Comment