>>>>>>> ကျွန်ုပ် တို့ ၏ ယုံကြည်ကိုးကွယ်ရာ ဖြစ်တော်မူသော အလုံးစုံသောတရားအပေါင်းကို ကိုယ်တော်တိုင်ကျင့်၍အကြွင်းမကျန်အကုန်သိမြင်တော်မူသော ဗုဒ္ဓမြတ်စွာဘုရား..။ <<<<<<

Sunday, October 7, 2012

ဆေးလိပ်နှင့် အရက်သေစာသောက်သုံးခြင်းများကြောင့် ခံတွင်းကင်ဆာဖြစ်ပွားနိုင် …….

ဆေးလိပ်နှင့် အရက်သေစာသောက်သုံးခြင်းများကြောင့် ခံတွင်းကင်ဆာဖြစ်ပွားနိုင် ……. ဆေးပညာရှင် သုတေသီများက ဆေးလိပ်သောက်ခြင်နှင့် အရက်သေစာ သောက်သုံးခြင်းများကြောင့် ခံတွင်းကင်ဆာဖြစ်ပွားမှုနှုန်း များနိုင်ကြောင်းနှင့် သွားဆရာဝန်များ အနေဖြင့် လူနာများကို သတိပေးရန်လည်း တိုက်တွန်းခဲ့သည်ဟု သိရှိရသည် ။ ဗြိတိန်နိုင်ငံ ကင်ဆာသုတေသန တက္ကသိုလ်မှ သုတေသီများ၏ လေ့လာတွေ့ ရှိချက်အရ ခံတွင်းကင်ဆာသည် နှုတ်ခမ်း ၊ လျှာ ၊ ပါးဆောင်း ၊ သွားဖုံး နှင့် လျှာအောက်ပိုင်းတို့ တွင် ဖြစ်ပွားစေပြီး များသောအားဖြင့် ဆေးလိပ်နှင့် အရက်သောက်သုံးမှုများသောကြောင့် ဖြစ်သည် ။ ထိုပြင် ခံတွင်း၌ မသန့် ရှင်းဘဲ Human Papilloma Virus ( HPV ) ဗိုင်းရပ်စ်ကြောင့်လည်း ခံတွင်းကင်ဆာဖြစ်စေနိုင်သည် ။ လာမည့် နှစ် ၂၀ အတွင်း ခံတွင်း ကင်ဆာကြောင့် သေဆုံးသူ ၂၂ ရာခိုင်နှုန်းအထိ တိုးလာနိုင်သောကြောင့် သုတေသီများက သတိပေးထားကြောင်းသိရသည် ။ News — with Min Thu Rein.

No comments:

Post a Comment